ကွန်ပျူတာတက္ကသိုလ်(ဘားအံ)၌ ကျောင်းသား၊ကျောင်းသူများ၏ Project Show 2024 ပြသ


Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ / October 11, 2024


ဘားအံ - အောက်တိုဘာ (၁၁)

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန၊ မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေး နှစ်(၁၀၀)ပြည့် ၊ ရာပြည့်သဘင်ကိုဂုဏ်ပြုကြိုဆိုသောအားဖြင့် ကွန်ပျူတာတက္ကသိုလ်(ဘားအံ)၌ ၂၀၂၃-၂၀၂၄-ပညာ သင်နှစ် ကျောင်းသား၊ကျောင်းသူများ၏ Project Show 2024 ပြပွဲကို အောက်တိုဘာလ ၁၁ ရက်နေ့ နံနက်ပိုင်းက အဆိုပါတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

ဦးစွာ ကွန်ပျူတာတက္ကသိုလ်(ဘားအံ)၏ ကျောင်းသား၊ကျောင်းသူများက သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက တီထွင်ဖန်တီးမှုနှင့်ကြိုးစားအားထုတ်မှု များကို ပြသကြသည့်ကျောင်းသား၊ကျောင်းသူများအားလုံးသည် နိုင်ငံတော်ဖွံ့ဖြိုးရေးနှင့်ပြည်သူများ၏အကျိုးစီးပွား အတွက် လူမှုအသိုင်းအဝိုင်းအတွင်း နည်းပညာတီထွင်ဖန်တီးနိုင်စွမ်းဖြင့် အနာဂတ်ကိုတည်ဆောက်ပေးနိုင်ရန် မျှော်လင့်မိပါကြောင်း၊ ကျောင်းသား၊ကျောင်းသူများအားလုံးကို ထူးချွန်ထက်မြတ်သည့် နည်းပညာကျွမ်းကျင်ပညာ ရှင်များဖြစ်အောင် ဆက်လက်ကြိုးစားသွားကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် ကွန်ပျူတာတက္ကသိုလ်(ဘားအံ)ပါမောက္ခချုပ်က Project Show 2024 နှင့်ပတ်သက်၍ ရှင်းလင်း တင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင် ရာတာဝန်ရှိသူများနှင့်တက်ရောက်လာသူများက ကျောင်းသား၊ကျောင်းသူများ၏ စာတွေ့နှင့်လက်တွေ့ ပေါင်းစပ် သည့် Project-based Learning ၏ ရလာဒ်များဖြစ်သော စွမ်းရည်နှင့်တီထွင်ဖန်တီးမှုကိုပြသသော Hardware Project (၈)ခု၊ Software Project (၂၆)ခု စုစုပေါင်း Project (၃၃)ခုတို့အား လှည့်လည်ကြည့်ရှုအားပေးပြီး ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံကာ ၎င်းတို့၏စိတ်ကူးစိတ်သန်း၊ ကြိုးစားအားထုတ်မှုနှင့် တီထွင်ဖန်တီးနိုင်မှု တို့ကို မေးမြန်း ကြည့်ရှုလေ့လာ၍ မိမိတို့နှစ်သက်ရာ Project များကို မဲစနစ်ဖြင့် မဲပေးခဲ့ကြသည်။

ယင်းနောက် ကွန်ပျူတာတက္ကသိုလ်(ဘားအံ)ကျောင်းသား၊ကျောင်းသူလေးများက တေးသရုပ်ဖော်များဖြင့် သီဆိုကပြဖျော်ဖြေကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် များက Project Show 2024 ပြပွဲတွင် Software Project ပထမ၊ ဒုတိယ၊ တတိယနှင့် ပရိတ်သတ်ရွေးချယ်သည့် People Choice Award ဆု၊ Hardware Project ပထမ၊ ဒုတိယ၊ တတိယနှင့် ပရိတ်သတ်ရွေးချယ်သည့် People Choice Award ဆုများကို ပေးအပ်ချီးမြှင့်ခဲ့ကြကာ ဆုရကျောင်းသား၊ကျောင်းသူများနှင့်စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြကြောင်း သတင်းရရှိသည်။

Newspaper - 3019 items

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၂၁ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ December 21, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၅ ရက်၊ ဒီဇင်ဘာ ၂၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ December 19, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၄ ရက်၊ ဒီဇင်ဘာ ၁၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ December 19, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၃ ရက်၊ ဒီဇင်ဘာ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ December 18, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၃ ရက်၊ ဒီဇင်ဘာ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ December 18, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက်၊ ဒီဇင်ဘာ ၁၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ December 17, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁ ရက်၊ ဒီဇင်ဘာ ၁၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ December 16, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်နေ့၊ ဒီဇင်ဘာ ၁၅ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ December 15, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လဆန်း ၁၄ ရက်၊ ဒီဇင်ဘာ ၁၄ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ December 14, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လဆန်း ၁၃ ရက်၊ ဒီဇင်ဘာ ၁၃ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ December 13, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download