မြင်းခြံမြို့နယ်၊ ဆုံရွာကျေးရွာအတွင်းသို့ PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ကြီးများဖြင့် အကြောင်းမဲ့ပစ်ခတ်ခဲ့သဖြင့် ကျေးရွာနေဒေသခံပြည်သူ ၃၂ ဦး သေဆုံးကာ ၁၄ ဦး ဗုံးစထိမှန်ဒဏ်ရာများရရှိ


Ministry of Information/ Naypyitaw / May 09, 2024
image_latest


နေပြည်တော် မေ ၉

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ဆီမီးခုံကျေးရွာ၏အရှေ့ဘက်ရှိ ဆုံရွာကျေးရွာအား ယနေ့နံနက်ပိုင်းတွင် PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ကြီး/လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်ခဲ့မှုကြောင့် ကျေးရွာနေဒေသခံပြည်သူ အမျိုးသား ၁၇ ဦး၊ အမျိုးသမီး ၁၅ ဦး၊ စုစုပေါင်း ၃၂ ဦးသေဆုံးခဲ့ပြီး အမျိုးသား ၅ ဦး၊ အမျိုးသမီး ၉ ဦး၊ စုစုပေါင်း ၁၄ ဦး ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိသည်။

PDF အမည်ခံ အကြမ်းဖက်သမားများသည် လုံခြုံရေးတပ်ဖွဲ့ဝင်များ အလွယ်တကူ စစ်ကူ/ပစ်ကူ ရောက်ရန် ကန့်သတ်ချက်ရှိသည့် အစွန်းအဖျား၊ ကျေးရွာ/ရပ်ကွက် အုပ်စုများသို့ အကြောက်တရား ဖြစ်ပေါ်စေရေး လက်နက်ကြီးများဖြင့် အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခြင်း၊ နေအိမ်၊ စာသင်ကျောင်းနှင့် ဘာသာရေး အဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိရာ မြင်းခြံမြို့နယ်၊ ဆီမီးခုံကျေးရွာ၏ အရှေ့ဘက် မီတာ ၄၀၀၀ ခန့်အကွာရှိ ဆုံရွာကျေးရွာ ပြည်သူ့စစ်စခန်းအား ယနေ့နံနက်ပိုင်းတွင် ကျေးရွာ၏တောင်ဘက်နှင့် အရှေ့တောင်ဘက်မှနေ၍ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ကျေးရွာရှိ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သမားများသည် ကျေးရွာပြည်သူ့စစ်စခန်းအား သိမ်းပိုက်နိုင်ခြင်းမရှိဘဲ အရှေ့ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး ဆုတ်ခွာစဉ် နီးစပ်ရာနေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အကြမ်းဖက်သမားများက ကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် နေအိမ်များပေါ်သို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့ပြီး ကျေးရွာအတွင်း အေးချမ်းစွာ နေထိုင်လျက်ရှိသည့် ဒေသခံပြည်သူ အမျိုးသား ၁၇ ဦး၊ အမျိုးသမီး ၁၅ ဦး၊ စုစုပေါင်း ၃၂ ဦး သေဆုံးခဲ့ကာ အမျိုးသား ၅ ဦး၊ အမျိုးသမီး ၉ ဦး၊ စုစုပေါင်း ၁၄ ဦး ဗုံးစထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိသည်။

ထို့အပြင် အကြမ်းဖက်သမားများ၏ မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် ကျေးရွာအတွင်းရှိ နေအိမ် ၅၀ လုံးခန့် မီးလောင်ပျက်စီးခဲ့သဖြင့် ကျေးရွာနှင့်အနီးဆုံး လုံခြုံရေးတပ်ဖွဲ့ဝင်များကသွားရောက်၍ လိုအပ်သည့် မီးငြှိမ်းသတ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးကာ ထိခိုက်ဒဏ်ရာရရှိသူများအား မန္တလေးမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံသို့ပို့ဆောင်၍ ဆေးဝါးကုသမှုများ ခံယူစေလျက်ရှိကြောင်းနှင့် ဆုတ်ခွာထွက်ပြေးသွားခဲ့သည့် အကြမ်းဖက်သမားများအား လိုက်လံချေမှုန်းကာ လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Newspaper - 2759 items

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက်၊ မေ ၂၀ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 20, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက်၊ မေ ၁၉ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 19, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက်၊ မေ ၁၈ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 18, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက်၊ မေ ၁၇ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 17, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက်၊ မေ ၁၆ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 16, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက်၊ မေ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 15, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက်၊ မေ ၁၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 14, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက်၊ မေ ၁၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 13, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက်၊ မေ ၁၂ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 12, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၃ ရက် ၊ မေ ၁၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 10, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download