ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ရေကြီးနစ်မြုပ်မိုးစပါးစိုက်ခင်းများအား ယူရီးယား/သဘာဝမြေဩဇာများ ထောက်ပံ့၊ ယာယီရေဘေးကယ်ဆယ်ရေးစခန်းများရှိ အိမ်ထောင်စုများအား စားသောက်ကုန်များထောက်ပံ့


Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ / September 17, 2024


ဘားအံ - စက်တင်ဘာ (၁၄)

            ကရင်ပြည်နယ်အတွင်း ဇူလိုင်လနှင့်ဩဂုတ်လအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စိုက်ပျိုးပြီးမိုးစပါး များ ရေကြီးနစ်မြုပ်မှုများဖြစ်ပွားခဲ့ရာ စက်တင်ဘာလ ၁၄ ရက်နေ့ နံနက် ၈ နာရီက ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ သည် ဘားအံမြို့နယ်၊ ကော့သင်းရှူးကျေးရွာတွင် ရေကြီးနစ်မြုပ်မိုးစပါးစိုက်ခင်းများအတွက် ယူရီးယား/သဘာဝမြေ ဩဇာများကို ထောက်ပံ့ပေးအပ်ပြီး မြေဩဇာစုပေါင်းကြဲပက်ခြင်းနှင့် ပိုးမွှားရောဂါစုပေါင်းကာကွယ်နှိမ်နှင်းခြင်းတို့ကို ကြည့်ရှုအားပေးခဲ့ကြသည်။

            ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ကော့သင်းရှူးကျေးရွာနှင့်ပတ်ဝန်းကျင်ကျေးရွာများမှ မိုးစပါး စိုက်တောင်သူများနှင့်တွေ့ဆုံ၍ ကမ္ဘာနှင့်အဝှမ်း ရာသီဥတုပြောင်းလဲမှုများဖြစ်ပေါ်နေသည့်အတွက် ရေကြီးရေလွှမ်း ခြင်း၊ မိုးခေါင်ရေရှားခြင်းစသည့် သဘာဝဘေးဒဏ်များကို ကြံ့ကြံ့ခံရင်ဆိုင်ပြီး စိုက်ပျိုးထားသည့်သီးနှံများ ပျက်စီးဆုံးရှုံးမှုမဖြစ်အောင် ကြိုးစားအားထုတ်ကြစေလိုကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း တောင်သူများ ၏ လိုအပ်ချက်များကို ရှေးရှုပြီး အဖက်ဖက်မှကူညီအားပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

            ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ က ကော့သင်းရှူးကျေးရွာနှင့်ပတ်ဝန်းကျင်ကျေးရွာများမှ မိုးစပါးစိုက်တောင်သူများအား ယူရီးယာဓါတ်မြေဩဇာ ၂၅ အိတ်နှင့် သဘာဝမြေဩဇာ ၂၅ အိတ်တို့ကိုထောက်ပံ့ပေးအပ်ခဲ့ကြသည်။

            ယင်းနောက် ရေကြီးနစ်မြုပ်မိုးစပါးစိုက်ခင်းများအား မြေဩဇာများစုပေါင်းကြဲပက်ခြင်းနှင့် ပိုးမွှားရောဂါ စုပေါင်းကာကွယ်နှိမ်နင်းခြင်းကိုလက်တွေ့သရုပ်ပြသရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့၊ ဌာနဆိုင်ရာများ၊ ကော့သင်းရှူး ကျေးရွာနှင့်ပတ်ဝန်းကျင်ကျေးရွာများမှ မိုးစပါးစိုက်တောင်သူများက ကြည့်ရှုအားပေးခဲ့ကြသည်။

