ကရင်ပြည်နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
ကရင်ပြည်နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Kayin State Government/ ကရင်ပြည်နယ်အစိုးအဖွဲ့ / April 24, 2025

ဘားအံ - ဧပြီ (၂၄)
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ၏ (၁/၂၀၂၅)ကြိမ်မြောက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ဧပြီလ ၂၄ ရက်နေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက အဓိကကျသည့် အခြေခံစားသောက်ကုန်ဈေးနှုန်းများတည် ငြိမ်မှုရှိစေရေးအတွက် ဆောင်ရွက်၍ရသည့်စီမံခန့်ခွဲရေးနည်းလမ်းများဖြင့် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ကြစေလို ပြီး စိုက်ပျိုးမွေးမြူရေးကိုအခြေခံသောကုန်ထုတ်လုပ်ငန်းများတိုးတက်မြင့်မားလာစေရေး ကျေးရွာများအထိ တစ်နိုင် တစ်ပိုင်စိုက်ပျိုးမွေးမြူလာစေရန် တွန်းအားပေးကြပ်မတ်ဆောင်ရွက်ကြစေလိုကြောင်း၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေးကို ပျက်ပြားစေသည့်မည်သည့်ကိစ္စရပ်များကိုမဆို ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ထိထိရောက်ရောက်အရေးယူ ဆောင်ရွက်ဖို့လိုပြီး ကုန်စည်စီးဆင်းမှုမှန်ကန်မြန်ဆန်စေရေး ညှိနှိုင်းဆောင်ရွက်ပေးဖို့လိုကြောင်း၊ လယ်ယာကဏ္ဍနှင့် မွေးမြူရေးကဏ္ဍတို့တွင် ကုန်ထုတ်လုပ်မှုတိုးတက်လာစေရန် အားပေးမြှင့်တင်၍ ထုတ်လုပ်မှုနှင့်စားသုံးမှု ကိုက်ညီအောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက ယခင်အပတ်အစည်းအဝေးဆုံးဖြတ်ချက်များ အပေါ်လိုက်နာဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်း ရေးစီမံကြီးကြပ်မှုအဖွဲ့အတွင်းရေးမှူးက စားအုန်းဆီ၊ ဆန် အစရှိသောအခြေခံစားကုန်များအား သက်သာသောနှုန်း ထားများဖြင့်ရောင်းချပေးနေမှု၊ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကိုအခြေခံသည့် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက် ရေးကြိုးပမ်းဆောင်ရွက်နေမှုများကိုလည်းကောင်း၊ ပြည်နယ်ကုန်ဈေးနှုန်းစစ်ဆေးရေးအဖွဲ့ အတွင်းရေးမှူးက ဈေးကွက်အတွင်း အသား၊ ငါး၊ ဥအမျိုးမျိုးနှင့် စားဖိုဆောင်သီးနှံများ ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးကြိုးပမ်း ဆောင် ရွက်နေမှုများကိုလည်းကောင်း၊ ပြည်နယ်ကုန်စည်စီးဆင်းမှုမှန်ကန်မြန်ဆန်စေရေးကြီးကြပ်မှုအဖွဲ့ အတွင်းရေးမှူးက တရားမဝင်ကုန်စည်စီးဆင်းမှုမရှိစေရေး အရေးယူဆောင်ရွက်မှုအခြေအနေများကိုလည်းကောင်း၊ ပြည်နယ်စိုက်ပျိုး မွေးမြူရေးထုတ်ကုန်များတိုးတက်ဖော်ဆောင်ရေးအဖွဲ့အတွင်းရေးမှူးက စိုက်ပျိုးသီးနှံများတစ်ဧကအထွက်နှုန်း တိုးတက်ရေးနှင့် ပန်းတိုင်အထွက်နှုန်းပြည့်မီကျော်လွန်ရေး၊ ကုန်ထုတ်လုပ်မှုဆိုင်ရာရင်းနှီးစရိတ်နှင့် သွင်းအားစုစရိတ် များလျော့ကျစေရေး၊ သားငါးတိုးတက်မွေးမြူထုတ်လုပ်နိုင်ရေးဆောင်ရွက်လျက်ရှိသည့် အစီအစဉ်များကိုလည်း ကောင်း အသီးသီးဆွေးနွေးတင်ပြကြသည်။
ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက သက်ဆိုင်ရာခရိုင်များအလိုက် ဒေသကုန်ဈေးနှုန်း အခြေအနေ၊ သတ်မှတ်လုပ်ငန်းတာဝန်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်မှု၊ အခွန်လွတ်ဈေးများပုံမှန် လည်ပတ်နိုင်ရေး ကြီးကြပ်ဆောင်ရွက်မှု၊ တရားမဝင်ကုန်စည်စီးဆင်းမှုမရှိစေရေး စိစစ်ကြပ်မတ်ဆောင်ရွက်မှုများကို ဆွေးနွေးတင်ပြကြရာ တက်ရောက်လာသူများက ဝိုင်ဝန်းအကြံပြုဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပါသည်။
Newspaper - 3158 items

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက်၊ မေ ၁၀ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက်၊ မေ ၉ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 09, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက်၊ မေ ၈ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 08, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက်၊ မေ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 07, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက်၊ မေ ၆ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက်၊ မေ ၅ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက်၊ မေ ၄ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက်၊ မေ ၃ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက်၊ မေ ၂ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 02, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက်၊ မေ ၁ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ April 30, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download