သက်ရှိများထာဝရရှင်သန်ရေး ရေချိုစနစ်တကျခန့်ခွဲအသုံးပြု


Ministry of Information/ Naypyitaw / March 24, 2023
image_latest


မြန်မာတို့၏အစဉ်အလာတွင် “ထမင်းအသက် ခုနစ်ရက်၊ ရေအသက် တစ်မနက်”၊ “ရွှေကိုမလို ရေကိုလို”၊ “ရေကြည်ရာ မြက်နုရာ”၊ “ရေတစ်အိုး မိုးတစ်ပေါက်” စသည့် ဥပမာဆိုရိုးစကားများရှိပါသည်။ ရေ၏တန်ဖိုးကို ရေငတ်သည့်အခါမှ သိရှိရသလို ရေမရှိသည့်အခါတွင် မည်မျှဆင်းရဲဒုက္ခရောက်ကြရသည်ကို အားလုံးသိရှိထားကြသည်။ ရေတန်ဖိုးကို ရေမရှိသည့်အခါမှသိသော်လည်း ရေအလုံအလောက်ရှိသည့်အခါတွင် ရေကိုတန်ဖိုးထားရကောင်းမှန်းမသိသည့် အလေ့အထများလည်းရှိကြသည်။

ရေနှင့်ပတ်သက်၍ အသိပေးနှိုးဆော်ချက်တို့ကို တာဝန်ရှိသူတို့က မကြာမကြာ အသိပေးလေ့ရှိသလို တစ်ကမ္ဘာလုံးဆိုင်ရာအနေဖြင့် နှစ်စဉ် မတ်လ ၂၂ ရက်နေ့ ရောက်တိုင်း “ကမ္ဘာ့ရေနေ့” ဟုအထူးပြု၍ ရေသဘာဝ၊ ရေဖြစ်တည်မှု၊ အနာဂတ် အလားအလာ၊ ရေတန်ဖိုးတို့ကို အထူးပြုအသိပေးနှိုးဆော်ကြသည်။ ရေသည် လူ့ဘဝအတွက်သာမက သက်ရှိလောကတစ်ခုလုံးအတွက် အရေးအကြီးဆုံး သဘာဝပစ္စည်းဖြစ်သည်။ ရေမရှိပါက သက်ရှိလောကကြီးတစ်ခုလုံး ပျက်သုဉ်းသွားမည်မှာဧကန်ဖြစ်သည်။ မြန်မာနိုင်ငံ၌ သဘာဝအလျောက် ရေရှားပါးသည့်အရပ်များမှလွဲ၍ ဒေသအားလုံးတွင် သောက်သုံးရေအတွက် ပူပန်စရာမရှိဘဲ အလုံအလောက်ရှိနေ သည်မှာ ကံကောင်းသည့် သဘာဝလက်ဆောင်ဖြစ်သည်။

သန့်ရှင်းပြီး အနံ့အရသာမရှိသောရေသည် လူသားများ နေ့စဉ်အသုံးပြုနေသည့် ကျန်းမာရေးနှင့်ညီညွတ်သောပစ္စည်းဖြစ်သည်။ အန္တရာယ်ရှိသည့် ဓာတုပစ္စည်းများ လုံးဝမပါဝင်ဘဲ အရောင်အဆင်း အနံ့အရသာကင်းသည့်ရေမဟုတ်ပါက ညစ်ညမ်းသည့်ရေ သို့မဟုတ် သုံးစွဲရန် မသင့်သည့်ရေဟု သတ်မှတ်ရမည်ဖြစ်သည်။ ဤကမ္ဘာကြီး၏ ၇၁ ရာခိုင်နှုန်းသည် ရေထုကဖုံးလွှမ်းထားပြီး ကုန်းမြေထုမှာ ၂၉ ရာခိုင်နှုန်းသာရှိသည်။ ရေထုပမာဏမှာ အဆများစွာရှိပြီး ၉၆ ဒသမ ၅ ရာခိုင်နှုန်းခန့်သည် ပင်လယ်၊ သမုဒ္ဒရာအတွင်းမှ သောက်သုံး၍မရသော ရေငန်များဖြစ်သည်။ ကျန် ၃ ဒသမ ၅ ရာခိုင်နှုန်းခန့်သည် ရေချို သို့မဟုတ် ပြန်လည်ပြည့်ဖြိုးမြဲရေဖြစ်သည်။ အဆိုပါရေထုတွင် ရေခဲတောင်၊ ရေခဲပြင်များသည် ၆၈ ရာခိုင်နှုန်းရှိပြီး မြေအောက် ရေသည် ၃၀ ရာခိုင်နှုန်းခန့်သာရှိရာ မြေပြင်ပေါ်ရှိ ရေအားလုံး၏ သုည ဒသမ ၅ ရာခိုင်နှုန်းခန့်သာ ရေချိုဖြစ်သည်ဟု သိရသည်။

