စက်သုံးဆီဖြန့်ဖြူးရောင်းချမှုနှင့်ပတ်သက်၍ ပြည်သူသို့ အသိပေးပန်ကြားချက်


Ministry of Information/ Naypyitaw / April 26, 2026
image_latest


အရှေ့အလယ်ပိုင်းတွင် ဖြစ်ပွားနေသောပဋိပက္ခများကြောင့် ကမ္ဘာ့ရေနံတင်ပို့မှု ငါးပုံတစ်ပုံခန့်ဖြတ်သန်း သယ်ယူပို့ဆောင်လျက်ရှိသော ဟော်မုဇ်ရေလက်ကြားပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့ရာ ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းများ ဆက်တိုက်မြင့်တက်ခဲ့ပြီး စက်သုံးဆီဈေးနှုန်းများလည်း လိုက်ပါမြင့်တက်သောကြောင့် အခက်အခဲများစွာကြုံတွေ့ခဲ့ကြရပါသည်။

နိုင်ငံတော်အစိုးရအနေဖြင့် စက်သုံးဆီမပြတ်လပ်စေရေး ပုံမှန်ညှိနှိုင်းကြီးကြပ်ဆောင်ရွက်ခဲ့သည့် အတွက် စဉ်ဆက်မပြတ်ဖြည့်တင်းနိုင်ခဲ့ပြီး စက်သုံးဆီများ ပုံမှန်ဖြန့်ဖြူးရောင်းချပေးနိုင်လျက်ရှိသည့်အပြင် စနစ်တကျစိစစ်သုံးစွဲနိုင်မှုကြောင့် ရက် ၆၀ စာ ဖူလုံမှုရှိသည်အထိ ဖြည့်တင်းသိုလှောင်နိုင်သည့် အခြေအနေသို့ ရောက်ရှိခဲ့ပါသည်။ ထို့အပြင် စက်သုံးဆီဖူလုံမှု အာမခံချက်ရှိစေရေးအတွက် မိတ်ဆွေနိုင်ငံများနှင့် ညှိနှိုင်းဆွေးနွေးမှုများ ဆောင်ရွက်နိုင်ခဲ့ပြီး စက်သုံးဆီအပြင် အခြားရေနံထွက်ပစ္စည်းများ တင်သွင်းနိုင်ရေးအတွက်လည်း သဘောတူညီမှုများ ရရှိထားပါသည်။

ကမ္ဘာ့စက်သုံးဆီဈေးနှုန်းများ မြင့်တက်ခဲ့သော်လည်း ပြည်တွင်းစက်သုံးဆီဈေးနှုန်းများစွာ မြင့်တက်သွားခြင်းမရှိစေရေးအတွက် နိုင်ငံတော်အစိုးရမှ ကြပ်မတ်ထိန်းကျောင်းဆောင်ရွက်ပေးလျက်ရှိရာ မိမိတို့နိုင်ငံ၏ စက်သုံးဆီဈေးနှုန်းများသည် အရှေ့တောင်အာရှနိုင်ငံများနှင့်နှိုင်းယှဉ်ပါက သင့်တင့်သည့်ဈေးနှုန်းများဖြစ်သည်ကို တွေ့ရှိရပါသည်။

အာဆီယံနိုင်ငံများနှင့် စက်သုံးဆီဈေးနှုန်းများနှိုင်းယှဉ်ချက်

ထို့အပြင် ကုန်စည်ပို့ဆောင်ရေးယာဉ်များသုံးစွဲရန် ရိုးရိုးဒီဇယ်ဆီများတင်သွင်းရာတွင် အခွန်အခများ ကင်းလွတ်ခွင့်ပြုထားသည့်အတွက် တစ်လီတာလျှင် ၅၇၅၂ ကျပ် (1.423 USD/Liter) ဖြင့် ရောင်းချပေးနိုင်လျက်ရှိပါသည်။

ရေနံစိမ်းဈေးနှုန်းမြင့်တက်မှုနှင့် စက်သုံးဆီဈေးနှုန်းမြင့်တက်မှုကို နှိုင်းယှဉ်ကြည့်မည်ဆိုပါက ကုန်ကြမ်းရေနံစိမ်းဈေးမြင့်တက်မှုရာခိုင်နှုန်း နည်းပါးသော်လည်း ကုန်ချောစက်သုံးဆီဈေးနှုန်းများမှာ တစ်ဟုန်ထိုးမြင့်တက်ခဲ့သည်ကို တွေ့ရှိရမည်ဖြစ်ပါသည်။

