Latest News - 75031 items

မြို့နယ်အချို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

Ministry of Information / Posted on April 26, 2024

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ပူးပေါင်းအဖွဲ့သည် ဧပြီ ၁၉ ရက် မွန်းလွဲ ၁ နာရီက အင်းစိန်မြို့နယ် ကြို့ကုန်း(အရှေ့)ရပ်ကွက်၌ သန်းထွန်း(ခ)ဦးထွန်း မောင်းနှင်ပြီး မနန်းဆိုင်ဆာ(ခ)အေးယိမ်း လိုက်ပါလာသည့် TOYOTA Vitz အမျိုးအစားယာဉ်ကို သတင်းအရရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား တစ်သိန်းကိုလည်းကောင်း၊ အလားတူ မွန်းလွဲ ၂ နာရီတွင် ရွှေပြည်သာမြို့နယ် (၂၀)ရပ်ကွက် မြောင်းမြလမ်းရှိ မနန်းဆိုင်ဆာ(ခ)အေးယိမ်း၏ နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၃ ဒသမ ၅ သိန်းကိုလည်းကောင်း။

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

Ministry of Information / Posted on April 26, 2024

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

အပြည်ပြည်ဆိုင်ရာ ကုန်တင်ကုန်ချ ယာယီဆိပ်ကမ်းများမှ အိမ်နီးချင်းနိုင်ငံများသို့ ပို့ကုန်လုပ်ငန်းများ ဆောင်ရွက်နိုင်ပြီ

Ministry of Information / Posted on April 26, 2024

ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်၌ တည်ဆောက်ထားသော ရွှေမဲဆိပ်ကမ်းနှင့် မုတ္တမဆိပ်ကမ်းတို့ကို အိမ်နီးချင်းနိုင်ငံများသို့ ကုန်တင်ပို့နိုင်သည့် အပြည်ပြည်ဆိုင်ရာ ကုန်တင်ကုန်ချယာယီဆိပ်ကမ်းအဖြစ် အကောက်ခွန်ဦးစီးဌာနမှ ၂၀၂၄ ခုနှစ် ဧပြီ ၂၄ ရက်မှစ၍ စတင်ခွင့်ပြုခဲ့ပြီးဖြစ်သည်။

အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းများမှ ကျောင်းအခြေပြုသင်တန်းဖွင့်လှစ်ရန် သင်တန်းသားခေါ်ယူခြင်း

Ministry of Information / Posted on April 26, 2024

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနသည် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ပုသိမ်၊ တောင်ငူ၊ မြစ်ကြီးနား၊ ဖျာပုံ၊ စစ်တွေ၊ ရွာငံနှင့် ထားဝယ်မြို့တို့တွင် အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းများအား ဖွင့်လှစ်ထားရှိကာ စက်ချုပ်သင်တန်းများ (မိန်းမဝတ်၊ ကလေးဝတ်၊ ကျားရှပ်၊ တိုက်ပုံ၊ ကုတ်အင်္ကျီ)၊ လက်မှုသင်တန်း၊ မုန့်မျိုးစုံပြုလုပ်နည်းသင်တန်း၊ အစားအစာချက်ပြုတ်နည်းသင်တန်းနှင့် ပန်းအလှပြင်သင်တန်း စသည့်သင်တန်းများကို ဘဏ္ဍာရေး နှစ်တစ်နှစ်လျှင် သင်တန်းအပတ်စဉ်(၈)ခု၊ အပတ်စဉ်တစ်ခုလျှင် (၆)ပတ်ကြာသင်ကြားပေးလျက်ရှိသည့်အပြင် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ပုသိမ်ကျောင်းများ၌ စနေ၊ တနင်္ဂနွေနေ့များတွင်လည်း အထူးသင်တန်းများအား ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါသည်။

(၅၃) ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ခရီးသွားလုပ်ငန်းအဖွဲ့အစည်းအဝေးနှင့် မဲခေါင်ခရီးသွားလုပ်ငန်းဖိုရမ် - ၂၀၂၄ ကျင်းပ

