ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး တည်ဆောက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး


Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး / February 15, 2026


ဘားအံ ဖေဖော်ဝါရီ ၁၅

ဒေသတွင်း ပညာရေး၊ ကျန်းမာရေး၊ လူစွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများ၏ လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်ရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လိုအပ်သည့်အခြေခံ အဆောက်အဦများကို ဘဏ္ဍာနှစ်များအလိုက်လျာထားတည်ဆောက်ပေးလျက်ရှိရာ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နံနက်ပိုင်း က ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများသည် ဘားအံမြို့ပေါ်ရှိ တည်ဆောက်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ဘားအံမြို့၊ လှာကမြင် ကွက်သစ်၌ ပြည်ထောင်စုရန်ပုံငွေကျပ် ၃၉၈၀ ဒဿမ ၅ သန်းဖြင့် အားကစားနှင့်ကာယပညာဦးစီးဌာန လှာကမြင် အားကစားကွင်း၊ ဇွဲကပင်အားကစားရုံ (၂၀၀ ပေ x ၁၃၀ ပေ) အဆောက်အဦတည်ဆောက်ခြင်းလုပ်ငန်းအား ကြည့်ရှု စစ်ဆေးရာ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနညွှန်ကြားရေးမှူး၊ တာဝန်ရှိတည်ဆောက်သည့် ဒီဇိုင်းမန္တလေး ကုမ္ပဏီတို့မှ တာဝန်ရှိသူများက အဆောက်အဦတစ်ခုလုံး၏ ၉၈ ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်း လင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အားကစားရုံအား လှည့်လည်ကြည့်ရှုစစ်ဆေးကာ သတ်မှတ် စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေးပြည့်မီရေး၊ သတ်မှတ်အချိန်ကာလအတွင်းပြီးစီးဖွင့်လှစ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် တာဝန်ရှိသူများအား မှာကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူများသည် ဘားအံမြို့၊ လှာကမြင်(ကွက်သစ်) အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် အခြေခံပညာဦးစီးဌာန ပြည်ထောင်စုအထွေထွေ ပိုလျှံရန်ပုံငွေကျပ်(၃၄၀ ဒဿမ ၂၉၀)သန်းဖြင့် နန်းအေးရိပ်ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်သော ၁၂၀ပေ x ၃၀ပေ RCC တစ်ထပ် ကျောင်းဆောင်သစ်တည်ဆောက်ရေးလုပ်ငန်း ၇၀ ရာခိုင်နှုန်းခန့် တည်ဆောက်ပြီးစီးနေမှုကိုလည်းကောင်း၊ လှာကမြင် ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် အခြေခံပညာဦးစီးဌာန ပြည်ထောင်စုအထွေထွေပိုလျှံရန်ပုံငွေကျပ်(၂၅၃ ဒဿမ ၉၆၃ )သန်းဖြင့် ဆပ်သဖူးကုမ္ပဏီမှ တာဝန်ယူတည်ဆောက်သော ၉၀ပေ x ၃၀ပေ RCC တစ်ထပ် ကျောင်းဆောင်သစ်တည်ဆောက်ရေးလုပ်ငန်း ၆၀ ရာခိုင်နှုန်းခန့်တည်ဆောက်ပြီးစီးမှု အခြေအနေ များကိုလည်းကောင်း၊ မဲဘောင်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် အခြေခံ ပညာဦးစီးဌာန ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေကျပ်( ၁၇၅ ဒဿမ ၅၄၃ )သန်းဖြင့် Local Enigneer Group ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်သော ၆၀ ပေ x ၃၀ပေ RCC တစ်ထပ် Plinth Level (၄)ပေ၊ ကျောင်းဆောင်သစ် တည်ဆောက်ရေးလုပ်ငန်း ၉၀ ရာခိုင်နှုန်းခန့်တည်ဆောက်ပြီးစီးမှုအခြေအနေများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ပညာရေးမှူးရုံးဒုတိယညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး အဆိုပါကျောင်းများတွင် စာသင်ခန်း၊ စာသင်ဆောင်၊ ပရိဘောဂ၊ သင်ထောက်ကူပစ္စည်းများနှင့် ရေ၊ မီး၊ မိလ္လာပြည့်စုံလုံလောက်မှုရှိမရှိ ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူများသည် ဘားအံတက္ကသိုလ်ပရိဝုဏ် အတွင်း ၁၁၀ပေ x ၉၀ပေ RCC (၂)ထပ် Recreation Center (အပန်းဖြေရိပ်သာ) တည်ဆောက်ရေးလုပ်ငန်း ၉၈ ရာခိုင် နှုန်းခန့်ပြီးစီးမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးရာ ဘားအံတက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာစိုးစိုးအေးနှင့် တာဝန်ယူ တည်ဆောက်သည်ကုမ္ပဏီတို့က တည်ဆောက်ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီး ချုပ်က သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေးပြည့်မီရေး၊ သတ်မှတ်ကာလအတွင်းအချိန်မီပြီးစီးရေး၊ မြေယာ ရှုခင်းလုပ်ငန်းများစနစ်တကျဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများအား မှာကြားခဲ့ပါသည်။

Newspaper - 3442 items

၁၃၈၇ ခုနှစ်၊ တပို့တွဲလကွယ်နေ့ ၊ ဖေဖော်ဝါရီ ၁၅ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ February 15, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၃ ရက် ၊ ဖေဖော်ဝါရီ ၁၄ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ February 14, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၂ ရက် ၊ ဖေဖော်ဝါရီ ၁၃ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ February 13, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၁ ရက် ၊ ဖေဖော်ဝါရီ ၁၂ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ February 12, 2026

Publication Date: 2026

Page: 32 pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၀ ရက် ၊ ဖေဖော်ဝါရီ ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ February 11, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၉ ရက် ၊ ဖေဖော်ဝါရီ ၁၀ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ February 10, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၈ ရက် ၊ ဖေဖော်ဝါရီ ၉ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ February 09, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၇ ရက် ၊ ဖေဖော်ဝါရီ ၈ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ February 08, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၆ ရက် ၊ ဖေဖော်ဝါရီ ၇ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ February 07, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၅ ရက် ၊ ဖေဖော်ဝါရီ ၆ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ February 06, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download