ကိုဗစ်-၁၉ အထူးချေးငွေရန်ပုံငွေမှ လေကြောင်းပို့ဆောင်ရေးကဏ္ဍ၊ နေကြာသီးနှံနှင့် ဆီထွက်သီးနှံကဏ္ဍများသို့ အသီးသီးထုတ်ချေးခဲ့ပြီး အချို့မှာ ချေးငွေများ အပြေအကြေ ပြန်လည်ပေးဆပ်နိုင်ခဲ့
ကိုဗစ်-၁၉ အထူးချေးငွေရန်ပုံငွေမှ လေကြောင်းပို့ဆောင်ရေးကဏ္ဍ၊ နေကြာသီးနှံနှင့် ဆီထွက်သီးနှံကဏ္ဍများသို့ အသီးသီးထုတ်ချေးခဲ့ပြီး အချို့မှာ ချေးငွေများ အပြေအကြေ ပြန်လည်ပေးဆပ်နိုင်ခဲ့
Ministry of Information/ Naypyitaw / December 24, 2025
နေပြည်တော် ဒီဇင်ဘာ ၂၃
ကိုဗစ်-၁၉ အထူးချေးငွေဦးဆောင်ကော်မတီအစည်းအဝေး (၁/၂၀၂၅) ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ရုံးအမှတ် (၄၆) ရှိ ပြည်တွင်းအခွန်များဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ကိုဗစ်-၁၉ အထူးချေးငွေဦးဆောင်ကော်မတီဥက္ကဋ္ဌ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီနှင့် ပြည်ထောင်စုအစိုးရအဖွဲ့တို့၏ ခွင့်ပြုချက်ဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ခဲ့ရ သည့် နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများ၊ နိုင်ငံတော်နှင့် အကျိုးတူပူးပေါင်းဆောင်ရွက်သည့် မြန်မာနိုင်ငံသားပိုင် အဖွဲ့အစည်းများ၊ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုသော မြန်မာနိုင်ငံသားပိုင် စီးပွားရေးလုပ်ငန်းကြီးများသို့ စီးပွားရေးလုပ်ငန်းများ ပုံမှန်လည်ပတ်နိုင်ရန်နှင့် စီးပွားရေးပြန်လည်ဦးမော့လာစေရန်အတွက် ချေးငွေများ ထုတ်ချေးနိုင်ရန် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ လွှဲပြောင်းပေးသည့် ကျပ် ၂၁၄ ဒသမ ၀၉၆ ဘီလီယံကို ၂၀၂၁ ခုနှစ် အောက်တိုဘာ ၂၅ ရက်တွင် မြန်မာ့စီးပွားရေးဘဏ်၌ “ကိုဗစ်-၁၉ အထူးချေးငွေရန်ပုံငွေစာရင်း” (OA-013830) ကို ဖွင့်လှစ်ထိန်းသိမ်းထားရှိဆောင်ရွက်ခဲ့ကြောင်း၊ ထပ်မံ၍ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ၂၀၂၃ ခုနှစ် မေ ၃၁ ရက်တွင် ငွေကျပ် ၂၅ ဒသမ ၈၂၁ ဘီလီယံကို ထပ်မံခွဲဝေရရှိခဲ့သဖြင့် စုစုပေါင်းရန်ပုံငွေကျပ် ၂၃၉ ဒသမ ၉၁၇ ဘီလီယံရှိခဲ့ကြောင်း။
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ခဲ့ရသည့် စီးပွားရေးလုပ်ငန်းကြီးများသို့ ကိုဗစ်-၁၉ အထူးချေးငွေများ ထုတ်ချေးနိုင်ရန်အတွက် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးဗဟိုကော်မတီ၏ ခွင့်ပြုချက်ဖြင့် “ကိုဗစ်-၁၉ အထူးချေးငွေဦးဆောင်ကော်မတီနှင့် ချေးငွေစိစစ်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့” ဖွဲ့စည်းခဲ့ပြီး ချေးငွေများ စိစစ်ထုတ်ချေးခဲ့ကြောင်း၊ ယခင် ကိုဗစ်-၁၉ အထူးချေးငွေဦးဆောင်ကော်မတီ၏ အစည်းအဝေးအမှတ်စဉ် (၃/၂၀၂၂) ကို ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၄ ရက်တွင် နောက်ဆုံးကျင်းပခဲ့ပြီး အဆိုပါအစည်းအဝေးတွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ခဲ့သည့် လေကြောင်းပို့ဆောင်ရေးကဏ္ဍသို့ ချေးငွေများထုတ်ချေးနိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း။
