ကယားလုံချည်၊ ထမီ၊ ပဝါနဲ့ အသုံးအဆောင်အမျိုးမျိုးသာမက နာမည်ကျော် ကယားရိုးရာ ဝက်အူချောင်းနဲ့ စားသောက်ကုန် တွေကိုလည်း လာရောက်လေ့လာကြည့်ရှုပြီး ဝယ်ယူအားပေးနိုင်ပါတယ်၊ အခုနှစ်မှာ အထူးအနေနဲ့ ဝါးလက်မှုပစ္စည်းတွေကို ထည့်သွင်းပြသ ရောင်းချသွားမှာဖြစ်ပါတယ်
ကယားလုံချည်၊ ထမီ၊ ပဝါနဲ့ အသုံးအဆောင်အမျိုးမျိုးသာမက နာမည်ကျော် ကယားရိုးရာ ဝက်အူချောင်းနဲ့ စားသောက်ကုန် တွေကိုလည်း လာရောက်လေ့လာကြည့်ရှုပြီး ဝယ်ယူအားပေးနိုင်ပါတယ်၊ အခုနှစ်မှာ အထူးအနေနဲ့ ဝါးလက်မှုပစ္စည်းတွေကို ထည့်သွင်းပြသ ရောင်းချသွားမှာဖြစ်ပါတယ်
Ministry of Information/ Naypyitaw / February 09, 2026
ဦးစောဟူးဟူး
(၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်(နေပြည်တော်)ကို နေပြည်တော်ရင်ပြင်၌ ဖေဖော်ဝါရီ ၈ ရက်မှစ၍ ဖေဖော်ဝါရီ ၁၃ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။ ခြောက်ရက်တာ ကျင်းပမည့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်တွင် နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဒေသထွက်ကုန်များ၊ ရိုးရာအစားအသောက်များ၊ ဒေသန္တရထွက်ကုန်များ၊ တန်ဖိုးမြင့်ထုတ်ကုန်များ၊ MSME ထုတ်ကုန်များကို အမျိုးအစားစုံလင်စွာ ပြသရောင်းချလျက်ရှိရာ ထိုသို့လာရောက်ပြသရောင်းချကြသည့် MSME လုပ်ငန်းရှင်များ၊ ပြခန်းတာဝန်ရှိသူများနှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြအပ်ပါသည်-
ဦးစောဟူးဟူး သယံဇာတရေးရာဝန်ကြီး ကယားပြည်နယ်အစိုးရအဖွဲ့
ကျွန်တော်တို့ ပြည်နယ်အနေနဲ့ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြခန်းမှာ ပြည်နယ်ရဲ့ မွေးမြူရေးထုတ်ကုန်တွေ၊ စိုက်ပျိုးရေးထုတ်ကုန်တွေအပါအဝင် ဒေသထွက် MSME ထုတ်ကုန်တွေ၊ တန်ဖိုးမြင့်ထုတ်ကုန်တွေကို ခင်းကျင်းပြသရောင်းချသွားမှာဖြစ်ပါတယ်။ မွေးမြူရေးထုတ်ကုန်အနေနဲ့ ဒိန်ချဉ်၊ ပေါင်းခံနွားနို့၊ ပျားရည်၊ ပျားဖယောင်း၊ ပျား ဝတ်မှုန်နဲ့ ကြက်သွန်ဖြူပျားရည်တွေ၊ စိုက်ပျိုးရေး ထုတ်ကုန်တွေအနေနဲ့ အဓိကကတော့ ဆန်မွှေးနဲ့ နှမ်း၊ အစေ့ထုတ်ပြောင်း၊ ပင်နံငရုတ်သီးခြောက် စတာတွေအပါအဝင် အမယ်စုံ ခင်းကျင်းပြသ ရောင်းချမှာပါ။ ဒါတွေက ကယားပြည်နယ်ရဲ့ဒေသတစ်ခု ထွက်ကုန်တစ်ခုအနေနဲ့ ထုတ်လုပ်တဲ့ပစ္စည်းတွေဖြစ်ပါတယ်။ ပြီးတော့ ပြည်နယ်ကနေ အခုလိုဈေးရောင်း ပွဲတော်ကို လာရောက်ရောင်းချ တိုင်းလူကြိုက်များပြီး ရောင်းအားကောင်းတဲ့ ရွာသစ်အုန်းဆီလည်း ရောင်းချပေးမှာ ဖြစ်ပါတယ်။ ဖရူဆိုမြို့နယ် ဒေသထွက်ကော်ဖီ မှုန့်နဲ့ လက်ဖက်ခြောက်တွေလည်းပါပါတယ်၊ ကယားလုံချည်၊ ထမီ၊ ပဝါနဲ့ အသုံးအဆောင်အမျိုးမျိုးသာမက နာမည်ကျော်ကယားရိုးရာ ဝက်အူချောင်းနဲ့ စားသောက်ကုန်တွေကိုလည်း လာရောက်လေ့လာကြည့်ရှုပြီး ဝယ်ယူအားပေးနိုင်ပါတယ်။ အခုနှစ်မှာ အထူးအနေနဲ့ ဝါးလက်မှုပစ္စည်းတွေကို ထည့်သွင်းပြသရောင်းချသွားမှာဖြစ်ပါတယ်။ ကယားရိုးရာ စားသောက်ဆိုင်မှာတော့ ရိုးရာအစားအစာတွေဖြစ်တဲ့ ကယားဆန်ပြုတ်၊ ကယားဝက်အူချောင်း၊ ခရုပြုတ်၊ ဟင်းထုပ်နဲ့ ကယားခေါင်ရည်တွေ ရရှိနိုင်မှာဖြစ်ပါတယ်။ ဒေသရဲ့ အငွေ့အသက်ပါဝင်အောင် ပြင်ဆင်ချက်ပြုတ် ခင်းကျင်းထားတာဖြစ်လို့ ရိုးရာဓလေ့ကို ခံစားလေ့လာရင်း၊ ကယားပြည်နယ်ရဲ့ တိုင်းရင်းသားရိုးရာ အစားအစာတွေကို မြည်းစမ်းရင်လာရောက်ဖို့ ဖိတ်ခေါ်အပ်ပါတယ်။
ဦးမောင်မောင်ဦး၊ စီးပွားရေးရာ ဝန်ကြီး၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့
ဧရာဝတီတိုင်းဒေသကြီး ပြခန်းမှာဆိုရင် သားငါးကဏ္ဍနဲ့ မွေးမြူရေးထုတ်ကုန်တွေ၊ ဒါတွေနဲ့ပတ်သက်တဲ့ တန်ဖိုးမြှင့်ထုတ်ကုန်တွေကို ပြသထားပါတယ်။ လယ်ယာနဲ့ ပတ်သက်ပြီးတော့ ဒေသထွက် ဆန်အမျိုးမျိုး၊ အထူးသဖြင့် အရည်အသွေးကောင်း ဓာတုကင်းလွတ်တဲ့ ပေါ်ဆန်းဆန်ကိုလည်း ပြသထားပါတယ်။ နိုင်ငံခြားပို့ကုန် ပေါင်းဆန်တွေ လည်း ပြသထားပါတယ်။ တိုင်းဒေသကြီးမှာ စိုက်ပျိုးပြီး ပြည်ပကို စပို့နေပြီဖြစ်တဲ့ ပီလောပီနံမျိုးတွေ ကို ပြသထားပါတယ်။ ဧရာဝတီတိုင်းဒေသကြီးက ထွက်ရှိတဲ့အတွက် ကြိမ်၊ ဝါးနဲ့ ပတ်သက်တဲ့ အိမ်အသုံးအဆောင်ပစ္စည်းတွေကို ပြသထားပါတယ်။ ပြပွဲမှာ လာရောက်ပြသတဲ့ လုပ်ငန်းရှင်တွေအနေနဲ့ သုံးစွဲမယ့်သူတွေနဲ့ တိုက်ရိုက်ထိတွေ့လို့ရတယ်။ ဈေးကွက် ထိုးဖောက်လို့ရတဲ့အပြင် ဒီပြပွဲမှာ တစ်ခါတည်း ရောင်းဝယ်သွားလို့ရတယ်။ ဒီပြပွဲ မှာ ကျွန်တော်တို့ တိုင်းဒေသကြီးက ပြကွက်တစ်ခုအနေနဲ့ ကွန်ပျူတာတက္ကသိုလ်နဲ့ MSME Agency ပူးပေါင်းဆောင်ရွက်ထားတဲ့ ကွန်ပျူတာတက္ကသိုလ် ကျောင်းသားတွေရဲ့ ဖန်တီးမှုလည်းပါဝင်ပါတယ်။ ဒီမှာပြသရောင်းချတဲ့ ပစ္စည်းတွေအားလုံးကို ကွန်ပျူတာပေါ်ကနေတင်ပြီး ရောင်းချပေးတဲ့အတွက် ဖုန်းထဲကနေ ဝယ်လို့ရပါတယ်။ ဒေသခံပြည်သူတွေအနေနဲ့ ပြပွဲကို လာရောက်လေ့လာပြီး ဈေးနှုန်းသက်သက်သာသာနဲ့ ဝယ်ယူသုံးစွဲ ခွင့်ရရှိမှာဖြစ်ပါတယ်။ ပြီးတော့ ဧရာဝတီတိုင်းဒေသကြီးထဲက စားသောက်ကုန်တွေက ကျန်းမာရေးနဲ့လည်း သင့်တော်ပါတယ်၊ စားသုံးသူတွေအတွက် အရသာလည်းရှိပါတယ်၊ တန်ဖိုးအသင့်အတင့်နဲ့ ဝယ်ယူသုံးစွဲနိုင်မှာဖြစ်တဲ့အတွက် လာရောက်ဝယ်ယူ အားပေးကြဖို့ဖိတ်ခေါ်ပါတယ်။
