ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး သံလွင်မြစ်ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး


Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး / April 23, 2026


ဘားအံ - ဧပြီ (၂၃)

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်း သံလွင်မြစ်ရေသည် နှစ်စဉ်မိုးရာသီတွင်ရေကြီးရေလျှံမှုများဖြစ်ပွားလေ့ ရှိပြီး ရေတိုက်စားမှုကြောင့် လူနေအိမ်ခြံဝင်းများ၊ ဥယျာဉ်ခြံမြေစိုက်ခင်းများ၊ မြစ်ကမ်းပါးပြိုကျမှုများ ဖြစ်ပွားလျက်ရှိ သဖြင့် ကရင်ပြည်နယ်အစိုးရအဖွဲ့ခွင့်ပြုရန်ပုံငွေ၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေတို့ဖြင့် သံလွင်မြစ်ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ဧပြီလ ၂၃ ရက်နေ့ နံနက် ပိုင်းက ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများသည် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘားအံမြို့နယ်၊ ကော့လှိုက်ကျေးရွာ၊ သံလွင်မြစ်ကမ်းပြိုကာ ကွယ်ရေးလုပ်ငန်းအား ကြည့်ရှုစစ်ဆေးရာ ရှင်းလင်းဆောင်၌ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန၊ဒေသ(၁၁)၊ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ညွန်ကြားရေးမှူးက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် Porcupine (၈၅ပေx ၂၅၀ ပေ)၊ ၊Porcupine(၇၀၀)ခု၊ Porcupineရေကာ(၅၀၀ပေ x ၇၀ပေ)၊ Geo Bag ကမ်းထိန်း(၆၀၀)ပေ၊ Porcupine (၃၀၀ပေ x ၇၀ပေ)၊ သဲစုပ်သောင်တူး၍မြေဖို့ခြင်းလုပ်ငန်းများ၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်နယ်ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် Geo Bag ရေကာ(၂၀၀)ပေ၊ မျောရေကာ(၁၅၀)ပေ၊ သဲစုပ်သောင်တူးဖို့ခြင်း၊ Geo Bag မြေထိန်းတမံ (၆၀၀)ပေ(၂)ခု၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေဖြင့် Bored Pile အခြေပြုကျောက်စီမြေထိန်း နံရံအလျား ၁၀၀၀ ပေ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ မေးမြန်းဆွေးနွေး၍ တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကာ ကမ်းပြိုကာကွယ်ရေးလုပ်ငန်း များအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဘားအံမြို့နယ်၊ ကော့လှိုက်ကျေးရွာ၊ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းတွင် လုပ်ငန်းအမျိုးအစားမတူညီသော ကမ်းပြိုကာကွယ်ရေးလုပ်ငန်း စုစုပေါင်း အလျားပေ ၂၈၀၀ ရှိပြီး ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်သော လုပ်ငန်းအားလုံး ၁၀၀ ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးကာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ဆောင်ရွက်သောလုပ်ငန်းမှာ ၈၅ ရာခိုင်နှုန်းကျော်ပြီးစီး၍ မကြာမီ ၁၀၀ ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးမည်ဖြစ်သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကရင်ပြည်နယ်အစိုးရအဖွဲ့ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဘားအံမြို့၊ အမှတ်(၈)ရပ်ကွက်၊ ရွှေကင်း(၈)လမ်းတွင် Well Pile အခြေပြုကျောက်စီမြေထိန်းနံရံ အလျား(၁၄၀)ပေ ၊ ရွှေကင်း(၇)လမ်းတွင် WellPile အခြေပြုကျောက်စီမြေထိန်းနံရံ အလျား(၂၆၀)ပေ၊ ရွှေကင်း(၅)လမ်းတွင် Well Pile အခြေပြုကျောက်စီမြေထိန်းနံရံ အလျား(၂၀၀)ပေ သံလွင်မြစ်ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ၉၀ ရာခိုင်နှုန်းကျော်ဆောင် ရွက်ပြီးစီးမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ အမှတ်(၉)ရပ်ကွက်၊ ဇွဲကပင်ကုန်းအား သန့်ရှင်းသော သောက်ရေ၊သုံးရေများ ပေးဝေဖြန့်ဖြူးနိုင်ရေးအတွက် ကရင်ပရိယတ္တိစာသင်တိုက်ပရိဝုဏ်အတွင်း ၄ လက်မ စက်ရေ တွင်း(၂)တွင်းဖြင့် ဂါလံ ၇၃၀၀ ဆံ့မြေပေါ်ရေလှောင်ကန်တစ်ကန်၊ အမြင့်တင်ရေစင်(၁)ခုနှင့်ရေစက်ရုံတို့ကို ၁၀၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးကြရာ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစောခေါင်ပန်ထော့၊ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ပြီးစီး မှုနှင့် ဇွဲကပင်ကုန်းအား နွေရာသီတွင် ရေလုံလောက်ဖြန့်ဖြူးပေးနိုင်ရေးအတွက် ကရင်ပရိယတ္တိစာသင်တိုက်၊ မိဂဒါစိန်ဘုန်းတော်ကြီးကျောင်းတို့တွင် စက်ရေတွင်းများတူးဖော်ပြီးစီးဖြန့်ဖြူးပေးမည့်အခြေအနေ၊ ကြာအင်းတောင်ခြေ မဟာအတုလရန်အောင်ကျောင်းတွင် တွင်းသစ်တူးဖော်ရန်လျာထားဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြ ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များမှာကြားခဲ့ပါသည်။

 

 

Newspaper - 3504 items

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက် ၊ ဧပြီ ၂၃ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 23, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက် ၊ ဧပြီ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 22, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက် ၊ ဧပြီ ၂၁ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 21, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက် ၊ ဧပြီ ၂၀ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 20, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက် ၊ ဧပြီ ၁၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 14, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက် ၊ ဧပြီ ၁၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 13, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက် ၊ ဧပြီ ၁၂ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ April 12, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက် ၊ ဧပြီ ၁၁ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ April 11, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက် ၊ ဧပြီ ၁၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ April 10, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၈ ရက် ၊ ဧပြီ ၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 09, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download