ကိုယ့်ရေ၊ ကိုယ့်မြေ၊ ကိုယ့်နိုင်ငံကမ္ဘာတည်သရွေ့ တည်တံ့ရေး
ကိုယ့်ရေ၊ ကိုယ့်မြေ၊ ကိုယ့်နိုင်ငံကမ္ဘာတည်သရွေ့ တည်တံ့ရေး
Ministry of Information/ Naypyitaw / August 13, 2024
မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံ တစ်နိုင်ငံဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လွန်ခဲ့သည့်ရက်သတ္တပတ်များအတွင်း လူထုဆန္ဒပြပွဲများနှင့် အုံကြွမှုများ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီးနောက် ဝန်ကြီးချုပ်ရှိတ်ဟာဆီနာ ရာထူးမှနုတ်ထွက်၍ ပြည်ပသို့ ထွက်ခွာသွားခဲ့ကာ အစိုးရအပြောင်းအလဲဖြစ်ပေါ်ခဲ့သည့် သတင်းများမှာ မိမိတို့နိုင်ငံအဖို့ စိတ်ဝင်စားဖွယ်၊ သတိပြုဖွယ်ပင်ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်တွင် ဖြစ်ပေါ်ခဲ့သည့် ဆန္ဒပြပွဲများသည် အလုပ်အကိုင်နေရာများ ခွဲဝေမှုအပေါ် မကျေနပ်မှုများမှ ထွက်ပေါ်လာသည်ဟုဆိုသော်လည်း ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ခဲ့ရသည်အထိ ဖြစ်ပေါ်ခဲ့သည့် အုံကြွမှုများ၏ နောက်ကွယ်တွင် ပြည်ပစွက်ဖက်မှုတို့ ရှိနေသည်ဟု သတင်းအချို့က ဆိုသည်။
သီရိလင်္ကာ၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာနှင့် ထိုင်းတို့၏ ပင်လယ်ကမ်းရိုးတန်းများနှင့် အနားသတ်ထားသည့် ဘင်္ဂလားပင်လယ်အော်သည် ကမ္ဘာ့အင်အားကြီးတို့၏ အားပြိုင်ပွဲအတွက် မျက်စိကျသည့် နေရာဖြစ်လာနေသည်။ ဘင်္ဂလားပင်လယ်အော်ကို စိုးမိုးနိုင်သူသည် ကမ္ဘာ့ကုန်စည်ကူးသန်းသွားလာမှုနှင့် ရေနံသယ်ယူမှုတို့၏ အရေးပါသည့် ရေလမ်းကြောင်းဖြစ်သည့် မလက္ကာရေလက်ကြားကို ထိန်းချုပ်နိုင်မည်ဖြစ်ရာ ဘင်္ဂလားပင်လယ်အော်အတွင်း စစ်အခြေစိုက်စခန်းများ တည်ဆောက်နိုင်ရန် အင်အားကြီးနိုင်ငံတို့ အာရုံစိုက်လာကြသကဲ့သို့ ဘင်္ဂလားပင်လယ်အော်ပတ်ဝန်းကျင်နိုင်ငံများတွင်လည်း ၎င်းတို့ လိုလားသည့် အစိုးရများက အုပ်ချုပ်နေစေရန် ဖန်တီးလုပ်ဆောင်မှုများ ရှိနေသည်။ ယင်းသို့ဖန်တီးမှုတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပါသွားခဲ့ရခြင်းပင်ဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဖြစ်ပေါ်ခဲ့သည့် ဖြစ်ရပ်များက မိမိတို့နိုင်ငံအဖို့လည်း သတိပြုရန်အချက်ပေးခေါင်းလောင်းထိုးလိုက်ခြင်းလည်းဖြစ်သည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့နောက်ပိုင်း မိမိတို့နိုင်ငံတွင် ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေးအပြောင်းအလဲနှင့် ဆက်စပ်၍ မငြိမ်မသက်မှုများ ဖြစ်ပေါ်လာခဲ့ရာ နိုင်ငံအတွက် များစွာထိခိုက်စေခဲ့သည်။ အထူးသဖြင့် နိုင်ငံအတွက် အသက်သွေးကြောသဖွယ်ဖြစ်သည့် “စည်းလုံးညီညွတ်မှု” အပေါ် များစွာထိခိုက်စေခဲ့ခြင်းပင်ဖြစ်သည်။ လက်ရှိအခြေအနေတွင် လူမျိုးရေးအကြောင်းပြထားသည့် တိုင်းရင်းသားလက်နက်ကိုင် သောင်းကျန်းသူများနှင့် PDF အကြမ်းဖက်အဖွဲ့များက လမ်းတံတားများ၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ အခြေခံအဆောက်အအုံများကို ဖျက်ဆီးခြင်း၊ စစ်ရေးပစ်မှတ်မဟုတ်သည့် ပြည်သူလူထုနေထိုင်ရာ မြို့ရွာများမှ လူနေအိမ်များ၊ ဆေးရုံများ၊ စာသင်ကျောင်းများ၊ ဘာသာရေးအဆောက်အအုံများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်း၊ လူမျိုးရေးမုန်းတီးမှုများနှင့် ခွဲခြားဆက်ဆံမှုများ ပြုလုပ်ခြင်း၊ လုယက်မှုခြိမ်းခြောက်မှုများ ပြုလုပ်ခြင်း၊ အရွယ်မရောက်သေးသူများအပါအဝင် အရပ်သားပြည်သူများကို အဓမ္မစစ်သားစုဆောင်းခြင်းတို့ကို ပြုလုပ်နေကြခြင်းကြောင့် ဒေသခံပြည်သူများမှာ နေရပ်စွန့်ခွာတိမ်းရှောင်နေကြရသည်။ နိုင်ငံတကာအရေး ရှုပ်ထွေးနေချိန်တွင် ပြည်တွင်း၌ တည်ငြိမ်မှုမရှိခြင်းနှင့် စည်းလုံးညီညွတ်မှုလျော့ရဲနေခြင်းတို့က နိုင်ငံနှင့်တကွ နိုင်ငံသူနိုင်ငံသားအားလုံးတို့အတွက် အန္တရာယ်ကြီးသည်။
မိမိတို့ပြည်သူများ သတိပြုရမည်မှာ ယနေ့ကမ္ဘာ့ရေးရာ အခြေအနေများသည် လွန်စွာနက်နဲရှုပ်ထွေးလာခြင်းကြောင့် မိမိတို့မြန်မာနိုင်ငံတော်ကြီး ကမ္ဘာတည်သရွေ့တည်တံ့နေစေရန် မိမိတို့အားလုံးစည်းလုံးညီညွတ်ရန်လိုကြောင်း၊ စည်းလုံးညီညွတ်မှုအားဖြင့်သာ ရင်ဆိုင်နိုင်မှာလည်းဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော်၏ လုံခြုံရေးဆိုင်ရာ အခြေအနေများနှင့်ပတ်သက်၍ ပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်ကို အလေးအနက်သတိမူကြရန်လိုသည်။ မြန်မာနိုင်ငံကဲ့သို့သော နိုင်ငံငယ်တစ်နိုင်ငံအနေဖြင့် စည်းလုံးညီညွတ်မှုပျက်ပြားပါက ကမ္ဘာ့အရေးရှုပ်ရှုပ်ထွေးထွေးတွင် နိုင်ငံပျောက်ကွယ်သွားနိုင်သည်။ နိုင်ငံမရှိလျှင်၊ လူမျိုးတို့လည်း မရှိနိုင်။ ဘိုးဘွားတို့ အသက်သွေးချွေးတို့ဖြင့် ရင်းနှီးကာ ပေးအပ်ခဲ့သည့်အမွေ၊ ကိုယ့်ရေ၊ ကိုယ့်မြေ၊ ကိုယ့်နိုင်ငံကို ကမ္ဘာတည်သရွေ့ တည်တံ့ရေးနိုင်ငံသားတိုင်းက ကာကွယ်စောင့်ရှောက်ကြရပါမည့်အကြောင်း။ ။
Newspaper - 3459 items
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက် ၊ မတ် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက် ၊ မတ် ၃ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်နေ့ ၊ မတ် ၂ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၄ ရက် ၊ မတ် ၁ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက် ၊ ဖေဖော်ဝါရီ ၂၈ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ February 28, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက် ၊ ဖေဖော်ဝါရီ ၂၇ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ February 27, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက် ၊ ဖေဖော်ဝါရီ ၂၆ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ February 26, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက် ၊ ဖေဖော်ဝါရီ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ February 25, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက် ၊ ဖေဖော်ဝါရီ ၂၄ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ February 24, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၂၃ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ February 23, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
