၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း စက်မှုဝန်ကြီးဌာနရှိ နိုင်ငံပိုင် စက်ရုံ/အလုပ်ရုံများနှင့် ငှားရမ်းစက်ရုံများ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ


Ministry of Industry/ Ministerial Office / May 06, 2024


နေပြည်တော်၊ ဧပြီ (၂၉)
    ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း စက်မှုဝန်ကြီးဌာနရှိ နိုင်ငံပိုင်စက်ရုံ/အလုပ်ရုံ များနှင့် ငှားရမ်းစက်ရုံများ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်ဆောင်ရွက်နိုင်ရေး ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အထွေထွေမန်နေဂျာများနှင့် တာဝန်ရှိသူများ တက်ရောက်သည်။ ထို့ပြင် စက်ရုံမှူးများ၊ စက်ရုံတာဝန်ခံများ၊ စိုက်ကွင်း/စိုက်ခြံ တာဝန်ခံများသည် Virtual စနစ်ဖြင့် သတ်မှတ်နေရာအသီးသီးမှ တက်ရောက်သည်။
    ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ယခုအစည်းအဝေးသည် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်မှ ရပ်နားလျက်ရှိသည့် နိုင်ငံပိုင်စက်ရုံ/အလုပ်ရုံများကို ပြန်လည်လည်ပတ်နိုင်ရေး စီမံဆောင်ရွက်ရန် လမ်းညွှန်မှုပြုခဲ့သဖြင့်  စက်မှုဝန်ကြီးဌာနရှိ ရပ်နားခဲ့သည့် နိုင်ငံပိုင်စက်ရုံ/အလုပ်ရုံများကို ပြန်လည်လည်ပတ်၍ ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ခဲ့ကြောင်း၊ စက်မှုလုပ်ငန်းများအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာတွင် တွေ့ကြုံခဲ့ရသည့် အားနည်းချက်၊ အားသာချက်များကို ပြန်လည်သုံးသပ်၍ ယခုဘဏ္ဍာရေးနှစ်တွင် အားနည်းချက်များ လျော့နည်းအောင်နှင့် အားသာချက်များပိုမိုရရှိအောင် ကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှု လုပ်ငန်းများဆောင်ရွက်ရာတွင် လူ၊ စက်ပစ္စည်း၊ ကုန်ကြမ်းသွင်းအားစု၊ နည်းစဉ်၊ သဘာဝပတ်ဝန်းကျင်၊ အရည်အသွေး စသည့်အချက်များကိုအခြေခံ၍ စီမံဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့ပြင် ထုတ်လုပ်ထားရှိသည့် ကုန်ချောများကိုလည်း ကုန်စင်အောင် ရောင်ချနိုင်ရေးအတွက် ဈေးကွက်ရှာဖွေရမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနများ၏ အမှာစာများ တိုးတက်ရရှိစေရေး ညှိနှိုင်းဆောင်ရွက်ရန်နှင့် အချိန်မီပေးသွင်းနိုင်ရေး အလေးထားကြပ်မတ် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တစ်ယူနစ်ထုတ်လုပ်မှုစရိတ်များ လျော့နည်းကျဆင်းစေရေးအတွက် အလေအလွင့်မရှိအောင် စီမံဆောင်ရွက်ရန်နှင့် ထုတ်ကုန်များ၏ အရည်အသွေးကောင်းမွန်စေရေးအတွက် ထုတ်လုပ်မှုနည်းစဉ်တစ်လျှောက်တွင် စစ်ဆေးရမည့်နေရာများ သတ်မှတ်၍ အစဉ်အမြဲစစ်ဆေးနေရမည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းများဆောင်ရွက်သည့် အဖွဲ့အစည်းများအနေဖြင့် ဝင်ငွေ/ထွက်ငွေ၊ အရှုံး/အမြတ် စသည် ငွေကြေးဆိုင်ရာကိစ္စရပ် များကိုလည်း ထည့်သွင်းသုံးသပ် စီမံဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံပိုင်စက်ရုံ/အလုပ်ရုံ များသည် ပြည်သူလူထု လိုအပ်သော အခြေခံကုန်ပစ္စည်းများကို ထုတ်လုပ်နေခြင်း၊ သွင်းကုန်အစားထိုး ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်နေခြင်းဖြစ်၍ တိုးမြှင့်ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သော သွင်းအားစုများ၊ စက်အရန်ပစ္စည်းများကို ကြိုတင်ဝယ်ယူ စုဆောင်းထားရမည့်အပြင် စက်ပစ္စည်းများပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းစဉ်များကိုလည်း စီမံချက်များရေးဆွဲဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ စက်ရုံအလိုက်ရှိပြီးဖြစ်သည့် နည်းပညာများ၊ စက်နှင့်စက်ပစ္စည်းများကို အကျိုးရှိအောင် အသုံးပြုနိုင်ရေး စီမံဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရန်နှင့် ထုတ်ကုန်ပစ္စည်းများ အရည်အသွေးကောင်းမွန်စေရေးတို့အတွက် လူ့စွမ်းအားအရင်းအမြစ်များသည် လွန်စွာအရေးကြီးကြောင်း၊ ထို့ကြောင့် ဝန်ထမ်းတစ်ဦးချင်းစီ၏ တတ်မြောက်ထားသည့် ပညာရပ်များ၊ ကျွမ်းကျင်မှုများကို အကျိုးရှိအောင်အသုံးပြုနိုင်ရေးအတွက် စီမံဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ရမည့် ကုန်ကြမ်းဝယ်ယူရေးအတွက် တင်ဒါခေါ်ယူခြင်း၊ စက်အရန်ပစ္စည်းများဝယ်ယူခြင်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများဆောင်ရွက်ခြင်းများနှင့်ပတ်သက်၍ အစီအမံများရေးဆွဲခြင်း၊ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ ပြန်လည်စစ်ဆေးခြင်း၊ လိုက်နာဆောင်ရွက်ခြင်း စသည့်လုပ်ငန်းစဉ်များအတိုင်း စနစ်တကျ စီမံဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဦးစီးဌာန/လုပ်ငန်းများအလိုက် လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်မည့် ရည်မှန်းချက်ပန်းတိုင်နှင့် အဓိကဆောင်ရွက်ရမည့် စွမ်းဆောင်ရည် အညွှန်းကိန်းများသတ်မှတ်၍ လုပ်ငန်းတာဝန်များကို အောင်မြင်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လုပ်ငန်းတာဝန်များ အောင်မြင်အောင်ဆောင်ရွက်နိုင်ရေးအတွက် ဦးစီးဌာန/ လုပ်ငန်းများရှိ စီမံခန့်ခွဲရေးအဖွဲ့များနှင့်ဆွေးနွေးညှိနှိုင်းပြီး အစီအမံများရေးဆွဲဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်သည့် စာရင်းဇယား၊ ကိန်းဂဏန်းအချက်အလက်များ မှန်ကန်တိကျမှုရှိစေရေးတို့အတွက် အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဦးစီးဌာန/လုပ်ငန်းများအနေဖြင့် ယခုဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့်အခြေအနေများကို မှန်မှန်ကန်ကန် သုံးသပ်ဆွေးနွေးပေးကြရန် လမ်းညွှန်မှာကြားသည်။
    ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ်က ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် စက်မှုလုပ်ငန်းများ၏ ထုတ်လုပ်မှု၊ ရောင်းချမှု၊ အရှုံး/အမြတ်အခြေအနေများနှင့်စပ်လျဉ်း၍ သုံးသပ်ချက်များကိုလည်းကောင်း၊ အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း၊ အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း၊ အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း၊ မြန်မာ့ဆေးဝါးလုပ်ငန်းတို့မှ ဦးဆောင်ညွှန်ကြားရေးမှူးများက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် စက်ရုံများ ၏ ထုတ်လုပ်မှု၊ ရောင်းချမှု၊ အရှုံး/အမြတ်အခြေအနေ၊ သုံးသပ်ချက်များနှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း စက်ရုံအလိုက်များ အကောင်အထည်ဖော်ဆောင်ရွက်မည့် အစီအမံ များကိုလည်းကောင်း၊ တက်ရောက်လာသူများမှ နိုင်ငံပိုင်စက်ရုံများ အောင်မြင်စွာလည်ပတ်၍ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးတို့အတွက် အသီးသီးဝိုင်းဝန်း ဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြား၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။    
(သတင်းစဉ်)

Newspaper - 2758 items

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက်၊ မေ ၁၉ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 19, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက်၊ မေ ၁၈ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 18, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက်၊ မေ ၁၇ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 17, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက်၊ မေ ၁၆ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 16, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက်၊ မေ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 15, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက်၊ မေ ၁၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 14, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက်၊ မေ ၁၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 13, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက်၊ မေ ၁၂ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 12, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၃ ရက် ၊ မေ ၁၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 10, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၂ ရက် ၊ မေ ၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 09, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download