ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း အမှတ်(၁)အထည်စက်ရုံ (ရွှေတောင်) ကြည့်ရှုစစ်ဆေး
ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း အမှတ်(၁)အထည်စက်ရုံ (ရွှေတောင်) ကြည့်ရှုစစ်ဆေး
Ministry of Information/ Naypyitaw / May 06, 2024
နေပြည်တော် မေ ၅
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယမန်နေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ရွှေတောင်မြို့ရှိ အမှတ်(၁)အထည်စက်ရုံ(ရွှေတောင်) သို့ရောက်ရှိပြီး ချည်များအထည်ရက်လုပ်ခြင်းနှင့် ဆေးဆိုးပန်းရိုက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု လုပ်ငန်းစဉ်အဆင့်ဆင့်၊ ရိုးရာရက်ကန်းစင်ဖြင့် အထည်များရက်လုပ်နေမှု၊ ဝါကြိတ်စက်များနှင့် ကုန်ချော၊ ကုန်ကြမ်းသိုလှောင်ရုံတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စက်ရုံအစည်းအဝေးခန်းမ၌ ဝန်ထမ်းများနှင့် တွေ့ဆုံပြီး စက်ရုံရှိဝါကြိတ်စက်များ၊ ချည်ထုတ်လုပ်သည့် စက်များ၊ အထည်ရက်လုပ်ခြင်း၊ ဆေးဆိုးပန်းရိုက်ခြင်း စသည့်လုပ်ငန်းများကို စွမ်းအားပြည့်လည်ပတ်ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်ရန်၊ ဝါဂွမ်းမှအထည်အလိပ်ဖြစ်သည်အထိ ဆောင်ရွက်ရသည့် ထုတ်လုပ်မှုကွင်းဆက်တစ်လျှောက်တွင် ပါဝင်ဆောင်ရွက်နေသူများ အလုပ်အကိုင်အခွင့်အလမ်းရရှိ၍ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သဖြင့် အလေးထားစီမံဆောင်ရွက်ရန်၊ ပြည်တွင်းမှ ထွက်ရှိသည့်ဝါများကို ပြည်ပသို့ တိုက်ရိုက်တင်ပို့ခြင်းထက် ဝါကြိတ်စက်များဖြင့် ကြိတ်ခွဲပြီးဝါဂွမ်းမှ ချည်မျှင်များထုတ်လုပ်တင်ပို့လျှင် ပိုမိုအကျိုးအမြတ်ရရှိမည်ဖြစ်၍ ကြိုးစားဆောင်ရွက်ရန်နှင့် ထုတ်ကုန်အရည်အသွေးကောင်းမွန်ရန်အတွက် ထုတ်လုပ်မှုလုပ်ငန်းစဉ်တစ်လျှောက်တွင် စစ်ဆေးရမည့်နေရာများသတ်မှတ်၍ စစ်ဆေးဆောင်ရွက်ရန်၊ စက်စွမ်းအားပြည့် လည်ပတ်နိုင်ရေးအတွက်လိုအပ်သော စက်အရန်ပစ္စည်းများနှင့် ကုန်ကြမ်းများကို အချိန်မီရရှိအောင် စီမံဆောင်ရွက်ပေးရန်၊ ဝန်ထမ်းတစ်ဦးချင်းစီ၏ ကျွမ်းကျင်မှုများကို အကျိုးရှိထိရောက်စွာ အသုံးပြုနိုင်ရေးစီမံဆောင်ရွက်ရန်၊ အမှတ်(၁)အထည်စက်ရုံ (ရွှေတောင်)သည် ကောင်းမွန်သည့် အစဉ်အလာများရှိပြီးဖြစ်၍ စက်ရုံတိုးတက်အောင်မြင်စေရေးအတွက် တွေ့ကြုံရမည့် စိန်ခေါ်မှုများကို စုပေါင်းအားဖြင့် ဝိုင်းဝန်းဖြေရှင်းဆောင်ရွက်ရန်မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များကို ညှိနှိုင်းပေါင်းစပ် ဖြေရှင်းဆောင်ရွက်ပေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် တောင်တွင်းကြီးမြို့ရှိ ဝါကြိတ်စက်ရုံ (တောင်တွင်းကြီး)သို့ ရောက်ရှိပြီးစက်များ စမ်းသပ်လည်ပတ်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ယခုနှစ်ဝါရာသီတွင် အပြည့်အဝကြိတ်ခွဲနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန်၊ လိုအပ်မည့် စက်အရန်ပစ္စည်းများကို ဝယ်ယူဖြည့်ဆည်းထားရန်နှင့် ဝါကြိတ်စက်များကို တစ်ပတ်လျှင်တစ်ကြိမ် ဝန်မဲ့စမ်းသပ်လည်ပတ်ရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
Newspaper - 2758 items
၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက်၊ မေ ၁၉ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ May 19, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက်၊ မေ ၁၈ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 18, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက်၊ မေ ၁၇ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 17, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက်၊ မေ ၁၆ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 16, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက်၊ မေ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 15, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက်၊ မေ ၁၄ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ May 14, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက်၊ မေ ၁၃ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ May 13, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက်၊ မေ ၁၂ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ May 12, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၃ ရက် ၊ မေ ၁၀ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 10, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၂ ရက် ၊ မေ ၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 09, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download