စက်ပစ္စည်းကြီးကြပ်မှုကော်မတီ၏ (၄/၂၀၂၄-၂၀၂၅) ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးကျင်းပခြင်း၊ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲ ပြုလုပ်နိုင်ရေးအတွက် ပြခန်းများတည်ဆောက်နေမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေး
စက်ပစ္စည်းကြီးကြပ်မှုကော်မတီ၏ (၄/၂၀၂၄-၂၀၂၅) ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးကျင်းပခြင်း၊ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲ ပြုလုပ်နိုင်ရေးအတွက် ပြခန်းများတည်ဆောက်နေမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေး
Ministry of Industry/ Ministerial Office / January 23, 2025
နေပြည်တော်၊ ဇန်နဝါရီ (၁၅)
စက်ပစ္စည်းကြီးကြပ်မှုကော်မတီ၏ (၄/၂၀၂၄-၂၀၂၅)ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ် (၃၀)၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ စက်ပစ္စည်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ဝန်ကြီးဌာနအသီးသီးမှ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် စက်မှုဝန်ကြီးဌာနမှတာဝန်ရှိသူများတက်ရောက် သည်။
ရှေးဦးစွာ စက်ပစ္စည်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးက ၂၀၂၄-၂၀၂၅ ခု၊ ဘဏ္ဍာရေးနှစ်အတွင်း စက်ပစ္စည်းကြီးကြပ်မှုကော်မတီ၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝေး (၃)ကြိမ်ပြုလုပ်ခဲ့ပြီး စက်ပစ္စည်းကြီးကြပ်မှုကော်မတီသို့ ဝန်ကြီးဌာန များမှ တင်ပြခဲ့သည့် ရန်ပုံငွေလွှဲပြောင်းအမှုတွဲ၊ စီမံကိန်းတန်ဖိုးပြောင်းလဲခြင်းအမှုတွဲများကို ကော်မတီဝင်များနှင့် အတည်ပြုပေးနိုင်ခဲ့ပြီး ဘဏ္ဍာငွေနည်းပါးပြီး သာမန်ရန်ပုံငွေလွှဲပြောင်းခြင်းကိစ္စရပ်များအတွက် ကော်မတီရုံးက စိစစ်ဆောင်ရွက်ခြင်း အမှုတွဲများကို ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ယခုအစည်းအဝေး၌ စက်ပစ္စည်းကြီးကြပ်မှုကော်မတီသို့ ဝန်ကြီးဌာနများမှ တင်ပြသည့် ရန်ပုံငွေလွှဲပြောင်းသုံးစွဲခြင်း အမှာစာများကို အတည်ပြုနိုင်ရေးအတွက် ကော်မတီအဖွဲ့ဝင်များဖြင့် ဆွေးနွေးသွားမည်ဖြစ်ပါကြောင်း၊ ၂၀၂၅-၂၀၂၆ ခု၊ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုအဆင့်ဝန်ကြီးဌာန၊ အဖွဲ့အစည်းအသီးသီး၏ အရအသုံးခန့်မှန်းခြေငွေစာရင်း ငွေလုံးငွေရင်း (စက်ပစ္စည်း) အသုံးစရိတ်များကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၁၆)ရက်နေ့မှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁၃)ရက်နေ့အထိ ကော်မတီအနေဖြင့် စိစစ်ခဲ့ပြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနသို့ ပေးပို့ခဲ့ပြီးဖြစ်ပါကြောင်း၊ စက်ပစ္စည်းကြီးကြပ်မှုကော်မတီသည် နိုင်ငံတော်၏ စက်ပစ္စည်းကဏ္ဍနှင့်ပတ်သက်၍ အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ရခြင်းဖြစ်သည့်အတွက် နိုင်ငံတော်အတွက် ကောင်းမွန်သည့် အထောက်အပံ့ဖြစ်စေရန် စက်ပစ္စည်းကြီးကြပ်မှုကော်မတီ၏ မူဝါဒ၊ လုပ်ငန်းတာဝန်များနှင့်အညီ လုပ်ငန်းများ ပိုမိုထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်စေရန် အဖွဲ့ဝင်များက ကြိုးပမ်းဆောင်ရွက်ပေးကြရန်နှင့် ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြပါရန် ဖိတ်ခေါ်ပါကြောင်း၊ ပြည်တွင်း၌ လျှပ်စစ်များကို ပိုမိုဖြန့်ဖြူးပေးနိုင်ရေးအတွက် လိုအပ်သည့် စက်ပစ္စည်းများ၊ ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များအတွက် လိုအပ်သော စက်ပစ္စည်းများ၊ ဆေးရုံသုံးပစ္စည်းများ၊ ထပ်မံဖြည့်တင်းရန်ရှိပါက ကော်မတီသို့ တင်ပြလျှင် အချိန်နှင့်တစ်ပြေးညီဆောင်ရွက်ပေးနိုင်ရေးအတွက် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဝန်ကြီးဌာနများက တင်ပြသည့် အမှုတွဲများကို သက်ဆိုင်ရာကော်မတီဝင်နှင့် ဝန်ကြီးဌာနကိုယ်စားလှယ်များက ရှင်းလင်းတင်ပြကြပြီး တင်ပြသည့်အမှုတွဲများနှင့်ပတ်သက်၍ ဆွေးနွေးအတည်ပြုခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြား၍ အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။
