ဒုတိယဝန်ကြီး ဦးဝင်းရှိန် ဒဂုံမြို့သစ်(တောင်ပိုင်း) စက်မှုဇုန်စက်ရုံများသို့ ကွင်းဆင်းအားပေး


Ministry of Information/ Naypyitaw / August 03, 2024
image_latest


ရန်ကုန် ဩဂုတ် ၂

အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နံနက်ပိုင်းတွင် ဒဂုံမြို့သစ်(တောင်ပိုင်း) စက်မှုဇုန်ရှိ King Lead Co.,ltd နှင့် Emeral Foot Wear (Shoe) Co.,ltd အထည်ချုပ်စက်ရုံနှင့် ဖိနပ်စက်ရုံများသို့ ကွင်းဆင်းအားပေးသည်။

ဦးစွာ စက်ရုံအစည်းအဝေးခန်းမတွင် စက်ရုံတာဝန်ခံများ၊ မန်နေဂျာများ၊ ကြီးကြပ်ရေးမှူးများနှင့် စက်ရုံအလုပ်သမားအဖွဲ့အစည်းဝင်များ၊ လုပ်ငန်းခွင်ညှိနှိုင်းရေး ကော်မတီဝင်များ၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးတာဝန်ခံများက လုပ်ငန်းခွင်အခြေအနေများ ရှင်းလင်းတင်ပြမှုကို ဒုတိယဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းပေးပြီး စက်ရုံအတွင်း လှည့်လည်ကြည့်ရှု၍ လုပ်သားများကို ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးသည်။

ယင်းနောက် ဒုတိယဝန်ကြီးက CMP လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် CMP လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီနှင့် ဆပ်ကော်မတီများဖွဲ့စည်း၍ CMP လုပ်ငန်း စနစ်တကျရှိစေရေး ကြီးကြပ်ဆောင်ရွက်ပေးနေကြောင်း၊ ဆပ်ကော်မတီအလိုက် ကွင်းဆင်းစစ်ဆေးတွေ့ရှိချက် အစီရင်ခံစာကို CMP လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီ၏ အတည်ပြုချက်ဖြင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ တင်ပြလျက်ရှိကြောင်း။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကုန်ထုတ်စွမ်းအားတိုးတက်ရေးအတွက် အလေးထားဆောင်ရွက်ရန်နှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဒုတိယဦးစားပေးဆောင်ရွက်ရန် လမ်းညွှန်မှာကြားချက်နှင့်အညီ ပုဂ္ဂလိကလုပ်ငန်းများတိုးတက်စေရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ဒေသဆိုင်ရာအစိုးရနှင့် ပုဂ္ဂလိကအသင်းအဖွဲ့များက တာဝန်ယူ၊ တာဝန်ခံခြင်းဖြင့် တက်ညီလက်ညီ အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ CMP စက်ရုံ၊ အလုပ်ရုံများတွင် လုပ်ငန်းခွင်တည်ငြိမ်အေးချမ်းရေး၊ ကုန်ထုတ်စွမ်းအားတိုးတက်ရေး၊ အလုပ်သမားရေးရာ အငြင်းပွားမှုလျော့နည်းပပျောက်စေရေး တည်ဆဲအလုပ်သမားရေးရာဥပဒေများနှင့်အညီ အလုပ်ရှင်၊ အလုပ်သမားများက ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်ပေးရန် ဆွေးနွေးမှာကြားသည်။

မွန်းလွဲပိုင်းတွင် ဒဂုံမြို့သစ်(တောင်ပိုင်း)စက်မှုဇုန်ရှိ Dangon Talent Co.,Ltd နှင့် Woorie MJ Shirts Co.,Ltd အထည်ချုပ်စက်ရုံများသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး အလုပ်သမားရေးရာ ဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ရေး၊ လုပ်သားများ၏ သက်သာချောင်ချိရေးနှင့် လူမှုကာကွယ်စောင့်ရှောက်ရေးအတွက် အလုပ်ရှင်၊ အလုပ်သမားအပြန်အလှန်နားလည်ယုံကြည်မှု၊ စေတနာပါမှုတို့ဖြင့် ဆောင်ရွက်ပေးရန် မှာကြားကာ စက်ရုံအတွင်းအလုပ်သမားများ အေးချမ်းစွာလုပ်ကိုင်နေမှုအခြေအနေများကို ကြည့်ရှုအားပေးသည်။

သတင်းစဉ်

Newspaper - 2879 items

၁၃၈၆ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၄ ရက် ၊ သြဂုတ် ၃ ရက် ၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ August 03, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၃ ရက်၊ သြဂုတ် ၂ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ August 02, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၂ ရက်၊ သြဂုတ် ၁ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ August 01, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၁ ရက်၊ ဇူလိုင် ၃၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ July 30, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၀ ရက်၊ ဇူလိုင် ၃၀ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ July 29, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၉ ရက်၊ ဇူလိုင် ၂၉ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ July 29, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၈ ရက်၊ ဇူလိုင် ၂၈ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ July 28, 2024

Publication Date: 2024

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၇ ရက်၊ ဇူလိုင် ၂၇ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ July 27, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၆ ရက်၊ ဇူလိုင် ၂၆ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ July 26, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၅ ရက်၊ ဇူလိုင် ၂၅ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ July 25, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download