ကိုယ်ချင်းစာစိတ်ဖြင့် အောင်မြင်အောင် ဆောင်ရွက်


Ministry of Information/ Naypyitaw / July 04, 2025
image_latest


မြန်မာနိုင်ငံ၏ ဆင်းရဲမွဲတေမှုအညွှန်းကိန်းသည် ပိုမိုမြင့်တက်လာသည်ဟု သုံးသပ်မှုများရှိခဲ့ပြီး ဆင်းရဲမွဲတေမှုနှင့်ပတ်သက်၍ စီးပွားရေးလုပ်ငန်းများ အောင်မြင်မှုမရှိခြင်းနှင့် သဘာဝဘေးအန္တရာယ်ကြောင့် အလုပ်မလုပ်နိုင်၍ ဆင်းရဲမွဲတေခြင်းဟူ၍ ဖြစ်နိုင်ခြေနှစ်ရပ်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဇူလိုင် ၂ ရက်တွင် ကျင်းပသည့် နိုင်ငံတော်၏ စီးပွားရေးတိုးတက်စရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။ ဆက်လက်၍ ကျေးလက်နေပြည်သူများ အဓိကထားလုပ်ကိုင်သည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်ပေးနိုင်မည်ဆိုပါက ဆင်းရဲမွဲတေမှုလျှော့ချရေးတွင် များစွာအထောက်အကူဖြစ်စေနိုင်မည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

ဆင်းရဲနွမ်းပါးမှုကို ကျေးလက်ဒေသများတွင် ပိုမိုတွေ့ရှိရပြီး နိုင်ငံရှိ ဆင်းရဲနွမ်းပါးသူအားလုံး၏ ၈၇ ရာခိုင်နှုန်းသည် ကျေးလက်ဒေသများတွင် နေထိုင်ကြခြင်းဖြစ်ကြောင်း၊ ကျေးလက်ဒေသရှိ ဆင်းရဲနွမ်းပါးသူအရေအတွက်သည် မြို့ပြရှိ ဆင်းရဲနွမ်းပါးသူအရေအတွက်ထက် ၇ ဆခန့် ပိုများကြောင်း ကမ္ဘာ့ဘဏ်၏ စစ်တမ်းတစ်ရပ်တွင် တွေ့ရသည်။ ဆင်းရဲနွမ်းပါး၍ ထိခိုက်လွယ်သူများသည် စားသောက်ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်ခြင်း၊ အပြင်းအထန်နာမကျန်းဖြစ်ခြင်း၊ မတော်တဆဖြစ်ခြင်း၊ စိုက်ပျိုးရေးထွက်ကုန်များ ဈေးကောင်းမရခြင်း၊ ရေကြီးရေလျှံခြင်းနှင့် မိုးသည်းထန်စွာရွာသွန်းခြင်း၊ မိုးသီးကြွေခြင်းစသည့် ရုတ်တရက်ကျရောက်သော ဘေးအန္တရာယ်များကို ရင်ဆိုင်ရနိုင်ခြေပိုများရာ မြို့ပြဒေသတွင် နေထိုင်သူများထက် ကျေးလက်ဒေသများက ပိုမိုခံစားခဲ့ကြရသည်။

