ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ဌာနဆိုင်ရာများ၏စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်မှုများကြည့်ရှုအားပေး
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ဌာနဆိုင်ရာများ၏စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်မှုများကြည့်ရှုအားပေး
Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး / May 16, 2026
ဘားအံ - မေ (၁၆)
ကရင်ပြည်နယ်၏မြို့တော်ဘားအံမြို့ကို သန့်ရှင်းသာယာလှပသော အစိမ်းရောင်ခရီးသွားမြို့တော် ဖြစ်စေရေး မေလ ၁၆ ရက်နေ့ နံနက်ပိုင်းက ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် ပြည်နယ်ပြည်သူ့ဆေးရုံကြီး (ဘားအံ)နှင့် အခြေခံပညာကျောင်းများတွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစော မြင့်ဦးနှင့်တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
ဦးစွာ ပြည်နယ်ပြည်သူ့ဆေးရုံကြီး(ဘားအံ)၏ ပင်မဆောင်နှင့်ဂီလာနသံဃာဆောင်ဝန်းကျင်၊ (၄)ထပ်လူနာ ဆောင်ဝန်းကျင်တို့တွင် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှဦးဆောင်၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်ကုသရေးဦးစီး ဌာနမှဝန်ထမ်းများ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များမှတပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်ရပ်ကွက်နေပြည်သူများပူးပေါင်း၍ ဆေးရုံအတွင်း ၊ အပြင် ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး၊ သစ်ပင်၊ သစ်ကိုင်း များရှင်းလင်းခြင်း၊ ခြုံနွယ်ပေါင်းမြက်များခုတ်ထွင် ရှင်း လင်းခြင်း၊ ရေနုတ်မြောင်းများရေစီးရေလာကောင်းမွန်ရေး တူးဖော်ရှင်းလင်းခြင်းတို့ကို ယာဉ်၊ယန္တရားများအသုံးပြု၍ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုအားပေးပြီး ပြည်သူလူထု၏ကျန်းမာရေးတိုးတက် ကောင်းမွန်လာစေရေးအတွက် ဆေးရုံများအား သန့်ရှင်းသပ်ရပ်သောပတ်ဝန်ကျင်ကောင်းများအဖြစ် အစဉ်ဖန်တီးပေး ကြရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ အမှတ်(၃)အခြေ ခံပညာအထက်တန်းကျောင်းတို့တွင် ကျောင်းပရိဝုဏ်အတွင်း/အပြင်တို့၌ ဌာနဆိုင်ရာများနှင့်ရပ်ကွက်နေပြည်သူများပူး ပေါင်း၍ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်ခြင်းအား လှည့်လည်ကြည့်ရှုအားပေးကာ တာဝန်ရှိသူများအား လိုအပ် သည်များမှာကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၌ သံလွင်မြစ်ရေ ရေကြီးရေလျှံမှုလျော့နည်းသက်သာ စေရေး ဘားအံ-ကော့ထော်ရွာသစ် မြစ်ရေလျှံရေကြီးမှုကာကွယ်ရေး တာတည်ဆောက်မည့်စီမံကိန်းမြေပြင်ဧရိယာအား ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးဦးတင်မျိုးလှိုင်က တာအူကြောင်းတည်နေရာနှင့် မြေသားတာပြုလုပ်မည့်ပုံစံတို့ကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က သိရှိလိုသည် များမေးမြန်းဆွေးနွေး၍ သံလွင်မြစ်၏အမြင့်ဆုံးထူးကဲရေအမှတ် ၉၆၈ စင်တီမီတာအထက်ကျော်လွန်၍ တာအမြင့်(Crest Level) ၁၂၀၀ စင်တီမီတာ၊ ထိပ်ဝအကျယ် ၁၅ ပေ၊ ပျမ်းမျှအမြင့် ၁၅ ပေမြှင့်တင်၍ ကော့ထော်ရွာသစ်မှ ရွှေယဉ်မျှော်ပြည် တော်ဧစေတီတော်ထိ အလျား ၂၃၀၀၀ ပေရှိ မြေသားတာတည်ဆောက်မည့်နေရာအား လိုက်လံကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့သည်။
ဆက်လက်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းရှင်များ တွေ့ဆုံပွဲအခမ်းအနားကို မေလ ၁၆ ရက်နေ့ နံနက် ၁၀ နာရီက ရက်ကန်းနှင့်သက်မွေးပညာသင်တန်းကျောင်း(ဘားအံမြို့)၌ ကျင်းပရာ ပြည်နယ် ဝန်ကြီးချုပ်က အသေးစားစက်မှုလက်မှုလုပ်ငန်းကဏ္ဍသည် ဒေသတွင်းအလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရုံ သာမက မိသားစုတစ်ပိုင်တစ်နိုင်စီးပွားရေးမှ နိုင်ငံတော်၏ထုတ်ကုန်(GDP)မြှင့်တင်ရေးအထိ အခြေခံအကျဆုံးနှင့်အရေးပါ ဆုံးအခန်းကဏ္ဍက ပါဝင်နေကြောင်း၊ လုပ်ငန်းရှင်များ၏အသံကိုတိုက်ရိုက်နားထောင်၍ မည်ကဲ့သို့ပံ့ပိုးကူညီမှုများဆောင် ရွက်ပေးရမည်ကို လက်တွေ့ကျကျဖော်ဆောင်လို၍ ယခုကဲ့သို့တွေ့ဆုံရခြင်းဖြစ်ပြီး တစ်ဦးချင်းစီ၏လုပ်ငန်းများအောင်မြင် ဖြစ်ထွန်းကာ မိမိတို့၏မိသားစု၊ မိမိတို့၏ဒေသနှင့် နိုင်ငံ့စီးပွားရေးကို တစ်ထောင့်တစ်နေရာမှနေ၍ ဝိုင်းဝန်းမြှင့်တင်ပေး နိုင်ကြပါစေကြောင်း ပြောကြားသည်။
ထို့နောက် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးက ဌာန၏လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြပြီး အသေးစားစီးပွားရေးလုပ်ငန်းရှင်(၂)ဦးက လုပ်ငန်းအတွေ့အကြုံများကို မျှဝေပြောကြားကာ ပြည်နယ် ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် တက်ရောက်လာသောလုပ်ငန်းရှင်(၅၀)ဦးအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အား ပေးစကားများပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များသည် အသေးစားစက်မှုလက်မှုလုပ်ငန်းရှင်များ ခင်းကျင်းပြသထားသည့် ဒေသထွက်ကုန်များကို အခြေခံထုတ်လုပ်သော စားသောက်ကုန်များနှင့်လူသုံးကုန်ပစ္စည်းများကို လှည့်လည်ကြည့်ရှုအားပေးကာ ကုန်ကြမ်းရရှိမှု၊ ကုန်ချောထုတ်လုပ်မှုနှင့် ဈေးကွက်ရရှိမှုအခြေအနေများကို မေးမြန်းဆွေးနွေး၍ လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဖြည့် ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။







Newspaper - 3527 items
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁ ရက် ၊ မေ ၁၆ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 16, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လကွယ်နေ့ ၊ မေ ၁၅ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 15, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၄ ရက်၊ မေ ၁၄ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 14, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၃ ရက်၊ မေ ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 13, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၂ ရက်၊ မေ ၁၂ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ May 12, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၁ ရက်၊ မေ ၁၁ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ May 11, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၀ ရက်၊ မေ ၁၀ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ May 10, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၉ ရက်၊ မေ ၉ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 09, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၈ ရက်၊ မေ ၈ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 08, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၇ ရက်၊ မေ ၇ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 07, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