ဦးဆန်းထွဋ်ကို၊ ညွှန်ကြားရေးမှူး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ပြခန်းတာဝန်ခံ
နိုင်ငံတော် အကြီးအကဲတွေက MSME ကို အားပေးနေတဲ့အချိန် ဖြစ်တဲ့အတွက် MSME လုပ်ငန်းရှင် တွေအနေနဲ့ ကိုယ့်လုပ်ငန်း တိုးတက်ဖို့ အခွင့်အလမ်းတွေ အများကြီးရှာနိုင်တဲ့ အချိန်ကောင်းဖြစ်ပါတယ်။ အခုနှစ် ကျွန်တော်တို့ တိုင်းဒေသကြီး ကိုယ်စားပြုပြခန်းမှာ တိုင်းဒေသကြီးက ထွက်ရှိတဲ့ ထုတ်ကုန် အမယ်ပေါင်း ၄၃၄ မျိုးကို ခင်းကျင်း ပြသရောင်းချပေးသွားမှာဖြစ်ပါတယ်။ လူသုံးကုန်၊ စားသောက် ကုန်တွေကို အမယ်စုံလင်စွာ ပါဝင် ပြသထားတယ်။ ကျောင်းသား လူငယ်တွေ၊ ပြပွဲလာ ပြည်သူတွေ ဗဟုသုတ ရရှိစေဖို့အတွက် Touch Screen သယ်လာပြီးတော့ မန္တလေးတိုင်းဒေသကြီးနဲ့ပတ်သက်တဲ့ MSME ဆိုင်ရာ အချက်အလက် တွေကိုလည်း အလွယ်တကူ ကြည့်ရှုနိုင်အောင် ပြသပေးထားပါ တယ်။ စွမ်းအင်လျှော့ချရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် Solar တွေ၊ EV မော်တော်ဆိုင်ကယ်တွေ၊ Agro Based စိုက်မွေးထုတ်ကုန်ပစ္စည်းတွေကို တိုင်းဒေသကြီးမှာထွက်တဲ့ ထုတ်ကုန်တွေကို အသုံးပြုပြီး ကုန်ချောထုတ်လုပ်လို့ရနိုင်တဲ့ပစ္စည်းတွေ၊ စိုက်မွေးကုန်ကြမ်းတွေကို အသုံးပြုပြီးတော့ ထုတ်လုပ်လို့ရတဲ့ပစ္စည်းတွေကို ဒီနှစ်မှာ ဦးစားပေးပြသထားပါတယ်။
မန္တလေးတိုင်းဒေသကြီးအနေနဲ့ ဒေသထွက်အရောင်းဆိုင်ပြခန်းမှာဆိုရင် ဒေသထွက်အစားအစာတွေကိုလည်း ရောင်းချပေးသွားမှာဖြစ်ပါတယ်။ မန္တလေးတိုင်းဒေသကြီးရဲ့ အဓိကနာမည်ကြီးတဲ့ နန်းကြီးသုပ်၊ မန္တလေးမြီးရှည်အပြင် ဒေသအစားအစာအမျိုး ၃၀ ကျော်ကို ရောင်းချပေးသွားမှာဖြစ်တဲ့အတွက် လာရောက်ဝယ်ယူ မြည်းစမ်းနိုင်ပါတယ်။ ပြင်ဦးလွင် ဒေသထွက်ကော်ဖီကို အဓိက ထားပြီးတော့ ရောင်းချမှာဖြစ်ပြီး သီးသန့်ဆိုင်ခန်းနဲ့ ရောင်းချ ပေးသွားမယ့် အစီအစဉ်ရှိပါ တယ်။
ဦးကျော်ဝင်း၊ ဒုတိယဥက္ကဋ္ဌ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း
အထည်ချုပ်လုပ်ငန်းအပါအဝင် CMP လုပ်ငန်းတွေက ငွေအရင်းအနှီးနဲ့ နည်းပညာတွေ မပြည့်စုံ ခင်ကာလမှာ ကိုယ့်နိုင်ငံထဲက လူ့စွမ်းအား အရင်းအမြစ်တွေ အားလုံး အရည်အသွေးမြင့်လာ အောင် သူများအရင်းအနှီးနဲ့ ကျွမ်းကျင်မှုကို သင်ကြားပေးတဲ့ လုပ်ငန်းဖြစ်ပါတယ်၊၊ အခုဖွံ့ဖြိုးတဲ့ နိုင်ငံတွေမှာ CMP စနစ်ကနေပဲ ဖွံ့ဖြိုးတိုးတက်သွားကြတာ ဖြစ်ပါ တယ်။ CMPဆိုတာ Industria-lization ရဲ့ ပထမဦးဆုံး လှေကားထစ်ပဲဖြစ်ပါတယ်၊၊ ဒီလှေကားထစ် ကို ပိုင်ပိုင်နိုင်နိုင်နင်းတဲ့အချိန်မှာ နိုင်ငံထဲမှာရှိတဲ့ အခြေခံလူတန်းစား တွေအတွက် အလုပ်အကိုင် အဆင်ပြေမှုဆိုတဲ့ အကျိုးရလဒ်ကို ရရှိပါတယ်၊၊ အခြေခံလူတန်းစား စားဝတ်နေရေး အဆင်ပြေဖို့ ဒီလုပ်ငန်းတွေက အထောက်အပံ့ ပြုပါတယ်။ ဒီပြပွဲမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အားလုံးက ဒေသထွက်ထုတ်ကုန် ပစ္စည်းတွေရောင်းချကြတာပါ။ ကျွန်တော်တို့ အသင်းကတော့ CMP လို့ခေါ်တဲ့ လက်ခစားစနစ်နဲ့ အလုပ်လုပ်တဲ့ စက်ရုံတွေကထွက်ရှိတဲ့ ထုတ်ကုန်တွေကို လာရောက်ပြသတာဖြစ်ပါတယ်၊၊ CMP ဆိုတာက ကုန်ကြမ်းပေးကုန်ကြမ်းချောယူဆိုတဲ့ သဘောဖြစ်ပါတယ်။ ကုန်ချောဖြစ်သွားအောင်လုပ်တဲ့အတွက် လက်ခတွေရရှိပြီး ဝင်ငွေရရှိတာဖြစ်ပါတယ်။ ဒါကြောင့် ဒီပြပွဲကြီး များ လာရောက်လေ့လာကြတဲ့ ပြည်သူတွေကို သိရှိအောင် ခင်းကျင်းပြသပေးတာဖြစ်ပါတယ်၊၊ ဒီလုပ်ငန်းတွေကို ပြည်တွင်းက လုပ်ငန်းရှင်တွေ စိတ်ဝင်စားတယ်ဆိုရင် ပြည်ပလုပ်ငန်းရှင်တွေနဲ့ချိတ်ဆက်ပြီး လုပ်ဆောင်နိုင်ဖို့၊ စက်ရုံအသစ် ထူထောင်ဖို့၊ ကုမ္ပဏီအသစ်တစ်ခု ထူထောင်နိုင်ဖို့ ဘယ်လို အချက်အလက်တွေ လိုအပ်တယ်ဆိုတာကို အသင်းအနေနဲ့ ကူညီပံ့ပိုးပေးသွားမှာပါ၊၊
အခုလို နိုင်ငံတော်က MSME ပြပွဲ တွေကို တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ကျင်းပပေးတာ အင်မတန်ကောင်းမွန်ပါတယ်၊၊ ဒီ MSME လုပ်ငန်းတွေရဲ့ အခုလိုပြပွဲတွေကတစ်ဆင့် စီးပွားရေးလုပ်ငန်း အဝန်းအဝိုင်းထဲ ရောက်ရှိလာကြမယ်၊ အချိတ်အဆက်တွေ အားကောင်းမယ်၊ အခွင့်အလမ်းတွေကောင်းလာမယ်။ အများကြီးအကျိုးရှိပါတယ်။ ပြီးတော့ လက်တွေ့ အလုပ်လုပ်တဲ့အခါမှာ ဘယ်လိုလုပ်လို့ရတယ်၊ ဘယ်လိုလုပ်သင့်တယ်ဆိုတာတွေ ဥပဒေအပိုင်းတွေနဲ့ စည်းမျဉ်းစည်းကမ်း အပိုင်းတွေကိုပါ နားလည်သိရှိခွင့် ရမှာဖြစ်တဲ့အတွက် များစွာအကျိုးရှိပါတယ်။
ဒေါ်နှင်းစံပယ်ဖြူ အွန်ဖ စားသောက်ကုန်လုပ်ငန်း၊ ရှမ်းပြည်နယ်ကိုယ်စားပြု ပြခန်း
ကျွန်မက ရှမ်းပြည်နယ်ကနေ လာရောက်ပြသတဲ့ လုပ်ငန်းရှင်တစ်ဦးဖြစ်ပါတယ်။ အရင်ပြပွဲ တွေကတည်းက လာရောက်ပြသရောင်းချတာဖြစ်ပါတယ်။ ဒီလို ပြသရောင်းချတော့ လုပ်ငန်းရှင် တစ်ယောက်အနေနဲ့ အခွင့်အလမ်းတွေ၊ အတွေ့အကြုံတွေ အများကြီးရတဲ့အတွက် အခုနှစ် လည်း ပါဝင်တာပါ။ ပြခန်းတွေက တိုင်းဒေသကြီးနဲ့ ပြည်နယ်အစုံက လာရောက်ဖွင့်လှစ်ကြတာဖြစ်တဲ့အတွက် ကုန်ပစ္စည်းချင်းလည်း