ကရင်ပြည်နယ်၊ ဘားအံမြို့နယ်နှင့် မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တို့၌ လိုင်စင်မဲ့ မော်တော်ယာဉ်များ ဖမ်းဆီးအရေးယူ


Ministry of Home Affairs/ နေပြည်တော် / February 25, 2026


   ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၂ ရက်နှင့် ၂၃ ရက်က ကရင်ပြည်နယ်၊ ဘားအံမြို့နယ်နှင့် မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တို့၌ လိုင်စင်မဲ့ မော်တော်ယာဉ်များ ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

     ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၂ ရက် မွန်းလွဲ ၃ နာရီ ၃၀ မိနစ်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ သံလွင်တံတားပူးပေါင်းစစ်ဆေးရေးဂိတ်၌ ဘားအံမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၊ ဘဝိုင်းကျေးရွာနေ ချစ်ကိုကို(၃၆)နှစ် မောင်းနှင်လာသည့် YGN-40/3F-XXXX VIGO မော်တော်ယာဉ်၊ မအူပင်မြို့နယ်၊ လက်ပံကျွန်းကျေးရွာနေ တင်ကိုလင်း(၃၁)နှစ် မောင်းနှင်လာသည့် KYN-4/9P-XXXX TOYOTA ALPHARD မော်တော်ယာဉ်၊ ကန်ကြီးထောင့်မြို့နယ်၊ အစုကြီးကျေးရွာနေ ဝင်းကိုအောင်(၂၉)နှစ် မောင်းနှင်လာသည့် KYN-7/9K-XXXX NISSAN VANETTE မော်တော်ယာဉ်၊ ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်၊ မိုးခိုင်ကြီးကျေးရွာနေ တင်မောင်ထွန်း(၂၈)နှစ် မောင်းနှင်လာသည့် YGN-7/7L-XXXX HONDA FIT SHUTTLE မော်တော်ယာဉ်နှင့် ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ်(၉)ရပ်ကွက်နေ ဇေယျာနိုင်(၂၂)နှစ် မောင်းနှင်လာသည့် YGN-8/4K-XXXX NISSAN X-TRAIL မော်တော်ယာဉ်တို့အား ရပ်တန့်စစ်ဆေးခဲ့ရာ အဆိုပါမော်တော်ယာဉ်များနှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ မော်တော်ယာဉ်များဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ချစ်ကိုကို အား ဘားအံမြို့မရဲစခန်း (ပ)၄၂/၂၀၂၆၊ တင်ကိုလင်း အား ဘားအံမြို့မရဲစခန်း (ပ)၄၃/၂၀၂၆၊ ဝင်းကိုအောင် အား ဘားအံမြို့မရဲစခန်း (ပ)၄၄/၂၀၂၆၊  ဇေယျာနိုင် အား ဘားအံမြို့မရဲစခန်း (ပ)၄၆/၂၀၂၆၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် လည်းကောင်း။

    အလားတူ ဖေဖော်ဝါရီ ၂၃ ရက် ည ၇ နာရီတွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ဖားအောက်ရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များက ကြာအင်းကျေးရွာ “စွမ်းမြန်မာ” စက်သုံးဆီဆိုင်ရှေ့၌ ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် မုဒုံမြို့မှ မော်လမြိုင်မြို့ဘက်သို့ ရေးမြို့နယ်၊ ရန်မျိုးအောင်ရပ်ကွက်နေ ဖြိုးဝေလင်း(၄၅)နှစ် မောင်းနှင်လာသည့် MON-10/4S-XXXX MG EXTENDER မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ အဆိုပါမော်တော်ယာဉ်နှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ မော်တော်ယာဉ်ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ဖြိုးဝေလင်း အား မုပွန်နယ်မြေရဲစခန်း (ပ)၃၄/၂၀၂၆၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် လည်းကောင်း အသီးသီးအမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။ 

Newspaper - 3452 items

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက် ၊ ဖေဖော်ဝါရီ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ February 25, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက် ၊ ဖေဖော်ဝါရီ ၂၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ February 24, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၂၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ February 23, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၇ ရက် ၊ ဖေဖော်ဝါရီ ၂၂ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ February 22, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၆ ရက် ၊ ဖေဖော်ဝါရီ ၂၁ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ February 21, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၅ ရက် ၊ ဖေဖော်ဝါရီ ၂၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ February 20, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၄ ရက် ၊ ဖေဖော်ဝါရီ ၁၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ February 19, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၃ ရက် ၊ ဖေဖော်ဝါရီ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ February 18, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၂ ရက် ၊ ဖေဖော်ဝါရီ ၁၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ February 17, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁ ရက် ၊ ဖေဖော်ဝါရီ ၁၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ February 16, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download