စက်သုံးဆီနှင့်ပတ်သက်၍ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ပြည်သူသို့ အသိပေးပြောကြားချက်
စက်သုံးဆီနှင့်ပတ်သက်၍ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ပြည်သူသို့ အသိပေးပြောကြားချက်
Ministry of Information/ Naypyitaw / March 04, 2026
နေပြည်တော် မတ် ၄
ဒီနေ့မှာတော့ မီဒီယာများမေးမြန်းနေကြတဲ့ စက်သုံးဆီကိစ္စနဲ့ပတ်သက်ပြီး ပြောကြားပါမယ်။ မနေ့ကတော့ ကျွန်တော်တို့အနေနဲ့ စက်သုံးဆီခြိုးခြံချွေတာရေးအတွက် ပြည်သူသို့ အသိပေးပန်ကြားချက်ဆိုပြီးတော့ ထုတ်ပြန်ခဲ့ပါတယ်။ ဒါကို အဓိကထုတ်ပြန်ရတဲ့ အကြောင်းအရင်းကတော့ နံပါတ်တစ် ကျွန်တော်တို့နိုင်ငံမှာ အရန်စက်သုံးဆီ မရှိလို့မဟုတ်ပါဘူး။ ထပ်ပြောပါမယ်၊ အရန်စက်သုံးဆီမရှိလို့ ထုတ်ပြန်ခဲ့ခြင်း မဟုတ်ပါဘူး။ ရေရှည်ဖြစ်လာနိုင်တဲ့ကိစ္စတွေကိုတွက်ဆပြီးတော့ ကျွန်တော်တို့ ခြိုးခြံချွေတာရေးအတွက်သာ ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပါတယ်။ စနစ်တကျအသုံးပြုပြီးတော့ ကမ္ဘာမှာကြုံတွေ့နေရတဲ့ လောင်စာဆီအခက်အခဲကို မြန်မာနိုင်ငံအနေနဲ့ စနစ်တကျဖြတ်သန်းနိုင်ဖို့ရည်ရွယ်ပြီး ထုတ်ပြန်ခဲ့ရခြင်း ဖြစ်ပါတယ်။
ဒီနေရာမှာ ကျွန်တော့်အနေနဲ့ ပြောချင်တာကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ စက်သုံးဆီ သုံးစွဲမှု တစ်ရက်ကို ဓာတ်ဆီ ၁.၅ သန်းဂါလန်ရှိပါတယ်။ ဒီဇယ်ဆီ ၁.၇ သန်း ဂါလန်ခန့်ရှိပါတယ်။ စုစုပေါင်းရင်တော့ တစ်ရက်ကို ဆီဂါလန် ၃.၂ သန်းခန့် သုံးစွဲနေတာ ဖြစ်ပါတယ်။ အခု ကျွန်တော်တို့ လက်ရှိ မြန်မာနိုင်ငံမှာ ဓာတ်ဆီ ဂါလန် သန်း ၆၀ ရှိပြီး စုပုံထားပြီး ဖြစ်ပါတယ်။ ဒီဇယ်ဆီ ဂါလန် သန်း ၇၀ နီးပါး စုပုံထားပြီး ဖြစ်ပါတယ်။ ဒါကြောင့်မလို့ မြန်မာနိုင်ငံအတွင်းမှာ အရန်ဆီအနေနဲ့ နောက်ထပ် ရက် ၄၀ စာရှိတယ်လို့ ခိုင်မာစွာပြောကြားလိုပါတယ်။ ဒါ့အပြင် ဆိပ်ကမ်းမှာ ယခုလက်ရှိ ဆီမချရသေးဘဲနဲ့ ကပ်ထားတဲ့ သင်္ဘော ၂ စင်းရောက်ရှိနေတာ ရှိပါတယ်။ ကျွန်တော်တို့ ဝယ်ယူထားပြီးသား လမ်းမှာ စက်သုံးဆီ သင်္ဘော ၁၄ စင်း ရှိပါတယ်။ အဲဒီ ၁၄ စင်းကလည်း ကျွန်တော်တို့ဆီကို ရက်ပိုင်းတွေအတွင်းမှာ ဆိုက်ကပ်လာနိုင်ပါတယ်။ ဘာအခက်အခဲမှ မရှိဘူးဆိုတာ ပြောလိုပါတယ်။
နောက်တစ်ခုကတော့ ကျွန်တော်တို့ အိမ်နီးနားချင်းနိုင်ငံ ထိုင်းနိုင်ငံအနေနဲ့က သူတို့နိုင်ငံကနေပြီး ဆီတင်ပို့တာ ပိတ်သိမ်းလိုက်ပြီဆိုတာကို ကြေညာတာနဲ့ပတ်သက်ပြီးတော့ ကောလာဟလသတင်းတွေ ထုတ်လွှင့်နေတာရှိပါတယ်။ ကျွန်တော့်အနေနဲ့ ပြောချင်တာက ကျွန်တော်တို့သည် ဆီတင်သွင်းတာသည် အရှေ့တောင်အာရှနိုင်ငံတွေထဲကဆိုရင် စင်ကာပူနဲ့ မလေးရှားကနေ ကျွန်တော်တို့တင်သွင်းနေတာ ဖြစ်ပါတယ်။ စင်ကာပူတို့ မလေးရှားတို့မှာလည်း ဆီနဲ့ပတ်သက်လာရင် သူ့မှာရေနံချက်စက်ရုံတွေ သူကရှိပြီးဖြစ်ပါတယ်။ သူတို့နိုင်ငံတွေအနေနဲ့လည်း သူတို့ရေနံချက်စက်ရုံတွေကို ရပ်ပြီးတော့နေမှာမဟုတ်ပါဘူး။ သူတို့အနေနဲ့ အရှေ့အလယ်ပိုင်းက ရေနံမရလည်း ရတဲ့နိုင်ငံကနေ ရေနံသွင်းပြီးတော့ လည်ပတ်မှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့အနေနဲ့က ဒါသည် သူတို့ရဲ့လှုပ်ရှားရမယ့် စီးပွားရေးလုပ်ငန်းဖြစ်တဲ့အတွက်ကြောင့် လည်ပတ်မှုရပ်တန့်စရာမရှိပါဘူး။ ဒါကြောင့်မလို့ ကျွန်တော့်အနေနဲ့ ပြောချင်တာကတော့ ဒီစက်သုံးဆီနဲ့ပတ်သက်ပြီး ကျွန်တော်တို့နိုင်ငံမှာ ပြတ်လပ်သွားစရာ အကြောင်းမရှိပါဘူး။