စိုက်ပျိုးရေးကဏ္ဍရှိ အလုပ်အကိုင်များတွင် ဝင်ငွေနည်းခြင်းသည် ဆင်းရဲနွမ်းပါးခြင်းနှင့် ဒွန်တွဲလျက်ရှိသည်။ မှတ်သားရမည့်အချက်မှာ စိုက်ပျိုးရေးထုတ်ကုန်အမျိုးမျိုးကို တိုးချဲ့စိုက်ပျိုး ထုတ်လုပ်နိုင်သူများ သို့မဟုတ် စိုက်ပျိုးရေးအလုပ်အကိုင်များမှ အခြားအလုပ်အကိုင်များသို့ ကူးပြောင်းလုပ်ကိုင်နိုင်သော အိမ်ထောင်စုများတွင် စားသုံးမှုကိုအခြေခံသည့် လူမှုဘဝဖူလုံမှုအခြေအနေ ပိုမိုမြင့်မားပြီး နေထိုင်မှုအခြေအနေလည်း ပိုမိုကောင်းမွန်နေခြင်းပင်ဖြစ်သည်။ စိုက်ပျိုးရေးမှ အခြားအလုပ်အကိုင်များသို့ ကူးပြောင်းလုပ်ကိုင်နိုင်သူများက ဘဝအဆင့်အတန်း ပိုမိုကောင်းမွန်လာသည်ကို တွေ့မြင်ရခြင်းဖြင့် လူငယ်လူရွယ်အများအပြား စိုက်ပျိုးရေးအလုပ်အကိုင်များကို စွန့်ခွာသွားကြသည်။ စိုက်ပျိုးရေးလုပ်ကိုင်သူများတွင် မြေပိုင်ဆိုင်သူများက မြေပိုင်ဆိုင်မှုမရှိသူများထက် လူမှုဘဝအခြေအနေ ပိုမိုမြင့်မားကြသည်။ စိုက်ပျိုးရေးအလုပ်လုပ်ကိုင်ပြီး မြေပိုင်ဆိုင်မှုမရှိသော အိမ်ထောင်စုများသည် ဆင်းရဲနွမ်းပါးမှုနှုန်း အမြင့်ဆုံး ၄၅ ဒသမ ၈ ရာခိုင်နှုန်း၊ မြေပိုင်ဆိုင်မှုမရှိသော်လည်း စိုက်ပျိုးရေးနှင့် အခြားအလုပ်အကိုင် နှစ်မျိုးလုံးလုပ်ကိုင်သော အိမ်ထောင်စုများသည် ဆင်းရဲနွမ်းပါးမှုနှုန်း ဒုတိယအမြင့်ဆုံး ၃၃ ဒသမ ၄ ရာခိုင်နှုန်းနှင့် စိုက်ပျိုးရေးမဟုတ်သော အခြားကဏ္ဍများတွင် လုပ်ကိုင်ကြသည့် အိမ်ထောင်စုများသည် ဆင်းရဲနွမ်းပါးမှုနှုန်း အနိမ့်ဆုံး ၁၃ ဒသမ ၂ ရာခိုင်နှုန်းဖြစ်ရာ စိုက်ပျိုးရေးကဏ္ဍ ဝင်ငွေနည်းပါးမှုအပေါ် အဖြေရှာကုစားနိုင်ရန်နှင့် ဝင်ငွေတိုးလုပ်ငန်းများ ဖန်တီးပေးရန် လိုအပ်မည်ဖြစ်သည်။

ထို့အပြင် ကလေးများပြီး အိမ်ထောင်စုအရွယ်အစားကြီးများခြင်း၊ အိမ်ထောင်ဦးစီးဖြစ်သူ မသန်စွမ်းခြင်း သို့မဟုတ် ပညာလုံးဝမတတ်မြောက်ခြင်း သို့မဟုတ် ပညာအနည်းငယ်သာတတ်မြောက်ခြင်းကြောင့်လည်း ၎င်းအိမ်ထောင်စုများမှာ ဆင်းရဲနွမ်းပါးမှုဖြစ်နိုင်ခြေ ပို၍များပြားသည်။

သို့ဖြစ်ရာ စိုက်ပျိုးရေးကဏ္ဍထုတ်ကုန်များ ဈေးကောင်းရရှိရေး၊ စိုက်ပျိုးရေးအလုပ်အကိုင်များ၏ ဝင်ငွေများ ဆွဲဆောင်မှုရှိရေးတို့မှာ ကျေးလက်ပြည်သူများ၏ ဆင်းရဲမွဲတေမှုအပေါ်တွင် သက်ရောက်လျက်ရှိသည်။ ဆင်းရဲမွဲတေမှုလျှော့ချရေးနှင့်ပတ်သက်၍ ကိုယ်ချင်းစာစိတ်ဖြင့် လုပ်ငန်းများအောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း နိုင်ငံတော်အကြီးအကဲ၏ မှာကြားချက်နှင့်အညီ ကဏ္ဍအသီးသီးမှ အစွမ်းကုန်ကြိုးပမ်းကြရပါမည့်အကြောင်း။ ။

Newspaper - 3213 items

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၀ ရက် ၊ ဇူလိုင် ၄ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ July 03, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၉ ရက် ၊ ဇူလိုင် ၃ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ July 03, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၈ ရက် ၊ ဇူလိုင် ၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ July 01, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၇ ရက် ၊ ဇူလိုင် ၁ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ June 30, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၆ ရက် ၊ ဇွန် ၃၀ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ June 30, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၅ ရက် ၊ ဇွန် ၂၉ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ June 29, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၄ ရက် ၊ ဇွန် ၂၈ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ June 28, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၃ ရက် ၊ ဇွန် ၂၇ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ June 27, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၂ ရက် ၊ ဇွန် ၂၆ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ June 26, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁ ရက် ၊ ဇွန် ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ June 25, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download