ခိုင်မာအားကောင်းသည့် အမျိုးသားရေးစိတ်ဓာတ်အားမာန်


Ministry of Information/ Naypyitaw / April 07, 2026
image_latest


နိုင်ငံရေးသိပ္ပံသဘောတရားအရ နိုင်ငံ (state) ဆိုသည်မှာ တိကျစွာ ပိုင်းခြားသတ်မှတ်ထားသော ပိုင်နက်နယ်နိမိတ်၊ ထိုပိုင်နက် နယ်နိမိတ်အတွင်း အမြဲနေထိုင်သည့် လူဦးရေ၊ နိုင်ငံကို အုပ်ချုပ်ခြင်းနှင့် စနစ်တကျစီမံခန့်ခွဲခြင်းတို့ပြုသည့် အစိုးရနှင့် ပြည်တွင်း ပြည်ပရေးရာတို့ကို လွတ်လပ်စွာဆုံးဖြတ်ဆောင်ရွက်နိုင်သည့် အချုပ်အခြာအာဏာဟူသော အဓိကလက္ခဏာ (၄) ရပ်တို့ကို ပိုင်ဆိုင်ထားသည့် ဖွဲ့စည်းမှုတစ်ခုပင်ဖြစ်သည်။ နိုင်ငံသည် သက်ရှိလူသား တစ်ဦးကဲ့သို့ပင် ရှင်သန်ခြင်း၊ ဆက်လက်ရှင်သန်နိုင်ရန် အားထုတ်ကြိုးပမ်းရခြင်း၊ ဘေးရန်အန္တရာယ်များကို ကာကွယ်နှိမ်နင်းရခြင်း၊ ရှင်သန်နိုင်ရုံသက်သက်မျှသာ ရပ်တည်နေ၍မရဘဲ တိုးတက်ကြီးပွားရေး၊ ဖွံ့ဖြိုးရေးတို့အတွက် အခြားသူများနှင့်ယှဉ်ပြိုင်၍ ကြိုးစားအလုပ်လုပ်ရခြင်းတို့အားဖြင့် လှုပ်ရှားနေသည့် အဖွဲ့အစည်းတစ်ခု ဖြစ်သည်။

သို့ဖြစ်ရာ သက်ရှိသဘောဆောင်သည့် နိုင်ငံအဖွဲ့အစည်းမှာ အပြုသဘောဆောင်သော ရွေ့လျားမှု၊ လှုပ်ရှားမှု၊ ပြောင်းလဲမှု၊ ရှင်သန်လှုပ်ရှားမှုများနှင့် တစ်ဆင့်ပြီးတစ်ဆင့်တက်၍ တည်ဆောက် ကြခြင်းအားဖြင့် မြင့်မားသည့်အခြေအနေသို့ ရောက်ရှိကြရသည်။ ယင်းနှင့်ဆန့်ကျင်၍ နိုင်ငံတစ်နိုင်ငံတွင် အလုပ်လုပ်ရမည့် အင်အားစုများ တစ်စစီပြန့်ကျဲနေမည်၊ လှုပ်ရှားတက်ကြွမှု ကင်းမဲ့နေမည် သို့မဟုတ်ပါကလည်း အတွင်း၌ ပဋိပက္ခများသာဖြစ်နေမည် ဆိုလျှင် ၎င်းနိုင်ငံအဖို့ တိုးတက်မှုရရှိနိုင်ရန် ဆိုသည်ထက် ဆက်လက်ရှင်သန်ရပ်တည်ရန်ပင် ခက်ခဲလာမည်ဖြစ်သည်။ ပို၍ သတိပြုအပ်သည်မှာ အားနည်းချည့်နဲ့စွာ ရပ်တည်နေရသော နိုင်ငံတစ်နိုင်ငံအဖို့ ဘေးရန်အန္တရာယ် ပိုမိုများပြားတတ်ခြင်းပင်ဖြစ်သည်။ တောရိုင်းသဘာဝတွင် အားနည်းကြုံလှီသည့် သတ္တဝါသည် အသတ်ခံ၊ အစားခံရပြီး အားကောင်းသန်မာသည့် သတ္တဝါကိုသာ သဘာဝတရားကြီးက ရွေးချယ်သကဲ့သို့ပင်ဖြစ်သည်။

