(၅)ကြိမ်မြောက် ကမ္ဘာ့မီဒီယာထိပ်သီးညီလာခံ (ယူနန်၊တရုတ်) နှင့် ဒုတိယအကြိမ်မြောက် ယူနန် - နိုင်ငံတကာဆက်သွယ်ရေးဖိုရမ်သို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်


Ministry of Information/ Naypyitaw / December 06, 2023
image_latest


ကူမင်း ဒီဇင်ဘာ ၅

(၅) ကြိမ်မြောက် ကမ္ဘာ့မီဒီယာထိပ်သီးညီလာခံ (ယူနန်၊ တရုတ်) နှင့် ဒုတိယအကြိမ်မြောက် ယူနန်- နိုင်ငံတကာဆက်သွယ်ရေးဖိုရမ်ကို ယနေ့နံနက်ပိုင်းက တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ရှိ ဟိုက်ဂန်းညီလာခံခန်းမ၌ ကျင်းပရာ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်၊ မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာတင်နှင့် အဖွဲ့တို့ တက်ရောက်ကြသည်။

ရှေးဦးစွာ ညီလာခံဖွင့်ပွဲအခမ်းအနားကျင်းပရာ တရုတ်နိုင်ငံကွန်မြူနစ်ပါတီ ယူနန်ပြည်နယ် အထွေထွေအတွင်းရေးမှူး မစ္စတာဝန်နင်းက မိန့်ခွန်းပြောကြားပြီး တရုတ်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေကိုယ်စားလှယ် မစ္စတာဆစ်ဒါ့သ်ချာတာဂျီး၊ ကူမင်းကောင်စီနှင့် စည်ပင်သာယာရေးကော်မတီ အထွေထွေအတွင်းရေးမှူး လီယူဟောင်ဂျန်နှင့် ဆင်ဟွာသတင်းဌာန၊ စပွတ်နစ် နိုင်ငံတကာသတင်းဌာနနှင့် ရေဒီယိုအသံလွှင့်ဌာန၊ ဘူလ်ဂေးရီးယားသတင်းဌာန၊ ပါကစ္စတန်သတင်းဌာန၊ Media Turkmen သတင်းဌာန၊ El Mundo Financiero သတင်းဌာန စသည့် နိုင်ငံတကာသတင်းဌာနတို့မှ အကြီးအကဲများက နှုတ်ခွန်းဆက်စကားပြောကြားကြသည်။

ဆက်လက်၍ ၂၀၂၂ မှ ၂၀၂၃ ခုနှစ်များအတွင်း ယူနန်အကြောင်း နိုင်ငံတကာမှ ဖော်ပြမှုများအနက် ရေပန်းအစားဆုံး စကားလုံး ၁၀ လုံးကိုလည်းကောင်း၊ ယူနန်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး လှုပ်ရှားဆောင်ရွက်မှုကိုလည်းကောင်း၊ (၅) ကြိမ်မြောက် ကမ္ဘာ့မီဒီယာထိပ်သီးညီလာခံအတွက် ကူမင်း၏ ရှေးဦးဆောင်ရွက်ချက်များကိုလည်းကောင်း Video Clip ဖြင့် ရှင်းလင်းပြသသည်။

ထို့နောက် ညီလာခံဆိုင်ရာထုတ်ပြန်ချက်ကို တာဝန်ရှိသူများက စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပြသ/ကြေညာပြီး ညီလာခံဖွင့်ပွဲ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