ယခုအခါ “ကိုဗစ်-၁၉ အထူးချေးငွေဦးဆောင်ကော်မတီနှင့် ချေးငွေစိစစ်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့” တို့ကို ပြင်ဆင်ဖွဲ့စည်းခဲ့ပြီးဖြစ်ကြောင်း၊ ကိုဗစ်- ၁၉ အထူးချေးငွေရန်ပုံငွေမှ လေကြောင်းပို့ဆောင်ရေးကဏ္ဍ၊ နေကြာသီးနှံနှင့် ဆီထွက်သီးနှံကဏ္ဍများသို့ အသီးသီးထုတ်ချေးခဲ့ကြောင်း၊ ယင်းတို့အနက် အချို့ ဌာနများမှာ ချေးငွေများ အပြေအကြေပြန်လည်ပေးဆပ်နိုင်ခဲ့ကြောင်း၊ အချို့လုပ်ငန်းများမှာ ချေးငွေ အရင်း၊ အတိုးများကို ပေးဆပ်လျက်ရှိသော်လည်း အချို့လုပ်ငန်းများမှာ ပြန်လည်ပေးဆပ်ရန် သက်တမ်းစေ့ရောက်ခြင်းမရှိသေးကြောင်း၊ သို့ဖြစ်ရာ ကိုဗစ်-၁၉ အထူးချေးငွေရန်ပုံငွေမှ ချေးငွေများ ထုတ်ချေးထားရှိမှု၊ ပြန်လည်ကောက်ခံရရှိမှုနှင့် လုပ်ငန်းတိုးတက်မှုအခြေအနေများကို သိရှိမှတ်တမ်းတင်နိုင်ရန်နှင့် အကျိုးသက်ရောက်မှုသုံးသပ်ချက် (Impact Analysis) လုပ်နိုင်ရေးအတွက် ယခုအစည်းအဝေးကို ခေါ်ယူကျင်းပခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ကော်မတီအတွင်းရေးမှူး မြန်မာ့စီးပွားရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူးက ကိုဗစ်-၁၉ အထူးချေးငွေရန်ပုံငွေစာရင်း ထူထောင်ခြင်းနှင့် ချေးငွေအပေါ် ဆောင်ရွက်ထားရှိမှုနှင့် ချေးငွေထုတ်ချေးမှုများနှင့်စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးသို့ ခြောက်လတစ်ကြိမ် မှတ်တမ်း တင်ဆောင်ရွက်ထားမှုအခြေအနေများကို ရှင်းလင်း တင်ပြသည်။
ယင်းနောက် ဦးဆောင်ကော်မတီအဖွဲ့ဝင်များက ကိုဗစ်-၁၉ အထူးချေးငွေရန်ပုံငွေမှ ချေးငွေထုတ်ချေးမှုများနှင့် ချေးငွေများအား ပြန်လည်ပေးဆပ်ရန် စေ့ရောက်သည့်အချိန်များတွင် ပြန်လည်ပေးဆပ်နိုင်ရေး ချေးငွေထုတ်ယူထားသောလုပ်ငန်းများနှင့် စဉ်ဆက်မပြတ် ဆက်သွယ်ညှိနှိုင်းဆောင်ရွက်သွားမည့်ကိစ္စရပ်များကို အကြံပြုသုံးသပ်ဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
Newspaper - 3389 items
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၆ ရက် ၊ ဒီဇင်ဘာ ၂၄ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ December 24, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၅ ရက် ၊ ဒီဇင်ဘာ ၂၃ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ December 23, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၄ ရက် ၊ ဒီဇင်ဘာ ၂၂ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ December 22, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၃ ရက် ၊ ဒီဇင်ဘာ ၂၁ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ December 21, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၂ ရက် ၊ ဒီဇင်ဘာ ၂၀ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ December 20, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁ ရက် ၊ ဒီဇင်ဘာ ၁၉ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ December 19, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လကွယ်နေ့ ၊ ဒီဇင်ဘာ ၁၈ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ December 18, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၃ ရက်၊ ဒီဇင်ဘာ ၁၇ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ December 17, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၂ ရက်၊ ဒီဇင်ဘာ ၁၆ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ December 16, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၁ ရက်၊ ဒီဇင်ဘာ ၁၅ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ December 15, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
