ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ကူညီကယ်ဆယ် ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ


Ministry of Information/ Naypyitaw / April 21, 2025
image_latest


နေပြည်တော် ဧပြီ ၂၁

မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် လမ်းတံတား၊ အဆောက်အဦများ ထိခိုက်ပျက်စီးခဲ့ရသည့်နေရာများ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို တိုင်းစစ်ဌာနချုပ်အသီးသီးမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်ပနိုင်ငံများမှ ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုကူညီရေးအသင်း/အဖွဲ့များနှင့် ဒေသခံပြည်သူများပူးပေါင်း၍ အချိန်နှင့်တပြေးညီ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် စစ်ကိုင်းတပ်နယ်မှ တာဝန်ရှိသူများသည် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည့် စစ်ကိုင်းမြို့၊ စီတီးရပ်ကွက်ရှိ ရာဇာမဏိစူဠာ ကောင်းမူတော်စေတီ၊ ပိုးတန်းရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာအထက် တန်းကျောင်း၊ အိုးဘိုရပ်ကွက်နှင့် ရွာထောင် ရပ်ကွက်နေရာများသို့ သွားရောက်၍ အပျက်အစီးများ ရှင်းလင်းဖယ်ရှားနေမှုများအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။ ထို့နောက် စစ်ကိုင်းတောင်ရိုးရှိ ငလျင်ဒဏ်သင့် ရဟန်း သံဃာတော်များ၊ သီလရှင်များနှင့် ယောဂီများအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဌာနဆိုင်ရာ ဝန်ထမ်းများက ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများအား နိုင်ငံတော်ဩဝါဒစရိယ၊ ရွှေကျင် သာသနာပိုင် သီတဂူဆရာတော်ဘုရာကြီး ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရထံ လှူဒါန်းရာ ဆရာတော်ကြီးကိုယ်စား ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံကလက်ခံရယူသည်။ ထို့နောက် စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်ရှိ ယာယီဆေးရုံ၌ မလေးရှာနိုင်ငံဆေးဘက်ဆိုင်ရာ ကုသရေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများကို ကြည့်ရှုအားပေးသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည့် စစ်ကိုင်းမြို့၊ ပိုးတန်းရပ်ကွက်ရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူးရုံး၊ ခရိုင်တရားရုံး၊ ခရိုင်ဥပဒေရုံး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနှင့် ဝန်ထမ်းအိမ်ယာများသို့လည်းကောင်း၊ ရွာထောင်ရပ်ကွက်ရှိ အမှတ်(၃)ခြေခံပညာအထက်တန်း ကျောင်းသို့လည်းကောင်း၊ စစ်ကိုင်းတောင်ရိုးရှိ ဆွမ်းဦးပုညရှင် စေတီတော်သို့လည်းကောင်း သွားရောက်၍ အပျက်အစီးများ ရှင်းလင်းဖယ်ရှားနေမှုများအား ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်နှင့် တာဝန်ရှိသူများသည် ငလျင်ဒဏ်ကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်ရှိ Sky Villa နေရာ၊ ချမ်းအေးသာဇံမြို့နယ်ရှိ Golden City Hotel နေရာနှင့် တိုင်းသမဝါယမဦးစီးမှူးရုံးနေရာများသို့ သွားရောက်၍ အပျက်အစီးများ ဖယ်ရှားရှင်းလင်းနေမှုအား ကြည့်ရှုစစ်ဆေးပြီး စားသောက်ဖွယ်ရာများပေးအပ်ကာ တာဝန်ရှိသူများနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်နှင့် တာဝန်ရှိသူများသည် ငလျင်ဒဏ်ကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်ရှိ မဟာမုနိဘုရားကြီး၊ အမရပူရမြို့နယ်ရှိ ဆင်ဖြူမယ် ကျောင်းတိုက်နှင့် ရွှေအိုးရရွှေဖားရ ကျောင်းတိုက်များသို့လည်းကောင်း၊ မဟာအောင်မြေမြို့နယ်ရှိ အမှတ်(၁၃) အခြေခံပညာ အထက်တန်းကျောင်းသွားလည်းကောင်း သွားရောက်၍ ကျောင်းတိုက်ဆရာတော်များအား ဖူးမြော်ကာ အပျက်အစီးများ ဖယ်ရှားရှင်းလင်းနေမှုအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင်သည် တာဝန်ရှိသူများ လိုက်ပါလျက် ကျောက်ဆည်မြို့၊ စုကြီးရပ်ကွက်၊ ရွှေမုဋ္ဌောဘုရားဓမ္မာရုံ၌ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်အတူလိုက်ပါ၍ မြန်မာနိုင်ငံအင် ဂျင်နီယာကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ အောင်ကျော်မြတ်နှင့် နည်းပညာရှင်များ၊ တာဝန်ရှိသူများဖြင့် အစည်းအဝေးပြုလုပ်ခဲ့ရာ ကျောက်သေတ္တာကြီး မူလအခြေအနေမှ တိမ်းစောင်းသွားမှုအခြေအနေ၊ လက်ရှိတည်ရှိနေမှုအခြေ အနေများကို ဒရုန်းဖြင့်ရိုက်ကူးထားသော Video Clip များ၊ မှတ်တမ်းဓာတ်ပုံများအား အသေးစိတ် ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆက်လက်ဆောင်ရွက်ရမည့် နည်းလမ်းများဆွေးနွေး ဆောင်ရွက်ခဲ့ပြီး လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ထို့နောက် ကျောက်ဆည်မြို့မှ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ဂေါပကအဖွဲ့ဝင် များနှင့်တွေ့ဆုံ၍ ကျောက်သေတ္တာစေတီမွမ်းမံ ပြင်ဆင်ရေးလုပ်ငန်းများ၊ အလှူငွေရရှိ/ ထိန်းသိမ်း/စီမံခန့်ခွဲရေး လုပ်ငန်းများ၊ ကျောက်ဆည်မြို့မဈေးကြီးသည် လတ်တလော ဖွင့်လှစ်နိုင်ခြင်းမရှိသေးသဖြင့် စည်ပင်သာယာရေးပိုင်နယ်နိမိတ်ဖြစ်သော ဖောင်းရွာရပ်ကွက် ၂၀.၅၆ မြေဧကအကျယ်ရှိ ဖောင်းရွာကွင်း၌ ယာယီဈေးဖွင့်လှစ်ဆောင်ရွက်ပေး နိုင်ရေးကိစ္စရပ်များအား အသေးစိတ်ဆွေးနွေး ဆောင်ရွက်ခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။