မွန်းလွဲပိုင်းတွင် ညီလာခံကို ကဏ္ဍ (၄)ရပ်ဖြင့် ခွဲခြားကျင်းပရာ ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း (BRI)အရ မီဒီယာပူးပေါင်းဆောင်ရွက်မှုအတွက် အခွင့်အလမ်းသစ်များ (New Opportunities for Media Cooperation under BRI)၊ မြို့ပြဂုဏ် သတင်းတည်ဆောက်ရေးယူနန်၏ ဆောင်ရွက်ချက် (City – brand Image Building: the case of Yunnan)၊ ခေတ်သစ်တွင် နိုင်ငံတကာယဉ်ကျေးမှုဆက်သွယ်ရေး (Internat-ional Cultural Communi-cation in New Era) နှင့် ကမ္ဘာလုံးဆိုင်ရာ ဆက်သွယ်ရေးတွင် ကော်ပိုရေးရှင်းများ၏ ဂုဏ်သတင်းပုံရိပ်များ (Corporate Images in Global Communication) အကြောင်းအရာများအလိုက် ဆွေးနွေးကြသည်။

ကမ္ဘာ့မီဒီယာ ညီလာခံ (World Media Summit – WMS) သည် နိုင်ငံတကာမီဒီယာများ သတင်းနှင့်အတွေ့အကြုံများ ဖလှယ်ရန်နှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ရန်အတွက် အကောင်းဆုံးအစီအစဉ် (Platform) တစ်ခုဖြစ်ကြောင်း ရှုမြင်ကြသကဲ့သို့ (WMS) စတင်ဖွဲ့စည်းချိန်မှ စ၍ ၂၀၁၄ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း ကမ္ဘာလုံးဆိုင်ရာ ထူးချွန်ဆုများ (WMS Global Awards for Excellence) ကမ္ဘာတစ်ဝန်းမှ မီဒီယာများ၊ ကျွမ်းကျင်ပညာရှင်များအတွက် သင်တန်းနှင့်အစီအစဉ်သုံးခု၊ ကမ္ဘာလုံးဆိုင်ရာ တိုက်ရိုက်ထုတ် လွှင့်ပြသမှုနှင့်အတူ ကလေးများအတွက် ကမ္ဘာ့သတင်းနေ့၊ ဆင်းရဲနွမ်းပါးမှုကို အနီးကပ်ထင်ဟပ်ပြသသော ကမ္ဘာ့ဓာတ်ပုံပြိုင်ပွဲ၊ အာဖရိကကို အသားပေးသော မီဒီယာလှုံ့ဆော်မှုများကဲ့သို့ နိုင်ငံတကာအကျိုးပြု စီမံချက်များစွာကိုလည်း အောင်မြင်စွာ စီစဉ်ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

သတင်းစဉ် 

Newspaper - 2678 items

၁၃၈၅ ခုနှစ်၊ တပို့တွဲလဆန်း ၁၄ ရက်၊ ဖေဖော်ဝါရီ ၂၃ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ February 23, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တပို့တွဲလဆန်း ၁၃ ရက်၊ ဖေဖော်ဝါရီ ၂၂ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ February 22, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တပို့တွဲလဆန်း ၁၂ ရက်၊ ဖေဖော်ဝါရီ ၂၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ February 21, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တပို့တွဲလဆန်း ၁၁ ရက်၊ ဖေဖော်ဝါရီ ၂၀ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ February 20, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တပို့တွဲလဆန်း ၁၀ ရက်၊ ဖေဖော်ဝါရီ ၁၉ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ February 19, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တပို့တွဲလဆန်း ၉ ရက်၊ ဖေဖော်ဝါရီ ၁၈ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ February 18, 2024

Publication Date: 2024

Page: 32page

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တပို့တွဲလဆန်း ၈ ရက်၊ ဖေဖော်ဝါရီ ၁၇ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ February 17, 2024

Publication Date: 2024

Page: 32page

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တပို့တွဲလဆန်း ၇ ရက်၊ ဖေဖော်ဝါရီ ၁၆ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ February 16, 2024

Publication Date: 2024

Page: 32page

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တပို့တွဲလဆန်း ၆ ရက်၊ ဖေဖော်ဝါရီ ၁၅ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ February 15, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တပို့တွဲလဆန်း ၆ ရက်၊ ဖေဖော်ဝါရီ ၁၅ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ February 15, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download