ညနေပိုင်းတွင် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ၊ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးသည် မုဒ်ဦးနှင့်ပြခန်းတည်ဆောက်ရေး ဆပ်ကော်မတီဥက္ကဋ္ဌ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းဖေနှင့်အတူ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲပြုလုပ်နိုင်ရေးအတွက် ပြခန်းများတည်ဆောက် နေမှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ပြခန်းများအား ယာယီတည်ဆောက်ခြင်းဖြစ်သော်လည်း ခိုင်ခံ့မှုရှိအောင်တည်ဆောက်ရန်၊ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန် ပြပွဲနှင့်ပြိုင်ပွဲတွင် ဝန်ကြီးဌာနပြခန်းများ၊ ရိုးရာအစားအစာဆိုင်ခန်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ MSME ထုတ်ကုန်ပြခန်းများ၊ အသေးစားစက်မှုလုပ်ငန်းနှင့် ကုန်ထုတ်သမဝါယမ ပြခန်းများအား အချိန်မီခင်းကျင်းပြသနိုင်ရေးအတွက် ပြခန်းများကို သတ်မှတ်အချိန်အတွင်း ပြီးစီးအောင်ဆောင်ရွက်ရန်၊ ယခင်ကျင်းပခဲ့သည့် ပြပွဲများ၏ အားသာချက်များကို ပိုမိုကောင်းမွန်အောင်နှင့် အားနည်းချက်များကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်ရန်၊ MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲကို MSME လုပ်ငန်းများ အောင်မြင်စေရေးနှင့် ထုတ်ကုန်ပစ္စည်းများ ဈေးကွက်ရရှိစေရေး၊ ပြည်တွင်း/ပြည်ပအဖွဲ့အစည်းများနှင့် ပိုမိုချိတ်ဆက်ဆောင်ရွက်နိုင်ရေး၊ MSME လုပ်ငန်းများ ရေရှည်တည်တံ့နိုင်ရေး၊ လုပ်ငန်းရှင် အချင်းချင်း အသိပညာများဖလှယ်၍ ချိတ်ဆက်ဆောင်ရွက်နိုင်စေရေးတို့အတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်၍ လုပ်ငန်းတာဝန်များကို အလေးထားဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)
Newspaper - 3067 items
၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၅ ရက် ၊ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ February 05, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၇ ရက် ၊ ဖေဖော်ဝါရီ ၄ ရက် ၊အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ February 04, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၆ ရက် ၊ ဖေဖော်ဝါရီ ၃ ရက် ၊တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ February 03, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၅ ရက် ၊ ဖေဖော်ဝါရီ ၂ ရက် ၊တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ February 02, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၄ ရက် ၊ ဖေဖော်ဝါရီ ၁ ရက် ၊စနေနေ့။
Publisher: မြန်မာ့အလင်း/ February 01, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၃ ရက် ၊ ဇန်နဝါရီ ၃၁ ရက် ၊သောကြာနေ့။
Publisher: မြန်မာ့အလင်း/ January 31, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၂ ရက် ၊ ဇန်နဝါရီ ၃၀ ရက် ၊ကြာသာပတေးနေ့။
Publisher: မြန်မာ့အလင်း/ January 30, 2025
Publication Date: 2025
Page: 32 pages
Language: မြန်မာ
Download