ကော့ကရိတ်-မြဝတီသွား အာရှလမ်းမကြီးပေါ်ရှိ ကော့နွဲ့တံတား ပြုပြင်ရေးအဖွဲ့အား KNU နှင့် PDF အမည်ခံအကြမ်းဖက်သမားများက Suicide Drone များဖြင့် ပစ်ချတိုက်ခိုက်
ကော့ကရိတ်-မြဝတီသွား အာရှလမ်းမကြီးပေါ်ရှိ ကော့နွဲ့တံတား ပြုပြင်ရေးအဖွဲ့အား KNU နှင့် PDF အမည်ခံအကြမ်းဖက်သမားများက Suicide Drone များဖြင့် ပစ်ချတိုက်ခိုက်
Ministry of Information/ Naypyitaw / September 01, 2025

နေပြည်တော် စက်တင်ဘာ ၁
KNU နှင့် PDF အမည်ခံအကြမ်းဖက်သမားများသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုကို ပျက်ပြားစေရန်၊ ဒေသတွင်းကုန်စည်စီးဆင်းမှုရပ်တန့်စေပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေရန်ရည်ရွယ်၍ ကော့ကရိတ်မြို့နယ်၊ ကော့နွဲ့ကျေးရွာနှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများအတွင်း ခိုအောင်းနေထိုင်ပြီး ကော့ကရိတ်-မြဝတီသွား အာရှလမ်းမကြီးပေါ်၌ သွားလာလျက်ရှိသော မော်တော်ယာဉ်များအား မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခြင်း၊ မော်တော်ယာဉ်များအား မီးရှို့ဖျက်ဆီး၍ အဆိုပါလမ်းကြောင်းအား နှောင့်ယှက်ပိတ်ဆို့ခြင််း၊ လမ်းတံတားများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း၊ ဆက်ကြေးကောက်ခံခြင်းများကို လုပ်ဆောင်လျက်ရှိသည်။
ထိုသို့လုပ်ဆောင်လျက်ရှိရာ KNU နှင့် PDF အမည်ခံအကြမ်းဖက်သမားများသည် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ ကော့ကရိတ်-မြဝတီသွား အာရှလမ်းမကြီးပေါ်ရှိ ကော့နွဲ့ကျေးရွာအနီး အရှည် ၁၉၆ ပေ၊ အကျယ်ပေ ၄၀ ရှိ သံကူကွန်ကရစ် အမျိုးအစား ကော့နွဲ့တံတားအား မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခဲ့သည်။
ထိုသို့ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့မှုကြောင့် ကုန်စည်စီးဆင်းမှုများ ရပ်တန့်ခဲ့ရပြီး အများပြည်သူများ သွားလာရေးအခက်အခဲများဖြစ်ပေါ်ခဲ့ရသဖြင့် နိုင်ငံတော်အစိုးရက ဒေသခံပြည်သူများ၏ လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်စည်စီးဆင်းမှု အဆင်ပြေချောမွေ့စေရေး ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ကော့နွဲ့တံတား ပြန်လည်ပြုပြင်ရေး တံတားအထူးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူးဦးဆောင်သည့် အင်ဂျင်နီယာ ၁ ဦးနှင့် လုပ်သား ၂၆ ဦးတို့သည် တံတားပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေစဉ် ယနေ့မွန်းလွဲ ၁ နာရီ မိနစ် ၃၀ ခန့်တွင် KNU နှင့် PDF အမည်ခံအကြမ်းဖက်သမားများက တံတား၏ အနောက်မြောက်ဘက်မီတာ ၃၆၀၀ ခန့်အကွာရှိ ပျားပင်ကျေးရွာနေရာနှင့် တံတား၏ တောင်ဘက်မီတာ ၃၇၀၀ ခန့်အကွာရှိ မြို့ဟောင်းကျေးရွာနေရာတို့မှ Suicide Drone ၂ စင်းဖြင့် တံတားလုပ်ငန်းဆောင်ရွက်နေသူများအား တိုက်ခိုက်ခဲ့သဖြင့် တံတားလုပ်ငန်းများ ဆောင်ရွက်နေသည့် အမျိုးသား ၁ ဦးသေဆုံးကာ၊ ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်ဖြစ်ပွားရာ နေရာတစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့်နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများအား ကော့ကရိတ်မြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံသို့ပို့ဆောင်၍ ကနဦးဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ကာ ဘားအံမြို့ရှိ တောင်ကလေးဆေးရုံသို့ ဆက်လက်ပို့ဆောင်ဆေးကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့သည်။
အကြမ်းဖက်သမားများအနေဖြင့် စစ်ရေးနှင့်သက်ဆိုင်ခြင်းမရှိသော လမ်း၊ တံတားများအား ဖျက်ဆီးခြင်းသည်ဒေသနှင့် ဒေသခံများ၏ လူမှုစီးပွားဘဝများကို များစွာထိခိုက်နစ်နာစေလျက်ရှိသဖြင့် ဒေသခံပြည်သူလူထုက လုံးဝလက်ခံနိုင်ခြင်းမရှိပဲ ကန့်ကွက်ရှုံ့ချလျက်ရှိကြောင်းနှင့် လုံခြုံးရေးတပ်ဖွဲ့ဝင်များအနေဖြင့်လည်း အကြမ်းဖက်သမားများအား အရေးယူတုန့်ပြန်နိုင်ရေး လိုအပ်သော လုံခြုံရေးလုပ်ငန်းစဉ်များကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။



Newspaper - 3273 items

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁၁ ရက် ၊ စက်တင်ဘာ ၂ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ September 02, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁၀ ရက် ၊ စက်တင်ဘာ ၁ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ September 01, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၉ ရက် ၊ သြဂုတ် ၃၁ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၈ ရက် ၊ သြဂုတ် ၃၀ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၇ ရက် ၊ သြဂုတ် ၂၉ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ August 29, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၆ ရက် ၊ သြဂုတ် ၂၈ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ August 28, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၅ ရက် ၊ သြဂုတ် ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၄ ရက် ၊ သြဂုတ် ၂၆ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၃ ရက် ၊ သြဂုတ် ၂၅ ရက်၊ တနင်္လာနေ့။