Ministry of Information / Posted on April 26, 2024

(၅၃) ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ခရီးသွားလုပ်ငန်းအဖွဲ့အစည်းအဝေး၊ မဟာမဲခေါင်ဒေသခွဲ ခရီးသွားလုပ်ငန်းညှိနှိုင်းရေးရုံးဘုတ်အဖွဲ့အစည်းအဝေးနှင့် မဲခေါင် ခရီးသွားလုပ်ငန်းဖိုရမ်-၂၀၂၄ တို့ကို ဧပြီ ၂၃ ရက်မှ ၂၅ ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် လီဂျန့်မြို့တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိရာ မဟာမဲခေါင်ဒေသခွဲနိုင်ငံများမှ ခရီးသွားလုပ်ငန်းအာဏာပိုင် အဖွဲ့ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ၊ မဲခေါင်ခရီးသွားလုပ်ငန်း ညှိနှိုင်းရေးရုံးမှ အလုပ်အမှုဆောင် ဒါရိုက်တာ၊ ဒေသတွင်းခရီးသွား လုပ်ငန်းဆိုင်ရာ အစိုးရပုဂ္ဂလိက ကိုယ်စားလှယ်များနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ ပညာရှင်များ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံမှ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော် ဦးဆောင်၍ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ခေါင်လန်ဖူးမြို့နယ် ခေါင်လန်ဖူး - ဆရမ်ဖာလမ်း မြေသားလမ်းနှစ်မိုင် ဖောက်လုပ်ပြီးစီး

Ministry of Information / Posted on April 26, 2024

နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာနှစ် နယ်စပ် ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ၂၆၃ သန်းဖြင့် ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ် ခေါင်လန်ဖူးမှ ဆရမ်ဖာကျေးရွာသို့ ဆက်သွယ်သည့် လမ်း ၁၂ မိုင် ၄ ဖာလုံအနက် ၂ မိုင် မြေသားလမ်းဖောက်လုပ်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ဆောင်ရွက် ပြီးစီးပြီဖြစ်ကြောင်း ပူတာအိုခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်‌ရေးရုံးမှ သိရသည်။

နေပြည်တော်ကောင်စီနယ်မြေ၌ ဆီထွက်သီးနှံ မြေပဲ၊ နှမ်း၊ နေကြာနှင့် ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ညှိနှိုင်းစည်းဝေး

Ministry of Information / Posted on April 26, 2024

နေပြည်တော်ကောင်စီနယ်မြေ၌ ဆီထွက်သီးနှံ မြေပဲ၊ နှမ်း၊ နေကြာနှင့် ဝါသီးနှံ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ညနေပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး၊ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုး၊ ဦးစီးဌာနများမှ တာဝန်ရှိသူများ၊ ဆီထွက်သီးနှံဇုန်တာဝန်ခံများ တက်ရောက်ကြသည်။

ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ကိုယ်စားပြုပြသမည့် ပြခန်းပြင်ဆင်ဆောင်ရွက်နေမှု၊ ဓာတ်အားစဉ်ဆက်မပြတ် ဖြန့်ဖြူးပေးနိုင်ရေးဆောင်ရွက်ထားရှိမှု ကြည့်ရှုစစ်ဆေး

Ministry of Information / Posted on April 26, 2024

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဒုတိယဝန်ကြီး ဦးအေးကျော်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)သို့ သွားရောက်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် လူရည်ချွန်မောင်မယ်များ ဩဝါဒခံယူပွဲအခမ်းအနားတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ကိုယ်စားပြုပြသမည့် ပြခန်းပြင်ဆင်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) နှင့် အမှတ် (၂) တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀) တို့၌ အလုပ်သမားဝန်ကြီးဌာနရှိဝန်ထမ်းများ စုပေါင်းသွေးလှူဒါန်း

Ministry of Information / Posted on April 26, 2024

မေ ၁ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အလုပ်သမားဝန်ကြီးဌာနမှ ဝန်ထမ်းများ စုပေါင်းသွေးလှူဒါန်းပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) နှင့် အမှတ် (၂) တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀) တို့၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်အားပေးကြသည်။

တရားမဝင် သစ်မျိုးစုံ၊ စားသောက်ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများနှင့်မော်တော်ယာဉ်များ ဖမ်းဆီးရမိ

Ministry of Information / Posted on April 26, 2024

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ရာတွင် ဧပြီ ၂၃ ရက်တွင် လှည်းကူးမြို့နယ်နှင့် တိုက်ကြီးမြို့နယ်တို့အတွင်း၌ တရားမဝင်အခြားသစ် ၁၈ ဒဿမ ၈၈၃ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၆၆၁၄၆) ကို သစ်တောဥပဒေအရလည်းကောင်း၊

Newspaper - 2737 items

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၃ ရက်၊ ဧပြီ ၂၆ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ April 26, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက်၊ ဧပြီ ၂၅ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 25, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 24, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၂၃ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 23, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ ဧပြီ ၂၂ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 22, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက် ၊ ဧပြီ ၁၆ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 16, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၇ ရက် ၊ ဧပြီ ၁၅ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 15, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၆ ရက် ၊ ဧပြီ ၁၄ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ April 14, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၅ ရက် ၊ ဧပြီ ၁၃ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ April 13, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၄ ရက် ၊ ဧပြီ ၁၂ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ April 12, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download