လူ့သဘာဝအရ လူတိုင်းလူတိုင်းတို့တွင် ရှိနေကြသည့် လိုအင်ဆန္ဒများမှာ ပိုမိုကောင်းမွန်သော ရှင်သန်နေထိုင်မှုကို ရယူလိုခြင်းနှင့် အသိအမှတ်ပြု ခံယူလိုခြင်းဖြစ်သည်။ သို့ဖြစ်ရာ လူတိုင်းသည် ပိုမိုကောင်းမွန်သောဘဝကို ပိုင်ဆိုင်ရရှိရေးနှင့် အသိအမှတ်ပြုခံရနိုင်ရေးတို့အတွက် တစ်နည်းအားဖြင့် လူတစ်လုံးသူတစ်လုံးအဖြစ် ရောက်ရှိလာရေးအတွက် ကြိုးပမ်းအလုပ်လုပ်ကြရသည်။ ယင်းသို့အလုပ်လုပ်ကြရာတွင် မိမိ၏အကျိုးစီးပွားအတွက် ကြိုးပမ်းဆောင်ရွက်ခြင်းနှင့်အတူ မိမိနိုင်ငံနှင့် လူ့အဖွဲ့အစည်း၏ အကျိုးစီးပွားကိုပါ တစ်ပါတည်း ဆောင်ကြဉ်းကြခြင်းအားဖြင့် နိုင်ငံ့သားကောင်းများအဖြစ် မွန်မြတ်စွာ ခံယူကြရမည်ဖြစ်သည်။ နိုင်ငံတော်နှင့် နိုင်ငံသားဆိုသည်မှာ ရေနှင့်ကြာသဖွယ် အတူတွဲ၍သာ လှပတင့်တယ်နိုင်သည်ဖြစ်ရာ ရေမြင့်မှ ကြာတင့်သည် ဆိုသော စကားပုံကဲ့သို့ပင် မိမိနိုင်ငံတိုးတက်မြင့်မားစေရန် မိမိတို့၏ ကာယ၊ ဉာဏ၊ အသိပညာ၊ အတတ်ပညာစွမ်းအားများဖြင့် ကျရာကဏ္ဍများမှနေ၍ တည်ဆောက်ကြရန်လိုသည်။ ပြည်သူအားလုံးက မိမိတို့၏ အရည်အချင်း၊ အရည်အသွေး၊ အစွမ်းအစ၊ ကျွမ်းကျင်မှုများနှင့် တီထွင်ကြံဆမှုများကို နိုင်ငံတည်ဆောက်ရေးအတွက် အကောင်းဆုံး အသုံးချကြရမည်ဖြစ်သည်။

မကြာမီ မြန်မာသက္ကရာဇ်အရ နှစ်ဟောင်းတစ်ခု ကုန်ဆုံး၍ နှစ်သစ်တစ်ခု ကူးပြောင်းတော့မည်ဖြစ်သည်။ လူ့သမိုင်းသည်လည်း အနာဂတ်သို့သာ ဦးတည်သွားနေခြင်းဖြစ်ရာ ကောင်းသည့်အနာဂတ် ကို ဖန်တီးကြရမည့်သူများမှာ ယနေ့လူများပင်ဖြစ်သည်။ မိမိတို့နိုင်ငံ၏ သမိုင်းသည်လည်း စာမျက်နှာသစ်ကို ဖွင့်လှစ်ကြရတော့မည်ဖြစ်ရာ နိုင်ငံ့ခေါင်းဆောင်နှင့် နိုင်ငံသူနိုင်ငံသားအားလုံး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဟူသော တူညီသည့် တစ်ခုတည်းသော ဦးတည် ချက်ဖြင့် တစ်သွေးတစ်သားတည်း၊ တညီတညွတ်တည်း ကြိုးပမ်းအလုပ်လုပ်ကြရမည်ဖြစ်သည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုသည် နိုင်ငံသားအားလုံးနှင့်ဆိုင်သည့် လုပ်ငန်းကြီးတစ်ခုဖြစ်ပြီး နိုင်ငံသားတို့၏ အစွမ်းအစများကို တက်ကြွသော အင်အားများအဖြစ် စုစည်းဖော်ဆောင်ပေးနိုင်မှသာလျှင် အောင်မြင်နိုင်သည့် လုပ်ငန်းကြီးဖြစ်သည်။

နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးတွင် ခိုင်မာအားကောင်းသည့် အမျိုးသားရေး စိတ်ဓာတ်အားမာန် လိုအပ်သကဲ့သို့ ၎င်းအားမာန်ကို လက်တွေ့စွမ်းဆောင်မှုအဖြစ် ပြောင်းလဲနိုင်ကြရန်လည်း အစိုးရနှင့် ပြည်သူနှစ်ဖက်စလုံးတွင် ရှိနေကြရန်လိုသည်။ အမျိုးသားရေး စိတ်ဓာတ်အားမာန်ဖြင့် နိုင်ငံကို တည်ဆောက်ခဲ့ကြသည့် ဂျပန်၊ တောင်ကိုရီးယား၊ တရုတ်စသည့် အာရှနိုင်ငံများ၏ မြင့်မားသည့် အောင်မြင်မှုကို မိမိတို့ မျက်စိရှေ့မှောက်တွင် တွေ့မြင်ကြပြီးဖြစ်ရာ မိမိတို့သည်လည်း “မြန်မာ” ဟူသော ခိုင်မာအားကောင်းသည့် အမျိုးသားရေးစိတ်ဓာတ်အားမာန်ဖြင့် မိမိတို့ခေတ်သမိုင်းသစ်ကို ဖော်ဆောင်ဖန်တီးတည်ဆောက်ကြရပါမည့်အကြောင်း။ ။

Newspaper - 3493 items

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၆ ရက် ၊ ဧပြီ ၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 07, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက် ၊ ဧပြီ ၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 06, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၄ ရက် ၊ ဧပြီ ၅ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ April 05, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၃ ရက် ၊ ဧပြီ ၄ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ April 04, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက် ၊ ဧပြီ ၃ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ April 03, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 02, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 01, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 31, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 30, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ March 29, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download