၎င်းနောက် ကူမဲမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(လမ်းခွ)နှင့် အခြေခံ ပညာအထက် တန်းကျောင်း (ကူမဲ)ကျောင်းများသို့ သွားရောက်စစ်ဆေးခဲ့ပြီး ယခုနှစ်ပညာသင်နှစ်တွင် စာသင်ကျောင်းများအလိုက် ကျောင်းအပ်လက်ခံမည့် ကျောင်းသား/သူ ခန့်မှန်းအင်အားအတိုင်း စာသင်ဆောင်များ လုံလောက်မှုရှိစွာဖြင့် ပညာသင်ကြားနိုင်ရေး နှင့်ပျက်စီးသွားသော စာသင်ဆောင်များ အမြန်ပြုပြင်နိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနသို့ တင်ပြ၍လမ်းညွှန်မှုခံယူသွားရန်၊ ပရိဘောဂပစ္စည်းများနှင့် စာသင်ခုံများစနစ်တကျ ပြန်လည်ပြုပြင်ထိန်းသိမ်းသွားရန်၊ မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ကျောက်ဆည် ခရိုင်အတွင်းရှိ ထိခိုက်ပျက်စီးသွားသော စာသင်ကျောင်းများမှ အပျက်အစီးများကို ၂၂-၄-၂၀၂၅ ရက်နေ့အပြီး ဖယ်ရှားရှင်းလင်းရေး ဆောင်ရွက်သွားရန်မှာကြားခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

၎င်းနောက် မြစ်သားမြို့နယ်၊ ကူမဲမြို့ရှိ ရွှေဘုံသာစေတီ၌ ပြိုကျပျက်စီးခဲ့သော ဘုရားစေတီများ၊ သာသနိကအဆောက်အဦများအား သွားရောက်ကြည့်ရှုခဲ့ပြီး ပြန်လည်ပြုပြင်မွမ်းမံမည့်အစီ အမံများအား တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး ခဲ့ကြောင်းသတင်းရရှိသည်။

Newspaper - 3500 items

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက် ၊ ဧပြီ ၁၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 14, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက် ၊ ဧပြီ ၁၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 13, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက် ၊ ဧပြီ ၁၂ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ April 12, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက် ၊ ဧပြီ ၁၁ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ April 11, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက် ၊ ဧပြီ ၁၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ April 10, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၈ ရက် ၊ ဧပြီ ၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 09, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၇ ရက် ၊ ဧပြီ ၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 08, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၆ ရက် ၊ ဧပြီ ၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 07, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက် ၊ ဧပြီ ၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 06, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၄ ရက် ၊ ဧပြီ ၅ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ April 05, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download