ကမ္ဘာကြီးတွင် မြို့ပြများနှင့်စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ သက်ရှိလူသတ္တဝါများ နှစ်စဉ် အလျင်အမြန် တိုးပွားလျက်ရှိရာ လူတို့အသုံးပြုသည့် ရေချိုနှင့်ပတ်သက်၍ အနာဂတ်တွင် လိုအပ်ချက်များ ကြီးမားစွာဖြစ်ပေါ်လာမည် ဖြစ်သည်။ လက်ရှိကာလ၌ ကမ္ဘာပေါ်ရှိ အချို့နိုင်ငံများသည် ရေချိုမလုံလောက်သဖြင့် အခြားနိုင်ငံမှ ရေချိုကို ဝယ်ယူအသုံးပြုရခြင်း၊ ပင်လယ်ရေငန်ကို ပြုပြင်သုံးစွဲခြင်း၊ စွန့်ပစ်ရေဆိုးကို ပြန်လည်ပြုပြင်သုံးစွဲခြင်းတို့ ပြုလုပ်နေရသည်။ မြန်မာနိုင်ငံအနေဖြင့် မြစ်ချောင်း၊ အင်းအိုင်များ၊ သဘာဝရေထွက်များ စသည့်ပုံစံအမျိုးမျိုးဖြင့် ရေချိုအရင်းအမြစ်များပြားပြီး တစ်ကမ္ဘာလုံး ရေချိုပိုင်ဆိုင်မှု၏ ၁ ဒသမ ၇ ရာခိုင်နှုန်း ရှိသည်ဟုသိရသည့်အတွက် မြန်မာသည် ရေချိုအရင်းအမြစ်ပေါများသည်။ သို့သော် မြန်မာနိုင်ငံ၏ အချို့ဒေသများနှင့် အပူပိုင်းအညာဒေသ၊ မိုးခေါင်ရေရှားဒေသများတွင် နွေရာသီကာလများ၌ သောက်သုံးရေအခက်အခဲများရှိပြီး လူမှုစီးပွားဘဝများ၌ အဆင်မပြေမှုများရှိသည်။

ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် ရေချိုပေါများသည်ဆိုသော်လည်း ဖြစ်ပေါ်လာနေသည့် စိန်ခေါ်မှုအမျိုးမျိုးတို့ကြောင့် အနာဂတ်ကာလတွင် ကြုံတွေ့လာရနိုင်သည့် ရေချိုပြဿနာများကို ကြိုတင်တွက်ဆ၍ ရေချိုစီမံခန့်ခွဲမှုနှင့် အသုံးပြုမှုတို့ကို စနစ်တကျဝိုင်းဝန်းပါဝင်ဆောင်ရွက်ကြရမည်ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ရာသီဥတုပြောင်းလဲမှု၏ သက်ရောက်မှုများနှင့် ရေဆိုင်ရာအခက်အခဲပြဿနာ များကို ဖြေရှင်းနိုင်ရန်အတွက် အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲရေးဗဟိုကော်မတီ၊ အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ၊ အမျိုးသားသဘာဝဘေး စီမံခန့်ခွဲမှုကော်မတီတို့ကို စနစ်တကျဖွဲ့စည်းပြီး ရေနှင့် ပတ်သက်သော ပြည်တွင်း/ပြည်ပအဖွဲ့အစည်းများအားလုံး ပူးပေါင်းညှိနှိုင်း ဆောင်ရွက်လျက်ရှိသည်။ ရေအသုံးပြုသည့် ပြည်သူများအကြား ရေရှည်တည်တံ့သည့် ရေအသုံးချမှုနှင့်ပတ်သက်သော အသိပညာ၊ ဗဟုသုတ၊ နည်းပညာများ၊ ပူးပေါင်းဆောင်ရွက်မှုတို့ကို တိုးမြှင့်ဆောင်ရွက်ရမည်ဖြစ်သည်။

သို့ဖြစ်ရာ ဒေသအားလုံး၊ သက်ရှိအားလုံး ရေချိုအလုံအလောက်ရှိစေရေးအတွက် အမျိုးသားရေးကိစ္စရပ်အဖြစ် လက်တွဲပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်သည်ဖြစ်ရာ သက်ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် လက်ရှိအသုံးပြုနေသော ရေအရင်းအမြစ်များကို စနစ်တကျစီမံခန့်ခွဲမှု၊ ပြည်သူများအနေဖြင့် ရေချိုများကို စနစ်တကျအသုံးပြုမှုများ ပြုလုပ်နိုင်အောင် နိုင်ငံတော်အစိုးရနှင့်အတူ လက်တွဲပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။     ။

Newspaper - 2282 items

၁၃၈၅ ခုနှစ်၊ နယုန်လပြည့်ကျော် ၃ ရက်၊ ဇွန် ၅ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ June 05, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ နယုန်လပြည့်ကျော် ၃ ရက်၊ ဇွန် ၅ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ June 05, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ နယုန်လပြည့်ကျော် ၂ ရက်၊ ဇွန် ၂ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ June 04, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ နယုန်လပြည့်ကျော် ၁ ရက်၊ ဇွန် ၃ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ June 03, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

Information Sheet(31-5-2023) (Myanmar Version)


Publisher: Information Sheet (Myanmar Version)/ June 02, 2023

Publication Date: 2023

Page: 35

Language: မြန်မာ

Download

Information Sheet (31-5-2023) (English Version)


Publisher: Information Sheet/ June 02, 2023

Publication Date: 2023

Page: 36

Language: English

Download

၁၃၈၅ ခုနှစ်၊ နယုန်လပြည့်နေ့၊ ဇွန် ၂ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ June 02, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ နယုန်လဆန်း ၁၄ ရက်၊ ဇွန် ၁ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ June 01, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ နယုန်လဆန်း ၁ နေ့၊ မေ ၁၉ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 31, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ နယုန်လဆန်း ၁၃ရက်၊ မေ ၃၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 31, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download