စိုက်ပျိုးမွေးမြူရေးဆိုင်ရာ အွန်လိုင်းပညာပေးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး စကားဝိုင်းဆွေးနွေး


Ministry of Information/ Naypyitaw / July 27, 2024
image_latest


နေပြည်တော် ဇူလိုင် ၂၆

စိုက်ပျိုးမွေးမြူရေးဆိုင်ရာ အွန်လိုင်းပညာပေးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးစကားဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့က နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၌ ကျင်းပသည်။

ဆွေးနွေးပြောကြား

အဆိုပါဆွေးနွေးပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က စိုက်ပျိုးရေးနည်းပညာနှင့် အသိပညာပေးလုပ်ငန်းများကို သမားရိုးကျပညာပေးရေး နည်းလမ်းများအပြင် နိုင်ငံတကာ၌ တွင်ကျယ်စွာအသုံးပြုလျက်ရှိသော သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ (Information and Communication Technology – ICT) ကို စနစ်တကျ အသုံးချနိုင်ရေးအားပေးမြှင့်တင် ဆောင်ရွက်သွားရန်လိုကြောင်း၊ ဒစ်ဂျစ်တယ်မီဒီယာကို တောင်သူလယ်သမားများ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာကြရန် အရေးကြီးကြောင်း၊ ကွန်ပျူတာအသုံးပြု ဒစ်ဂျစ်တယ်မီဒီယာထက် မိုဘိုင်းဖုန်းအခြေခံ လူမှုကွန်ရက် မီဒီယာနည်းလမ်းများကို လူတန်းစားအလွှာစုံက ပိုမိုအသုံးပြုသည့်အတွက် အင်တာနက် ချိတ်ဆက်ထားသော ကွန်ပျူတာ၊ မိုဘိုင်းဖုန်း၊ တက်ဘလက်များဖြင့် နည်းပညာများ၊ အသိပညာများနှင့် သတင်းအချက်အလက်များကို စိုက်ပျိုးမွေးမြူရေးလုပ်ကိုင်သူများ အလွယ်တကူရယူနိုင်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ထည့်သွင်း ဆွေးနွေးပြောကြားသည်။

ထို့ပြင် စိုက်ပျိုးရေးဦးစီးဌာန၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့မှ ပညာရှင်များက စိုက်ပျိုးမွေးမြူရေးကဏ္ဍ တိုးတက်စေရန် ပညာပေးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လက်ရှိအသုံးပြုနေသော အွန်လိုင်းပညာပေးခြင်း လုပ်ငန်းအမျိုးမျိုးနှင့် အွန်လိုင်းပညာပေးရေးလုပ်ငန်းများ၏ အကျိုးသက်ရောက်မှုများ၊ အွန်လိုင်းပညာပေးရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နိုင်သောလုပ်ငန်းများ၊ နည်းလမ်းများကို ဆွေးနွေးတင်ပြကြပြီး ဆွေးနွေးချက်များအပေါ် ဒုတိယဝန်ကြီးနှင့် ဆွေးနွေးပွဲသို့ ကိုယ်တိုင်ပါဝင်တက်ရောက်လာကြသူများ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ Zoom ဖြင့် တက်ရောက်လာကြသူများက သိရှိလိုသည်များမေးမြန်းခြင်း၊ အကြံပြုသုံးသပ်တင်ပြခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် စိုက်ပျိုးမွေးမြူရေးလုပ်ကိုင်သူများအတွက် နည်းပညာနှင့် အသိပညာပေးလုပ်ငန်းများအပြင် လုပ်ငန်းခွင် အခက်အခဲများ၊ ပြဿနာများကို ထိရောက်စွာ ဖြေရှင်းပေးနိုင်ရန်နှင့် ​ သတင်းအချက်အလက်များကို အချိန်မီဖြန့်ဖြူးပေးနိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနကကဏ္ဍစုံမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး လစဉ်စကားဝိုင်းဆွေးနွေးပွဲကိုများကို ကျင်းပပေးလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 2872 items

၁၃၈၆ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၇ ရက်၊ ဇူလိုင် ၂၇ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ July 27, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၆ ရက်၊ ဇူလိုင် ၂၆ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ July 26, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၅ ရက်၊ ဇူလိုင် ၂၅ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ July 25, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၄ ရက်၊ ဇူလိုင် ၂၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ July 24, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၃ ရက်၊ ဇူလိုင် ၂၃ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ July 24, 2024

Publication Date: 2024

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၂ ရက် ၊ ဇူလိုင် ၂၂ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ July 22, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁ ရက် ၊ ဇူလိုင် ၂၁ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ July 21, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ဝါဆိုလပြည့်နေ့၊ ဇူလိုင် ၂၀ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ July 20, 2024

Publication Date: 2024

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ဝါဆိုလဆန်း ၁၄ ရက် ၊ ဇူလိုင် ၁၉ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ July 19, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ဝါဆိုလဆန်း ၁၃ ရက် ၊ ဇူလိုင် ၁၈ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ July 18, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download