လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းဆိုင်ရာ အသိပညာပေး ရေဒီယိုဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲကျင်းပ


Ministry of Information/ Naypyitaw / April 25, 2024
image_latest


ရန်ကုန် ဧပြီ ၂၄

၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းဆိုင်ရာ အသိပညာပေး ရေဒီယိုဉာဏ်စမ်း ပဟေဠိပြိုင်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား Studio (C) ၌ ကျင်းပရာ ရန်ကုန်မြို့ လှိုင်သာယာ(အနောက်) အထက(ခွဲ)၊ အလက(၁၈)၊ရန်ကုန် မြို့ (စမ်းချောင်း) အထက (၂)၊ ရန်ကုန်မြို့(မင်္ဂလာဒုံ) အလက(၄)၊ ရန်ကုန်မြို့ (သင်္ဃန်းကျွန်း)အထက သုဝဏ္ဏ၊ ရန်ကုန်မြို့ (ဗဟန်း) အလက(၃) တို့မှ ကျောင်းသူ ကျောင်းသား ငါးဦးတို့ ပါဝင်ယှဉ်ပြိုင်ကြသည်။

အဆိုပါပြိုင်ပွဲတွင် အခြေခံပညာကျောင်းများမှ အလယ်တန်းနှင့် အထက်တန်းအဆင့် အသက် ၁၄ နှစ်မှ ၁၇ နှစ်အတွင်းရှိ ကျောင်းသား ကျောင်းသူ ငါးဦးတို့က Round (၁) ခုလျှင် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာ ပညာရပ်မေးခွန်းနှစ်ခုနှင့် ရေဒီယိုမှ ထုတ်လွှင့်သည့် အစီအစဉ်ပိုင်းဆိုင်ရာ မေးခွန်းနှစ်ခု စုစုပေါင်းမေးခွန်းလေးခုစီဖြင့် Round လေးခုတွင် ယှဉ်ပြိုင်ဖြေဆိုကြခြင်းဖြစ်သည်။

ထိုသို့ ယှဉ်ပြိုင်ကြရာ ရေဒီယိုဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ပထမဆုကို ရန်ကုန်မြို့ (မင်္ဂလာဒုံ) အလက (၄) Grade -8 မှ မောင်စိုးသက်မောင်မောင်ကလည်းကောင်း၊ ဒုaတိယဆုကို ရန်ကုန်မြို့ (ဗဟန်း) အလက(၃) Grade-7 မှ မနှင်းဧပရယ်မိုးကလည်းကောင်း၊ တတိယဆုကို ရန်ကုန်မြို့ လှိုင်သာယာ(အနောက်) အထက(ခွဲ)၊ အလက(၁၈)၊ Grade-10 မှ မဇာဇာမျိုးထက် ကလည်းကောင်း၊ အထူးဆုနှစ်ဆုကို ရန်ကုန်မြို့ (သင်္ဃန်း ကျွန်း) အထက သုဝဏ္ဏ၊ Grade-9 မှ မဆွတ်ဂျာလုံနှင့် ရန်ကုန်မြို့ (စမ်းချောင်း) အထက(၂) Grade-9 မှ မမြမှူးခင် တို့ကလည်းကောင်း ရရှိခဲ့ကြသဖြင့် ဆုရရှိကြသူများအား မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ဒုတိယညွှန်ကြားရေးမှူး ဒေါ်သိလ္လာစိုးက ဆုများပေးအပ်ချီးမြှင့်သည်။

အဆိုပါ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာ အသိပညာပေး ရေဒီယိုဉာဏ်စမ်း ပဟေဠိပြိုင်ပွဲကျင်းပမှုကို (၂၅- ၄-၂၀၂၄) ရက်နှင့် (၂၆-၄-၂၀၂၄)ရက်နေ့ည မြန်မာ့အသံရေဒီယိုမှ ပြည်တွင်းသတင်းများ ကြေညာအပြီးတွင် ထုတ်လွှင့်မည်ဖြစ်သည်။

အဆိုပါ ရေဒီယိုဉာဏ်စမ်း ပဟေဠိပြိုင်ပွဲကို ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူမှုလုပ်ငန်းအား အများပြည်သူစိတ်ဝင်စားမှု ပိုမိုရရှိပြီး ပူးပေါင်းပါဝင်ဆောင်ရွက်လာနိုင်စေရေး အသိပညာမျှဝေလှုံ့ဆော်ခြင်းဖြင့် လူထုလှုပ်ရှားမှု ရယူအားဖြည့် ပေးနိုင်ရေးရည်ရွယ်ချက်များဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်သူ့အင်အားဦးစီးဌာနက ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ပြိုင်ပွဲ ငါးကြိမ်ကျင်းပမည်ဖြစ်ပြီး တစ်ကြိမ်စီမှ ပထမနှင့် ဒုတိယဆုရရှိသူ နှစ်ဦးစီဖြင့် စုစုပေါင်း ၁၀ ဦးအား ၂၀၂၄ ခုနှစ် ဩဂုတ်လ ဒုတိယပတ်အတွင်း ကျင်းပမည့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာ ရုပ်မြင်သံကြား ဉာဏ်စမ်းပဟေဠိပြိုင်ပွဲတွင် ဆက်လက်ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 2744 items

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက်၊ မေ ၄ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 04, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက်၊ မေ ၃ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 02, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက်၊ မေ ၂ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 02, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၈ ရက်၊ မေ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 01, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၆ ရက်၊ ဧပြီ ၂၉ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 29, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက်၊ ဧပြီ ၂၈ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ April 28, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၄ ရက်၊ ဧပြီ ၂၇ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ April 27, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၃ ရက်၊ ဧပြီ ၂၆ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ April 26, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက်၊ ဧပြီ ၂၅ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 25, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 24, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download