သို့သော် ကမ္ဘာမှာဖြစ်ပေါ်နေတဲ့အခြေအနေအရ စက်သုံးဆီများကတော့ ဈေးနှုန်းများက ကမ္ဘာ့ဈေးနှုန်းနဲ့အညီတော့ ဖြစ်လာနိုင်စရာ အကြောင်းရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီးလည်း ဒီနေ့ စွမ်းအင်ဝန်ကြီးဌာနအနေနဲ့ စက်သုံးဆီအရောင်းဆိုင်တွေမှာ လိုက်လံပြီးတော့ ပညာပေးတာတွေ၊ လိုက်လံပြီးတော့ အသိပေးတာတွေ၊ ပြည်သူလူထုကိုလည်း မေတ္တာရပ်ခံအသိပေးတာတွေ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ပြီးရင် စွမ်းအင်ဝန်ကြီးဌာနအနေနဲ့ကလည်း မကြာခင်မှာ အများပြည်သူကို အသိပေးကြေညာချက်တစ်ခု ကြေညာမှာဖြစ်ပါတယ်။ အဲဒီမှာ ကျွန်တော်တို့ စက်သုံးဆီနဲ့ပတ်သက်ပြီးရင် ပြည်သူလူထုမစိုးရိမ်ဖို့ အကြောင်းတွေပါမှာဖြစ်တယ်၊ ဘယ်လိုထောက်ပံ့ရေးကွင်းဆက် စက်သုံးဆီမပြတ်တောက်ဖို့ ဘယ်လိုလုပ်မလဲ ဆိုတာတွေလည်းပါမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ပြည်သူများအနေနဲ့ ယခုကျွန်တော်တို့ သိရှိရပါတယ်။ စက်သုံးဆီဆိုင်တွေမှာ လှုံ့ဆော်မှုတွေ၊ စိုးရိမ်မှုတွေကြောင့် တန်းစီဝယ်ယူနေတာ ရှိပါတယ်။ ဆီပြတ်သွားစရာ အကြောင်းမရှိပါဘူး။ ဒါနဲ့ပတ်သက်ပြီးတော့ စနစ်တကျလိုတဲ့သူက ဝယ်မယ်၊ စနစ်တကျ လုပ်ဆောင်သွားကြဖို့ပဲ ပြောလိုပါတယ်။ ဆီနဲ့ပတ်သက်ပြီးတော့ ကျွန်တော်စက်သုံးဆီဆိုင် တွေကိုလည်း ဖွင့်လှစ်ထားမှာဖြစ်ပါတယ်။ ဆီနဲ့ပတ်သက်ပြီး မရောင်းတဲ့စက်သုံးဆီဆိုင် တွေရှိရင်လည်း စွမ်းအင်ဝန်ကြီးဌာနအနေနဲ့ ဖုန်းနံပါတ်တွေနဲ့ ထုတ်ပြန်ပါမယ်။ တိုင်ကြား နိုင်ပါတယ်။ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
အနှစ်ချုပ်အနေနဲ့ပြောရရင် မြန်မာနိုင်ငံအနေနဲ့ မြန်မာနိုင်ငံအတွင်းမှာ ရောက်ရှိနေတဲ့ စက်သုံးဆီပုံမှန်သုံးစွဲရင်တောင်မှပဲ ရက် ၄၀ စာ အရန်ရှိပါတယ်။ ဆိပ်ကမ်းမှာ မချရသေးတဲ့ သင်္ဘော ၂ စင်းရှိပါတယ်။ လမ်းမှာ စက်သုံးဆီများ ဝယ်ယူပြီးတော့ တင်ဆောင်ပြီးလာနေတဲ့ သင်္ဘော ၁၄ စင်း ရှိပါတယ်။ စက်သုံးဆီ ပြတ်တောက်စရာ အကြောင်းမရှိပါဘူးလို့ပဲ ပြောချင်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။
Newspaper - 3460 items
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် ၊ မတ် ၅ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 05, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက် ၊ မတ် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက် ၊ မတ် ၃ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်နေ့ ၊ မတ် ၂ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၄ ရက် ၊ မတ် ၁ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက် ၊ ဖေဖော်ဝါရီ ၂၈ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ February 28, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက် ၊ ဖေဖော်ဝါရီ ၂၇ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ February 27, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက် ၊ ဖေဖော်ဝါရီ ၂၆ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ February 26, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက် ၊ ဖေဖော်ဝါရီ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ February 25, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက် ၊ ဖေဖော်ဝါရီ ၂၄ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ February 24, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
