ကောင်းခြင်းအဖြာဖြာပြည့်စုံသည့် နှစ်သစ်မင်္ဂလာအခါတော်နေ့မှသည်


Ministry of Information/ Naypyitaw / April 17, 2026
image_latest


ယနေ့သည် မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်ကုန်ဆုံးပြီး ၁၃၈၈ ခုနှစ်သို့ စတင်ကူးပြောင်းရောက်ရှိသည့် မင်္ဂလာရှိသောနေ့တစ်နေ့ဖြစ်သည်။ မြန်မာနှစ်သစ် ကူးပြောင်းရောက်ရှိသည့်နေ့ သို့မဟုတ် မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာနှင့်အညီ ကောင်းသောအမှုအစုစုတို့ကို မြန်မာတစ်နိုင်ငံလုံး လွှမ်းခြုံပြုလုပ်နေသောနေ့ဖြစ်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးအနေဖြင့် ဤနေ့ဤရက်မှစတင်ပြီး ဘေးဘယာမသန်း အေးချမ်းသာယာဝပြောမည့်လက္ခဏာကို ဆောင်ပေသည်။

ပြီးခဲ့သည့် နှစ်သစ်ကူးကာလ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာအတာသင်္ကြန် ရေသဘင်ပွဲတော်ကြီးကို မြန်မာပြည်တစ်ဝန်းလုံးရှိ မြို့များအားလုံး၌ ခြိမ့်ခြိမ့်သဲသဲ ပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြပြီးဖြစ်သည်။ မြန်မာတို့၏ ဆယ့်နှစ်လရာသီပွဲတော်များအနက် တစ်မူထူးခြားဆုံးနှင့် အစည်ကားဆုံးဖြစ်သည့် မြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကြန်ရေသဘင်ပွဲတော်ကြီးသည် အပျော်ဖက်သက်သက်မဟုတ်ဘဲ ကုသိုလ်ကောင်းမှုများနှင့်တွဲဆက်၍ အမြဲမပြတ်ပြုလုပ်ခဲ့ကြသည်ကို နှစ်စဉ်နှစ်တိုင်း ဤနှစ်ဆန်းတစ်ရက်နေ့၌ သက်သေပြလျက်ရှိသည်။

မြန်မာတို့၏ နှစ်သစ်ကူးပွဲတော်သည် ဘာသာယဉ်ကျေးမှုကိုအခြေခံသည့် လောကီရေးရာအစဉ်အလာဖြစ်သည်။ နှစ်သစ်အဦးအစတွင် မင်္ဂလာအဖြာဖြာတို့ သစ်ဆန်းပြီး မင်္ဂလာတရားတော်နှင့်အညီ ကောင်းမှုအထူးများကိုပြုလုပ်ကြသည်။ နှစ်သစ်ကူးပြောင်းသည့်ကာလတွင် ရဟန်းခံရှင်ပြုမင်္ဂလာပွဲများကျင်းပခြင်း၊ အလှူဒါနပွဲများ ခြိမ့်ခြိမ့်သဲဆင်နွှဲကြခြင်း၊ စတုဒိသာအမျိုးမျိုး ကျွေးမွေးကြခြင်း၊ ရဟန်းသံဃာတော်မြတ်များအား ဆွမ်းဘောဇဉ်များကပ်လှူခြင်း၊ ဗုဒ္ဓရုပ်ပွားတော်များကို ရေသပ္ပာယ်ခြင်း၊ ဥပုသ်သီတင်းဆောက်တည်ခြင်း၊ ဗုဒ္ဓတရားတော်များနာကြားခြင်း၊ စေတီဘုရားပုထိုးများအား ရှိခိုးပူဇော်ခြင်း၊ ကမ္မဋ္ဌာန်းဘာဝနာစီးဖြန်းခြင်း၊ ကျောင်း၊ ကန်၊ ဇရပ်၊ တန်ဆောင်းများသန့်ရှင်းခြင်း၊ သက်ကြီးရွယ်အိုများအား တရော်ကင်ပွန်းတို့ဖြင့် ခေါင်းလျှော်ပေးခြင်း၊ အမွှေးနံ့သာရေစင်များဖြင့် ရေချိုးသန့်စင်ပေးခြင်း၊ ဘိုးဘွားမိဘ၊ ဆရာသမားများအား ပူဇော်ကန်တော့ခြင်း၊ ရေခန်းလုနီးဖြစ်သော အင်းအိုင်၊ ချောင်းမြောင်းများမှ ငါးများ၊ အသတ်ခံရတော့မည့်ငါးများအား ရေများရာကန်ချောင်းမြစ်များသို့ လွှတ်ပေးခြင်း၊ ကျွဲ၊ နွား၊ သားငှက်တိရစ္ဆာန်တို့ကို ဘေးမဲ့လွှတ်ခြင်း စသည့်ကောင်းမှုမင်္ဂလာအစုစုတို့ကို စုပေါင်းပြုလုပ်ကြသည်။