            ကရင်ပြည်နယ်အတွင်း မိုးစပါဧက (၄၂၇၃၂၉)ဧကစိုက်ပျိုးရန်လျာထားပြီး ဩဂုတ်လကုန်ထိ (၂၉၉၉၉၆)ဧက စိုက်ပျိုးပြီးဖြစ်ရာ ရေကြီးရေလျှံမှုဖြစ်စဉ်များကြောင့် စိုက်ပျိုးပြီးမိုးစပါး(၃၂၃၅၄)ဧကရေလွှမ်းခံခဲ့ရပြီး စာရင်းများအရ (၂၄၃၆၆)ဧကထိခိုက်၍ (၁၃၁၄၆)ဧကပျက်စီးခဲ့ကြောင်း၊ ပျက်စီးလယ်မြေများပြန်လည်စိုက်ပျိုးနိုင်ရန် ပြည်နယ်အစိုးရ အဖွဲ့က မျိုးစပါး(၃၀၂၀)တင်း၊ ယူရီးယား(၇၅၀)အိတ်၊ ပိုတက်ရှ်(၅၀၀)အိတ်နှင့်ပိုးသတ်ဆေးဖျန်းပုံး(၁၀၀)ပုံးကိုဝယ်ယူ  စုဆောင်းခဲ့ပြီး တောင်သူများအား ထောက်ပံ့ပေးအပ်မှုများဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

            သံလွင်မြစ်ရေသည် ယနေ့နံနက်တိုင်းတာချက်များအရ ဘားအံမြို့၏စိုးရိမ်ရေမှတ်(၇၅၀)စင်တီမီတာအထက် ၉၆၉ စင်တီမီတာသို့ စံချိန်တင်ကျော်လွန်ရောက်ရှိနေပြီး အနိမ့်ပိုင်းလူနေရပ်ကွက်အတွင်းရေများဝင်ရောက်လာကာ ဆက်လက်နေထိုင်ရန်မသင့်တော်တော့သည့်အတွက် ရေဘေးကယ်ဆယ်ရေးစခန်းများဖွင့်လှစ်၍ယာယီပြောင်းရွှေ့နေ ထိုင်စေခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော်ယာယီရေဘေးကယ်ဆယ်ရေး စခန်းတွင် ယာယီပြောင်းရွှေ့နေထိုင်သော အိမ်ထောင်စု ၂၃၃ စု၊ လူဦးရေ ၁၁၈၆ ဦး၊ ဘားအံမြို့ မိုးလုံလေလုံ အားကစားခန်းမ ယာယီကယ်ဆယ်ရေးစခန်းတွင် အိမ်ထောင်စု ၁၈၇ စု၊ လူဦးရေ ၈၀၃ ဦး၊ ဘားအံမြို့ အမှတ်()အခြေခံပညာအထက်တန်းကျောင်း ယာယီရေဘေးကယ်ဆယ်ရေးစခန်းရှိ အိမ်ထောင်စု ၃၂၂ စု၊ လူဦးရေ ၁၄၄၆ ဦးတို့အား သွားရောက်တွေ့ဆုံအားပေး စကားပြောကြားပြီး ဆန်၊ ဆီ၊ ကြက်ဥအစရှိသော စားသောက်ကုန် ပစ္စည်းများထောက်ပံ့ပေးအပ်ခဲ့ကြသည်။

            ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံ-လှိုင်းဘွဲကားလမ်းမကြီး၊ တံတားအမှတ် ၁/၄ ၊ မဲဘောင်တံတား၌ သံလွင်မြစ်ရေလျှံတက်မှုနှင့် တံတားကြံ့ခိုင်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူ များအားလိုအပ်သည်များမှာကြားခဲ့ပါသည်။

Newspaper - 3044 items

၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၂ ရက် ၊ ဇန်နဝါရီ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ January 14, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁ ရက် ၊ ဇန်နဝါရီ ၁၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ January 13, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်နေ့ ၊ ဇန်နဝါရီ ၁၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ January 13, 2025

Publication Date: 2025

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁၄ ရက်၊ ဇန်နဝါရီ ၁၂ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ January 12, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁၃ ရက်၊ ဇန်နဝါရီ ၁၁ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ January 11, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁၂ ရက်၊ ဇန်နဝါရီ ၁၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ January 10, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁၁ ရက်၊ ဇန်နဝါရီ ၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ January 09, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁၀ ရက်၊ ဇန်နဝါရီ ၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ January 07, 2025

Publication Date: 2025

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၉ ရက်၊ ဇန်နဝါရီ ၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ January 07, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၈ ရက်၊ ဇန်နဝါရီ ၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ January 06, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download