ကျေးလက်ဒေသဖွံ့ဖြိုးရေးစီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အစည်းအဝေး ကျင်းပ


Ministry of Information/ Naypyitaw / July 09, 2025
image_latest


နေပြည်တော် ဇူလိုင် ၈

ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျေးလက်ပြည်သူများ၏အကျိုးကို အစဉ်ရှေးရှုပြီး ကျေးလက်နေပြည်သူများ တိုက်ရိုက်အကျိုးရရှိစေနိုင်မည့်လုပ်ငန်းများကို ဆောင်ရွက်ကြရန်၊ ထိုသို့ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်သည့်အခါတွင် ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များ၊ ဒေသခံပြည်သူများ၊ သက်ဆိုင်ရာဌာနများနှင့် နီးနီးကပ်ကပ်ပူးပေါင်းလက်တွဲဆောင်ရွက်ကြရန်နှင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားရေး စိတ်စေတနာအပြည့်အဝဖြင့် ဆောင်ရွက်သွားရန် သမဝါယမနှင့် ​ကျေးလက်ဖွံ့ဖြိုး​ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ပြောကြားခဲ့သည်။

ယမန်နေ့ မွန်းလွဲပိုင်းက နေပြည်တော်ရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် ကျေးလက်ဒေသဖွံ့ဖြိုးရေးစီမံကိန်းများ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေး အစည်းအဝေးတွင် ပြည်​ထောင်စုဝန်ကြီးက အထက်ပါအတိုင်း ​ပြောကြားခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ၂၀၂၅ ခုနှစ် ဇူလိုင် ၆ ရက်က ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့ကို အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့သည့်အတွက် ကျေးလက်ဦးစီးဌာနမှ တာဝန်ရှိ သူအားလုံးအား အသိအမှတ်ပြုချီးကျူးဂုဏ်ပြုပါကြောင်းနှင့် ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့ဆောင်ပုဒ်ဖြစ်သည့် “ဒို့ကမ္ဘာမြေ တိုးတက်ပြောင်းလဲဖို့ ကျေးလက်စွမ်းအားမြှင့်တင်စို့” ဆောင်ပုဒ်နှင့်အညီ ကျေးလက်ဒေသများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားခဲ့ သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အနေဖြင့် စိုက်ပျိုးရေးကဏ္ဍနှင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးဆောင်ရွက်နေပြီး ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးရေး၊ ဝါသီးနှံတိုးချဲ့စိုက်ပျိုးရေး၊ ကုန်ချောထုတ်လုပ်မှု တန်ဖိုးမြှင့်ကွင်းဆက် ဖွံ့ဖြိုးရေးတို့ကို ဦးတည်ဆောင် ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ဆောင်ရွက်ပေးသည့် ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများ ရေရှည်တည်တံ့ခိုင်မြဲရေး၊ စဉ်ဆက်မပြတ် အသုံးချနိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူအဆင့် ဆင့်က စောင့်ကြည့်စစ်ဆေး၊ အကဲဖြတ်ခြင်းလုပ်ငန်းစဉ်များကို အမြဲမပြတ်ဆောင်ရွက်ကြရန်နှင့် ဆောင်ရွက်ချက်များကိုလည်း စနစ်တကျ မှတ်တမ်းများထားရှိကြရန် မှာကြားလိုပါကြောင်း ပြောကြားသည်။

ယင်း​နောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က ၂၀၂၄ - ၂၀၂၅ ခု ဘဏ္ဍာရေးနှစ်အတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းပေါင်း ၆၆၂၆ ခု အား ကျေးရွာပေါင်း ၄၀၇၂ ရွာတွင် ဆောင်ရွက်ပေးနိုင်ခဲ့သည့်အတွက် ဒေသခံပြည်သူ ၃ ဒသမ ၃၆ သန်းခန့် အကျိုးပြု ခဲ့ပါကြောင်းနှင့် ၂၀၂၅ - ၂၀၂၆ ခု ဘဏ္ဍာရေးနှစ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများက ဆွေးနွေးတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ​ပြောကြားခဲ့သည်။

သတင်းစဉ်

Newspaper - 3541 items

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်နေ့ ၊ မေ ၃၀ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 29, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၄ ရက် ၊ မေ ၂၉ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 28, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၃ ရက် ၊ မေ ၂၈ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 27, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၂ ရက် ၊ မေ ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 27, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက် ၊ မေ ၂၆ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 26, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက် ၊ မေ ၂၅ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 24, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၉ ရက် ၊ မေ ၂၄ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 24, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၈ ရက် ၊ မေ ၂၃ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 23, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၇ ရက် ၊ မေ ၂၂ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 22, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၆ ရက် ၊ မေ ၂၁ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 21, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download