ဖလှယ်ခွင့်ရခဲ့ပါတယ်။ ဒီနှစ်မှာ ရှမ်းပြည်နယ်က ထုတ်ကုန်အသစ်တွေ၊ လုပ်ငန်းရှင်အသစ်တွေကိုပါ ခေါ်ခဲ့ပါတယ်။ ကျွန်မရဲ့ထုတ်ကုန်ပစ္စည်းဆိုရင် Shopping Mall တွေနဲ့ အချိတ်အဆက်ရှိပေမယ့် တခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်က လုပ်ငန်းရှင်တွေနဲ့ ချိတ်ဆက်ပြီး အခွင့်အလမ်းအသစ်တွေ ထပ်မံရရှိခဲ့ပါတယ်။ ပြီးတော့ ပြပွဲကနေ ပြည်တွင်းသာမက နိုင်ငံတကာက သံအမတ်တွေနဲ့ Face to Face online ချိတ်ဆက်ခွင့်ရတဲ့ အတွက်နည်းပညာ၊ ဗဟုသုတတွေလည်း ရရှိခဲ့ပါတယ်။
တွေ့ဆုံမေးမြန်း - မျိုးဆက်သစ်
ဓာတ်ပုံ - အောင်မင်းထိန်
Newspaper - 3455 items
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက် ၊ ဖေဖော်ဝါရီ ၂၈ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ February 28, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက် ၊ ဖေဖော်ဝါရီ ၂၇ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ February 27, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက် ၊ ဖေဖော်ဝါရီ ၂၆ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ February 26, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက် ၊ ဖေဖော်ဝါရီ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ February 25, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက် ၊ ဖေဖော်ဝါရီ ၂၄ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ February 24, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၂၃ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ February 23, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၇ ရက် ၊ ဖေဖော်ဝါရီ ၂၂ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ February 22, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၆ ရက် ၊ ဖေဖော်ဝါရီ ၂၁ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ February 21, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၅ ရက် ၊ ဖေဖော်ဝါရီ ၂၀ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ February 20, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၄ ရက် ၊ ဖေဖော်ဝါရီ ၁၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ February 19, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