တိုးတက်ပြောင်းလဲလာသောခေတ်ကာလတွင် အပျော်အပျက်တို့သည် အားကြီးလာသည်ဆိုသော်လည်း ဤကဲ့သို့နှစ်သစ်ကူးပြောင်းသည့်ကာလတွင် အပျော်တစ်ဖက် ကောင်းမှုဆက်သည့် မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာများ ပျောက်ပျက်မသွားသေးသည်ကို တွေ့ရသဖြင့် ဝမ်းမြောက်ပီတိဖြစ်ကြရမည်ဖြစ်သည်။ ရှေးကကဲ့သို့ မင်္ဂလာတရား ယဉ်ကျေးမှုအစဉ်အလာများ အားနည်းလာပြီဖြစ်သော်လည်း မြန်မာတို့၏ ယဉ်ကျေးမှုအစဉ်အလာ ပျော်ရွှင်မှုများနှင့်အတူ ကုသိုလ်ရေးဘက်တွင်လည်း မလျော့ပါးသေးသည်ကိုတွေ့ရသည်။ မည်သို့ပင်ဖြစ်စေ မြန်မာတို့၏ နှစ်သက်မြတ်နိုးဖွယ်ကောင်းသော ယဉ်ကျေးမှုအစဉ်အလာများကို မပျောက်ပျက်အောင် ဆက်လက်ထိန်းသိမ်းရေးသည် နိုင်ငံသူနိုင်ငံသားတိုင်းတွင် တာဝန်ရှိပါသည်။      

မြန်မာနိုင်ငံသည် ယဉ်ကျေးမှုအစဉ်အလာကြီးမားသောနိုင်ငံဖြစ်သည်။ အမျိုးဂုဏ်၊ ဇာတိဂုဏ်တို့ကို လက်ဆင့်ကမ်းထိန်းသိမ်း စောင့်ရှောက်နေသောနိုင်ငံဖြစ်သည်။ အမျိုး၊ ဘာသာ၊ သာသနာ၊ ယဉ်ကျေးမှုကို လေးစားမြတ်နိုးတန်ဖိုးထားသော နိုင်ငံ့ခေါင်းဆောင်များ ပေါ်ထွန်းလာနေသည်မှာ ဂုဏ်ယူဝမ်းမြောက်စရာဖြစ်သည်။ ယခု မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်မှ ၁၃၈၈ ခုနှစ်သို့ကူးပြောင်းသည့်အခါကာလတွင် ဒီမိုကရေစီနိုင်ငံသစ်ကို ဆက်လက်တည်ဆောက် အကောင်အထည်ဖော်မည့် နိုင်ငံ့ခေါင်းဆောင်သစ်သည် အမျိုး၊ ဘာသာ၊ သာသနာ၊ ယဉ်ကျေးမှုကို လေးစားမြတ်နိုးတန်ဖိုးထားသော ခေါင်းဆောင်ဖြစ်၍ မြန်မာတစ်မျိုးသားလုံး အနေဖြင့် နိုင်ငံ့ခေါင်းဆောင်သစ်၊ အစိုးရသစ်နှင့်အတူ အမျိုးဂုဏ်၊ ဇာတိဂုဏ်၊ အမျိုးသားရေးစရိုက်လက္ခဏာများ မြင့်မားခိုင်ကျည်လာအောင် လက်တွဲပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်သည်။

သို့ဖြစ်ရာ နှစ်သစ်ကူးပြောင်းရောက်ရှိသည့် ယနေ့ကာလတွင် ဒီမိုကရေစီအခင်းအကျင်းသစ်များနှင့်အတူ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးကို မြန်မာ့ယဉ်ကျေးမှု အစဉ်အလာကောင်းများနှင့်အညီ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီနိုင်ငံတော်အဖြစ် ဆက်လက်အကောင်အထည်ဖော်မည့် အစိုးရသစ်တစ်ရပ် ပေါ်ထွက်လာပြီဖြစ်သည်။ နှစ်သစ်ကူးပြောင်းသည့် အချိန်အခါကာလတွင် ပြည်သူများအားလုံး နှလုံးစိတ်ဝမ်းချမ်းမြေ့ကြသည့် ကောင်းသောအမှုများ ပြုလုပ်ကြသကဲ့သို့ နိုင်ငံနှင့်ပြည်သူ အကျိုးစီးပွားကိုရှေးရှုသည့် ကောင်းခြင်းမင်္ဂလာအဖြာဖြာတို့ကို လာမည့်ဒီမိုကရေစီနိုင်ငံတော်သစ်တွင် အစိုးရသစ်နှင့်အတူ တစ်စိတ်တစ်ဝမ်းတည်း တစည်းတလုံးတည်း တက်ညီလက်ညီ ကြိုးပမ်းလက်တွဲ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။  ။

Newspaper - 3500 items

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက် ၊ ဧပြီ ၁၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 14, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက် ၊ ဧပြီ ၁၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 13, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက် ၊ ဧပြီ ၁၂ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ April 12, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက် ၊ ဧပြီ ၁၁ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ April 11, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက် ၊ ဧပြီ ၁၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ April 10, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၈ ရက် ၊ ဧပြီ ၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 09, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၇ ရက် ၊ ဧပြီ ၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 08, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၆ ရက် ၊ ဧပြီ ၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 07, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက် ၊ ဧပြီ ၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 06, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၄ ရက် ၊ ဧပြီ ၅ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ April 05, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download