ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် အမှတ် (၅) ရပ်ကွက်အတွင်း ဧပြီလ ၁၇ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ဖြစ်ပွားခဲ့သည့် မီးလောင်ကျွမ်းမှုနှင့်ပတ်သက်၍ အကြမ်းဖက် AA အဖွဲ့က တပ်မတော်က လုပ်ဆောင်ခဲ့ကြောင်းနှင့် ဘူးသီးတောင်မြို့နယ်နေ မွတ်စလင်များက လုပ်ဆောင်ခဲ့ကြောင်း စွပ်စွဲချက်ထွက်ပေါ်မှုများ၊ အိန္ဒိယမီဒီယာတစ်ခုမှ စွပ်စွဲရေးသားဖော်ပြမှုများ၊ AA အကြမ်းဖက်အဖွဲ့ခေါင်းဆောင် ထွန်းမြတ်နိုင်ရဲ့ လူမှုကွန်ရက်တွင် မြန်မာနိုင်ငံတွင် ဟိန္ဒူဘာသာဝင် ၁၆၀၀ နှင့် ဗုဒ္ဓဘာသာဝင် ၁၂၀ အား အစ္စလာမ္မစ်အကြမ်းဖက်အဖွဲ့က ဖမ်းဆီးထားကြောင


Ministry of Information/ Naypyitaw / April 19, 2024
image_latest


ဒီကနေ့မှာတော့ ကျွန်တော်တို့ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် အမှတ် (၅) ရပ်ကွက်မှာ ဧပြီလ ၁၇ ရက်နေ့ မနက် ၁၁ နာရီလောက်မှာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တယ်။ မီးလောင်ကျွမ်းမှုနဲ့ ပတ်သက်ပြီးတော့ အကြမ်းဖက် AA အဖွဲ့အနေနဲ့လည်း AA အဖွဲ့က တပ်မတော်က လုပ်ဆောင်တယ်။ တချို့ဘူးသီးတောင်မှာနေတဲ့ မွတ်စလင်တွေက လုပ်ဆောင်ခဲ့တယ်ဆိုပြီးတော့ စွပ်စွဲချက်များထွက်ပေါ်နေတာကိုလည်း ကျွန်တော်တို့ တွေ့ရပါတယ်။ ဒါ့အပြင် အိန္ဒိယရဲ့မီဒီယာတစ်ခုဖြစ်တဲ့ The Indian Express ဆိုတဲ့ သတင်းဌာနကလည်း ဒါနဲ့ပတ်သက်ပြီး ရေးသားနေတာလည်း တွေ့ရပါတယ်။ ဒါ့အပြင် အကြမ်းဖက် AA ခေါင်းဆောင် ထွန်းမြတ်နိုင်ကလည်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ မြန်မာနိုင်ငံတွင် ဟိန္ဒူဘာသာဝင် ၁၆၀၀ နဲ့ ဗုဒ္ဓဘာသာဝင် ၁၂၀ ကို အစ္စလာမ္မစ်အကြမ်းဖက်အဖွဲ့တွေက ဖမ်းဆီးထားတယ်ဆိုပြီးတော့ ရေးသားထားတာကို တွေ့ရပါတယ်။ ဒီရေးသားချက်များ၊ ဖော်ပြချက်များသည် ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသမှာ လူမျိုးရေးပဋိပက္ခဖြစ်ပွားအောင်၊ တပ်မတော်နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို အထင်အမြင်လွဲအောင် တမင်သက်သက် ယုတ်မာတဲ့လုပ်ကြံ ဖန်တီးရေးသားမှုများသာဖြစ်တယ်ဆိုတာကို ကျွန်တော်ပြောချင်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဖော်ပြခဲ့တဲ့ မီဒီယာကိုလည်း ကျွန်တော်တို့အနေနဲ့ အပြင်းအထန်ရှုတ်ချပါတယ်။ ကန့်ကွက်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ပြောရမယ်ဆိုလို့ရှိရင် ပထမဦးဆုံး ကျွန်တော်တို့ ဘူးသီးတောင်၊ ရပ်ကွက်ကြီး ၅ ပေါ့။ အမှတ် (၅) ရပ်ကွက်ဆိုတဲ့ဟာကို အကြောင်းကို ကျွန်တော်ပြောပြချင်ပါတယ်။ အမှတ် (၅) ရပ်ကွက်ဆိုတာ ‌မောင်တောဘက်ကနေဝင်ရင် ကျွန်တော်တို့ ဒီကားလမ်းရဲ့ တောင်ဘက်ခြမ်းမှာရှိတဲ့ ရပ်ကွက်ပဲဖြစ်တယ်။ သူ့ရဲ့အဝင်ဝမှာ ကျွန်တော်တို့ WFP ရဲ့ ဂိုဒေါင်တွေ၊ ယခင်တုန်းက ကျွန်တော်တို့ ဒုက္ခသည်တွေကူညီဖို့အတွက် ဆန်တို့ ဂျုံတို့ထားတဲ့ ဂိုဒေါင်တွေရှိတဲ့နေရာ ဖြစ်ပါတယ်။ ဘူးသီးတောင်မြို့ပေါ်မှာ AA ကနေစတင်တိုက်ခိုက်ခဲ့ကတည်းကတိုင် အမှတ် (၅) ရပ်ကွက်မှာ လူနေတာတော်တော်နည်းပါတယ်။ ဒီအမှတ် (၅) ရပ်ကွက်က လူတွေသည် ဘူးသီးတောင်မြို့ရဲ့ အနောက်တောင်ဘက်ပေါ့။ ဘူးသီးတောင်မြို့ကို ရေပေးနေတဲ့ ကန်တော်ကြီး အဟောင်းအသစ်ရှိတဲ့ နေရာတစ်ဝိုက်ကဖြစ်တယ်။ သူတို့သည် အများအားဖြင့်ကတော့ မြို့ထဲမှာ ရွှေ့ပြောင်းနေထိုင်တာဖြစ်တယ်။ အဲဒီမှာတော့ ကျွန်တော်တို့ အဲဒီရပ်ကွက်မှာ ဟိန္ဒူတွေရော၊ မွတ်စလင်တွေရော၊ ရခိုင်တိုင်းရင်းသားတွေရော နေထိုင်တဲ့ရပ်ကွက်ဖြစ်ပါတယ်။ ဒီဘူးသီးတောင်၊ မောင်တောဒေသပေါ့နော်။ ဘူးသီးတောင်၊ မောင်တောဒေသမှာ ဘူးသီးတောင်မြို့ရဲ့ ထူးခြားချက်ကို အရင်ပြောချင်တယ်။ ဘူးသီးတောင်မောင်တောဒေသမှာ လူမျိုးရေးပဋိပက္ခတွေဖြစ်ပွားတိုင်း ဖြစ်ပွားတိုင်းမှာ ဘူးသီးတောင်မြို့သည် အများအားဖြင့်တော့ လူမျိုးရေးပဋိပက္ခနဲ့ပတ်သက်ပြီး ထိန်းထိန်းသိမ်းသိမ်းလုပ်နိုင်တဲ့မြို့ဖြစ်ပါတယ်။ ဘာကြောင့် ထိန်းထိန်းသိမ်းသိမ်းလုပ်နိုင်လည်းဆိုတော့ အဲဒီမှာရှိတဲ့မွတ်စလင်အဖွဲ့အစည်းတွေ၊ ရခိုင်အဖွဲ့အစည်းတွေ၊ တပ်နဲ့မြန်မာနိုင်ငံရဲတပ်ဖွဲ့စတဲ့ လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းတွေ၊ အစိုးရဝန်ထမ်းတွေက အမြဲတမ်း ညှိညှိနှိုင်းနှိုင်းတိုင်တိုင်ပင်ပင်လုပ်ခဲ့တဲ့အတွက် ဘူးသီးတောင်မြို့ပေါ်မှာ မွတ်စလင်အများစု နေထိုင်တယ်ဆိုပေမယ့် ပဋိပက္ခအနည်းငယ်ရှိကောင်းရှိမယ်။ ကြီးကြီးမားမားဖြစ်တဲ့ ဖြစ်ရိုးဖြစ်စဉ်မရှိခဲ့ဘူး။ ဒီအချိန်ကျမှ AA အနေနဲ့ ဒါကို လူမျိုးရေးပဋိပက္ခအသွင်ဆောင်အောင် လုပ်ဆောင်နေခြင်းသာဖြစ်ပါတယ်။ ပထမဦးဆုံးပြောချင်တာက ရခိုင်ပြည်နယ်မှာဖြစ်ခဲ့တဲ့ လူမျိုးရေးပဋိပက္ခတွေနဲ့ပတ်သက်ပြီး အစောဆုံးမှတ်တမ်းတင်နိုင်တာက ၁၉၄၂ ခုနှစ်မှာ ဖြစ်ပွားခဲ့တယ်ဆိုတာ မှတ်တမ်းတင်နိုင်ခဲ့တယ်။ ဒုတိယကမ္ဘာစစ်အပြီးမှာ အင်္ဂလိပ်တွေက ရခိုင်ကနေဆုတ်ခွာတယ်။ စစ်ပွဲလက်ကျန်လက်နက်ခဲယမ်းတွေ ရခိုင်ပြည်နယ်မှာပျံ့နှံ့နေခဲ့တယ်။ အဲဒီကြားထဲမှာပဲ ရခိုင်အဖွဲ့က ဦးပညာသီဟနဲ့ ဦးလှကျော်တို့က အင်္ဂလိပ်စစ်တပ်ကနေ လက်နက်ခဲယမ်းတွေခိုးထုတ်ပြီး ရခိုင်တွေ လက်ထဲကို လက်နက်တွေဖြန့်ဝေခဲ့တာတွေရှိတယ်။ အဲဒီလက်နက်တွေနဲ့ပဲ တချို့စစ်ပြေးဒုက္ခသည်တွေကို လုယက်တာတွေရှိခဲ့တယ်။ မွတ်စလင်ရွာတွေကို တိုက်ခိုက်ခဲ့တာတွေရှိခဲ့တယ်။ အဲဒါကြောင့်လည်း မြေပုံမြို့၊ ရက်ချောင်းရွာပေါ့။ အဲဒီတုန်းက ရက်ချောင်းရွာက မွတ်စလင်တွေအများစုနေရာ ဖြစ်တယ်လို့သိရပါတယ်။ ရက်ချောင်းရွာကို သူကြီးလုပ်နေတာက ရခိုင်လူမျိုးကလုပ်နေတာ ဖြစ်ပါတယ်။ အဲဒီမှာ သူကြီးသားအဖကို အသတ်ခံရတဲ့အတွက် ရက်ချောင်းရွာကို မီးရှို့ခဲ့တာရှိတယ်။ အဲဒီကနေစတင်ပြီး ဖြစ်ပွားခဲ့တာရှိတယ်လို့ သိရပါတယ်။ နောက်ပိုင်းမှာတော့ ၁၉၈၈ မောင်တောပဋိပက္ခဖြစ်ပွားခဲ့တာရှိခဲ့တယ်။ ၂၀၁၂ ခုနှစ်၊ မေလ ၂၈ ရက်နေ့မှာ ကျောက်နီမော်ကိစ္စ၊ မသီတာထွေးကိစ္စတွေ ဖြစ်ပွားခဲ့တာရှိခဲ့တယ်။ ကျန်တဲ့ပဋိပက္ခတွေလည်း ဖြစ်ပွားခဲ့တာတွေလည်းရှိခဲ့တယ်။ အဲဒီမှာ ကျွန်တော်တို့ပြည်သူလူထု ရှင်းရှင်းလင်းလင်းသိဖို့က ရခိုင်ပြည်နယ်မှာဖြစ်ခဲ့တဲ့ လူမျိုးရေးပဋိပက္ခတွေကို တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အစိုးရဝန်ထမ်းပိုင်းဆိုင်ရာအဖွဲ့အစည်းတွေက ဘယ်တုန်းကမှ စတင်ခဲ့တာမရှိဘူး။ လူမျိုးစုဘက်တစ်ဖက်ဖက်ကသာ စတင်ခဲ့တာရှိတယ်။ အဲဒီစတင်ခဲ့တဲ့ ပဋိပက္ခတွေကို တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လုံခြုံရေးအဖွဲ့အစည်းတွေနဲ့ အစိုးရဝန်ထမ်းတွေနဲ့ ပြန်လည်ထိန်းသိမ်းရတာဖြစ်တယ်။ ရခိုင်ပြည်နယ်မှာ လူမျိုးရေးပဋိပက္ခဖြစ်ရင် ဘယ်လောက်အထိ ထိန်းသိမ်းရခက်ခဲတယ်ဆိုတာ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လုံခြုံရေးအဖွဲ့တွေနဲ့ အစိုးရဝန်ထမ်းပိုင်းအားလုံးသိတယ်။

ဒါကြောင့်မလို့ ကျွန်တော်တို့အနေနဲ့ လူမျိုးရေးပဋိပက္ခ ဘယ်တုန်းကမှလည်း မဖန်တီးခဲ့ဘူး။ ပဋိပက္ခဖြစ်လာရင်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေ၊ အစိုးရဝန်ထမ်းပိုင်းဆိုင်ရာတွေသည် ခေါင်းခံရတယ်၊ တာဝန်ခံရတယ်ဆိုတာသိပြီးဖြစ်တယ်။ ဘယ်လောက်ခက်ခဲတယ်ဆိုတာသိပြီး ဖြစ်တဲ့အတွက်ကြောင့်မလို့ ဘယ်တုန်းကမှ လုပ်ဆောင်ခဲ့တာမရှိပါဘူး။ ပဋိပက္ခတွေဖြစ်ပွားလို့ ထိန်းသိမ်းလုပ်ဆောင်တဲ့နေရာမှာတော့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ၊ အစိုးရဝန်ထမ်းတွေကို ဘယ်ဘက်ကလိုက်တယ်၊ ညာဘက်ကလိုက်တယ် ဒီလိုမျိုးစွပ်စွဲချက်တွေ ရှိကောင်းရှိတယ်။ ဘယ်တုန်းကမှလည်းမစတင်ခဲ့ဘူး။ နောင်မှာလည်း စတင်မှာမဟုတ်ဘူးဆိုတာကို ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသားပြောချင်တယ်။ နောက်တစ်ခုကတော့ ကျွန်တော်ပြောခဲ့တဲ့ ဘူးသီးတောင်ဒေသရဲ့ထူးခြားချက် ကျွန်တော်ပြောခဲ့ပြီးပါပြီ။ ပဋိပက္ခကြီးကြီးမားမား မဖြစ်ပွားခဲ့ပါဘူး။ ဒီ AA ဝင်လာမှသာ လူမျိုးရေးနဲ့ပတ်သက်ပြီး လှုံ့ဆော်နေတာဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ရခိုင်ပြည်နယ်တစ်ပြည်နယ်လုံးမှာ ဖြစ်ပွားနေတဲ့အခြေအနေတွေကို ပြောနေရင် အများကြီးရှည်သွားမယ်။ ဒါကြောင့်မလို့ ဘူးသီးတောင်ဒေသမှာ ယခုအနီးကပ်ဆုံးဖြစ်ခဲ့တဲ့ အခြေအနေတွေကိုပဲ ကျွန်တော်ပြောပါမယ်။ ၂၀၂၃ ခုနှစ် ၁၂ လပိုင်းမှာ ဘူးသီးတောင် နန်းရားကုန်းကျေးရွာအုပ်စုမှာ AA က ဘူးသီးတောင်မြို့ပတ်ဝန်းကျင်မှာရှိတဲ့ မွတ်စလင်ရွာတွေကို ရွာတစ်ရွာမှာ သုံးယောက်မလာမနေရဆိုပြီး အစည်းအဝေးခေါ်တယ်။ အစည်းအဝေးခေါ်ပြီးတော့ မွတ်စလင်တွေကို သူတို့နဲ့ပူးပေါင်းဖို့ စတင်ပြောခဲ့တယ်။ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့မှာပဲ ဘူးသီးတောင် ရပ်ကွက် (၄) မှာနေတဲ့ အာရ်မာန်ဆိုတဲ့ မွတ်စလင်ကို ဆိုင်ကယ်နှစ်စီးနဲ့ AA က ဖမ်းဆီးသွားတယ်။ အဓိကကတော့ တပ်မတော်နဲ့ပူးပေါင်းတယ်ဆိုပြီး ဖမ်းဆီးသွားတာဖြစ်တယ်။ ဒီနေ့အထိ ပြန်လွတ်လာခြင်းမရှိဘူး။ အဲဒီလိုဖမ်းဆီးတဲ့အပြင် ဖမ်းဆီးပြီးနောက်ပိုင်းမှာလည်း ပူးပေါင်းရင် သူတို့လို ဖမ်းဆီးခံရမယ်ဆိုပြီး ခြိမ်းခြောက်တာမျိုးရှိခဲ့တယ်။ နောက်တစ်နေ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့မှာ ဘူးသီးတောင် ကျောက်ဖြူသားသေကံ‌ကျေးရွာအုပ်စုမှာ မနက် ၁၀ နာရီမှာ AA က နိုင်ငံရေးမှူးတို့၊ စစ်ဒေသမှူးတို့အမည်ခံထားတဲ့သူ ၂၀ လောက်က မွတ်စလင်ကျေးရွာတွေအားလုံးကို အစည်းအဝေးခေါ်တယ်။ ခေါ်ပြီး မွတ်စလင်ကျေးရွာများကို ကျေးရွာတစ်ရွာမှာ လူ ၁၀ ယောက်ဆီသူတို့ AA နဲ့ပူးပေါင်းဖို့၊ ဆောင်ရွက်ပေးဖို့ ပြောတယ်။ AA ကို ထည့်ပေးဖို့ပြောတယ်။ မပေးနိုင်ဘူးဆိုရင် သူပုန်ရွာတွေအဖြစ် သတ်မှတ်မယ်ဆိုပြီး ပြောခဲ့တာမျိုးရှိပါတယ်။ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှာတော့ ညောင်ချောင်းမှာပဲ မွတ်စလင်ကျေးရွာတွေက ကျေးရွာလူကြီးတွေ၊ တာဝန်ခံတွေ ငါးယောက်ကိုခေါ်တယ်။ ခေါ်ပြီးတော့ သူတို့တောင်းထားတဲ့ လူတွေရပြီလား။ အမြန်ဆုံးပေးဖို့ဆိုပြီး ပြောခဲ့တာရှိတယ်။ အဲဒီလမှာပဲ ဘူးသီးတောင်မြို့ရဲ့ အနောက်ဘက်မှာရှိတဲ့ မွတ်စလင်ကျေးရွာတွေဖြစ်တဲ့ လက်ဝက်ဒက်၊ ပုဇွန်ချောင်းကျေးရွာကို AA ဝင်ရောက်လာပြီးတော့ သူတို့နဲ့မပူးပေါင်းဘူးဆိုပြီး ရွာတစ်ရွာလုံးကိုမီးရှို့ခဲ့တယ်။ အဲဒီလို မီးရှို့ခဲ့တဲ့အတွက် အဲဒီကဒုက္ခသည်တွေအားလုံးကို မွတ်စလင်ဒုက္ခသည်တွေအားလုံးကို ကျွန်တော်တို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ၊ အစိုးရဝန်ထမ်းတွေနဲ့ မြို့ထဲကို ပြောင်းရွှေ့ပေးရတာ ရှိပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အစိုးရဝန်ထမ်းတွေအနေနဲ့ မြို့ထဲကို ပြောင်းရွှေ့ပေးရတာတွေရှိတယ်။ ၂၀၂၄ ခုနှစ် မတ်လ ၁၀ ရက်နေ့မှာတော့ ယခင်က မွတ်စလင်အဖွဲ့အစည်းတွေဖြစ်ခဲ့တဲ့ မွတ်စလင်အဖွဲ့အစည်းတွေမှာ ဝင်ရောက်လုပ်ကိုင်နေတဲ့ ဦးထွန်းခင်နဲ့ နေဆန်းလွင်တို့ဟာ ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ ဒုက္ခသည်စခန်းတစ်ခုကို ရောက်လာတယ်၊ AA က ခေါင်းဆောင်ပိုင်းတချို့နဲ့တွေ့တယ်။ တွေ့ပြီးတော့ကျ Refugees Camp ကနေပြီးတော့ မွတ်စလင် လူငယ်ငါးသောင်းလောက်ကို AA နဲ့ ပူးပေါင်းအောင်ဆောင်ရွက်ပေးဖို့ဆိုပြီး ဆွေးနွေးခဲ့တာတွေရှိတယ်ဆိုတာကို သတင်းရရှိပါတယ်။ ၂၀၂၄ ခုနှစ် မတ်လ ၁၃ ရက်နေ့ မှာတော့ AA အနေနဲ့ ဘူးသီးတောင်မြို့မှာ ဘူးသီးတောင်မြို့ကနေ မွတ်စလင်တွေ ထွက်ခွာသွားဖို့ဆိုပြီး စာတွေဖြန့်ဝေခဲ့တာရှိတယ်။ ဒါကြောင့်မလို့ မတ်လ ၁၉ ရက်နေ့မှာ မွတ်စလင် ငါးထောင်လောက် AA ကို အလိုမရှိတဲ့အကြောင်း ဆန္ဒပြတာတွေရှိတယ်။ ၂၃ ရက်နေ့မှာလည်း ထပ်မံပြီးဆန္ဒပြခဲ့တာရှိပါတယ်။ အဲဒီ ၂၃ ရက်နေ့မှာပဲ AA အနေနဲ့ ညောင်ချောင်းရယ် စိမ်းညှင်းပြားရယ် ဂူဒါပြင်မွတ်စလင်တွေ ကို AA ကို ထောက်ခံကြောင်း တန်ပြန်ဆန္ဒပြဖို့ဆိုပြီးတော့ အတင်းအကျပ်စေခိုင်းခဲ့တာရှိတယ်။ သို့သော် သွားရောက်ခဲ့ခြင်းမရှိတဲ့အတွက် ကျေးရွာတွေကို ခြိမ်းခြောက်စာတွေပို့ခဲ့တာလည်း တွေ့ရပါတယ်။ မတ်လ ၂၆ ရက်နေ့မှာတော့ ဘူးသီးတောင်က နုရ်ဘော်ရှိရ်ဆိုတဲ့ မွတ်စလင်အမျိုးသားတစ်ယောက်ကို ဆန္ဒပြပွဲတွေလုပ်ခဲ့တယ်ဆိုပြီးတော့ AA က ဖမ်းဆီးသွားတာရှိပါတယ်။ မတ်လ ၃၀ ရက်နေ့မှာတော့ ဘူးသီးတောင်မြို့ ပြည်သူ့ဆေးရုံက ဝန်ထမ်းတွေကိုခြိမ်းခြောက်ပြီးတော့ AA အနေနဲ့ ဆေးရုံကို ပိတ်လိုက်တယ်။ ဆေးရုံကိုပိတ်ပြီး အဲဒီက ဝန်ထမ်းတွေကို စေတီတောင် AA အခြေပြုနေတဲ့ စေတီတောင်ကို ခေါ်သွားပြီးတော့ AA ကို ကုသဖို့ဆိုပြီးတော့ ဆေးရုံဖွင့်လှစ်ခဲ့တာရှိပါတယ်။ ဒီလပိုင်း ဧပြီလ ၉ ရက်နေ့မှာတော့ ဘူးသီးတောင် အရှေ့ဘက်နဲ့ အနောက်ဘက်ကူးနေတဲ့ ပန်ဇင်းတံတားနားလေးမှာရှိတဲ့ နန်းရားကုန်းကျေးရွာ မွတ်စလင်ရွာဖြစ်ပါတယ်။ နန်းရားကုန်းကျေးရွာ မွတ်စလင်တွေကို AA အနေနဲ့ ပန်ဇင်းတံတားကို သိမ်းဖို့ဆိုပြီးတော့ အတင်းနှင်ထုတ်ခဲ့တာတွေရှိပါတယ်။ သူတို့နဲ့ မပူးပေါင်းခဲ့တဲ့ ရွာတွေဖြစ်တဲ့ ကွန်တိုင်၊ ရွက်ညိုတောင်၊ ဦးလှဖေ အဲဒါမွတ်စလင်ရွာကြီးတွေဖြစ်ပါတယ်။ အဲဒီရွာ သုံးရွာကို ဧပြီလ ၁၂ ရက်နေ့ ညနေ ၃ နာရီခွဲအချိန်လောက်မှာ AA က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တယ်။ ဗုံးသီးအလုံး ၁၀၀ ကျော်လောက်ကျခဲ့တယ်။ မွတ်စလင်များ သေကျေပျက်စီးမှုတွေလည်းရှိတယ်။ အဲဒီကနေ ရွာကိုစွန့်ခွာလာပြီးတော့ ဘူးသီးတောင်ဘက်ခြမ်းမှာရှိတဲ့ ကကျက်ဘက်တို့၊ အလယ်ချောင်းတို့၊ ကန်ပြင်တို့ ဘူးသီးတောင်မြို့ပေါ်တို့ကို ပြောင်းရွှေ့ပေးခဲ့တာရှိပါတယ်။ သင်္ကြန်အတက်နေ့ ၁၆ ရက်နဲ့ နှစ်ဆန်း တစ်ရက်နေ့ ၁၇ ရက်နေ့မှာတော့ AA အနေနဲ့ ဘူးသီးတောင်တစ်ဝိုက်မှာရှိတဲ့ရွာတွေကို အသံချဲ့စက်နဲ့ မွတ်စလင်ရွာတွေကို အသံချဲ့စက်နဲ့ လိုက်အော်ပြီးတော့ ကျေးရွာအုပ်စုတစ်စုကို လူလတ်ပိုင်းအယောက် ၂၀၀ AA ကိုပေးဖို့ တောင်းဆိုနေတာရှိတယ်။ ပြီးရင် တပ်ကိုဆန့်ကျင်ဖို့၊ မပေးရင်သူတို့အနေနဲ့ အတင်းအကျပ်ဖမ်းဆီးရမယ်၊ ပြီးရင်နေရာ ပြောင်းမယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေရှိနေတာကို တွေ့ရပါတယ်။ ဒါတွေက တကယ့်လက်တွေ့မြေပြင်မှာဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေ ဖြစ်တယ်။

ဒီအဖြစ်အပျက်တွေကို ဖုံးကွယ်ချင်တဲ့အတွက်၊ ဒီအဖြစ်အပျက်တွေနဲ့ပတ်သက်ပြီး ဖုံးကွယ်ချင်တဲ့အတွက် မဟုတ်မမှန်စွပ်စွဲပြောဆိုတာမျိုးဖြစ်တယ်ဆိုတာ ကျွန်တော်ပြောချင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီဘူးသီးတောင် - မောင်တောဒေသ လုံခြုံမှုရှိစေရေး၊ ဘူးသီးတောင် - မောင်တော ဒေသမှာရှိနေတဲ့ တိုင်းရင်းသားများ၊ မွတ်စလင်များ၊ အားလုံးနေထိုင်ကြသူများအနေနဲ့ ပဋိပက္ခများ မဖြစ်ပွားစေရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ AA နဲ့ပတ်သက်လာပြီး ဘူးသီးတောင်မြို့ - မောင်တောမြို့ပေါ်မှာ ပြောဆိုနေတာက သူတို့ကိုယ်သူတို့ AA -Arakan Army ဆိုပြီး ပြောကြတယ်။ အဲဒီဘက်ဒေသမှာတော့ လူတိုင်းမေးကြည့်ရင် သိနိုင်ပါတယ်။ AA မဟုတ်ပါဘူး ADA ပါ။ Arakan Drug Army ဖြစ်ပါတယ်။ သူတို့ရဲ့ အဓိကစီးပွားရေးလုပ်ငန်းသည် မူးယစ် ဆေးဝါးသယ်ယူ/ ပို့ဆောင်နေတဲ့ လုပ်ငန်းပဲဖြစ်ပါတယ်။ ရန်ကုန်မှာမိလိုက်ရင်လည်း AA အဖွဲ့နဲ့ ပတ်သက်နေတာပဲ၊ မန္တလေးမှာ မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး၊ စိတ်ကြွဆေးတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ဖော်ထုတ်ဖမ်းဆီးရမိရင်လည်း AA နဲ့ ပတ်သက်နေတာပဲဖြစ်ပါတယ်။ ဒီလိုမျိုး မူးယစ်ဆေးဝါးနဲ့ပတ်သက်နေတဲ့ အကြမ်းဖက်အဖွဲ့အစည်းကို အားပေးထောက်ခံနေတာ၊ မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး အကြမ်းဖက်အဖွဲ့အစည်းအတွက် လှုံ့ဆော်ပေးနေတာမှန်သမျှသည် အကြမ်းဖက်လုပ်ရပ်များ ကမ္ဘာမှာ မူးယစ်ဆေးဝါးပြန့်ပွားရေးလုပ်ရပ်များကို အားပေးကူညီနေသူတွေ ဖြစ်တယ်ဆိုတာကို သိစေချင်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

Newspaper - 2742 items

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက်၊ မေ ၂ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 02, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၈ ရက်၊ မေ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 01, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၆ ရက်၊ ဧပြီ ၂၉ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 29, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက်၊ ဧပြီ ၂၈ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ April 28, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၄ ရက်၊ ဧပြီ ၂၇ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ April 27, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၃ ရက်၊ ဧပြီ ၂၆ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ April 26, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက်၊ ဧပြီ ၂၅ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 25, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 24, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၂၃ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 23, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ ဧပြီ ၂၂ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 22, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download