ရေနံစိမ်းဈေးနှုန်းနှင့် ဓာတ်ဆီ၊ ဒီဇယ်ဈေးနှုန်း နှိုင်းယှဉ်ချက်အခြေပြဇယား

သို့ဖြစ်ရာ ရေနံစိမ်းကိုဝယ်ယူ၍ ကိုယ်တိုင်ချက်လုပ်ဖြန့်ဖြူးနိုင်မည်ဆိုပါက ပြည်သူများအနေဖြင့် စက်သုံးဆီကိုပိုမိုချိုသာသောဈေးနှုန်းဖြင့် သုံးစွဲနိုင်ခွင့်ရရှိမည်ဖြစ်ပါသည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် ရေနံချက်စက်ရုံအသစ်များ တိုးချဲ့တည်ဆောက်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိသကဲ့သို့ စက်ရုံအဟောင်းများကိုလည်း အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်လျက်ရှိနေပါသည်။

ထို့အပြင် ရေနံစိမ်းကို လုံလောက်စွာထုတ်လုပ်လာနိုင်ပါက ပြည်သူများအနေဖြင့် စက်သုံးဆီနှင့် ပတ်သက်၍ ကြောင့်ကြမှုများ ကင်းဝေးသွားမည်ဖြစ်ရာ နိုင်ငံတော်အစိုးရအနေဖြင့် ရေနံစိမ်းများ ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေးအတွက်လည်း နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိနေပါသည်။

နိုင်ငံတော်အစိုးရအနေဖြင့် ပြည်တွင်းထုတ်စက်သုံးဆီများကို သုံးစွဲသူပြည်သူများထံ တိုက်ရိုက်ဖြန့်ဖြူးပေးသည့်အနေဖြင့် မော်တော်ဆိုင်ကယ်များ၊ သုံးဘီးယာဉ်များနှင့် အချို့မော်တော်ယာဉ်များကို RON 68 ဓာတ်ဆီတစ်ဂါလန်လျှင် ၁၇၂၅၂ ကျပ်ဖြင့်လည်းကောင်း၊ RON 72 ဓာတ်ဆီတစ်ဂါလန်လျှင် ၁၇၇၀၇ ကျပ်ဖြင့်လည်းကောင်း၊ တောင်သူလယ်သမားများထံသို့ ဒီဇယ်တစ်ဂါလန်လျှင် ၁၀၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း လက်ဝယ်အရောက် ဖြန့်ဖြူးရောင်းချပေးလျက်ရှိပါသည်။ ဆက်လက်ရောင်းချပေးသွားရန်အတွက်လည်း စီမံထားရှိပြီးဖြစ်ပါသည်။

လက်ရှိအခြေအနေတွင် ပြည်သူများအနေဖြင့် ရင့်ကျက်နားလည်မှုရှိသည့်စိတ်၊ ကိုယ်ချင်းစာစိတ်၊ အကောင်းမြင်စိတ်များဖြင့် အကြံဉာဏ်များပေးခြင်း၊ အသိပညာဗဟုသုတများကို လူမှုကွန်ရက်များမှ မျှဝေပေးခြင်း၊ ပြည်သူလူထုထိခိုက်နစ်နာစေသည့် အပြုအမူများကို တွေ့ရှိသည်နှင့်တစ်ပြိုင်နက် CallCenter များသို့သတင်းပို့ခြင်း၊ မီဒီယာများအနေဖြင့်လည်း ပြည်သူလူထု ထင်ယောင်ထင်မှားဖြစ်စေမည့်၊ စိုးရိမ်ထိတ်လန့်မှုဖြစ်စေမည့် ခေါင်းစဉ်များဖော်ပြ၍ ရေးသားဖြန့်ဝေခြင်းမပြုမိစေရန် သတိထားဆောင်ရွက်လာခြင်းတို့ဖြင့် ပူးပေါင်းဆောင်ရွက်မှုများအား ပြုလုပ်နေကြသည့်အတွက် စက်သုံးဆီဖြန့်ဖြူးရောင်းချမှု လုပ်ငန်းစဉ်များသည် တည်ငြိမ်လာသည့်အခြေအနေသို့ ရောက်ရှိလာပြီဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် စက်သုံးဆီပြတ်လပ်မည်ကိုစိုးရိမ်၍ တန်းစီဝယ်ယူစုဆောင်းခြင်းမျိုး မပြုလုပ်ကြပါရန်နှင့် လိုအပ်သလောက်သာဝယ်ယူသုံးစွဲခြင်းဖြင့် လူတစ်ဦးချင်းစီ၏ အချိန်ကုန် လူပင်ပန်းမှုများ သက်သာစေမည်ဖြစ်သည့်အပြင် နိုင်ငံတော်၏ နိုင်ငံခြားငွေသုံးစွဲမှု လျှော့ချလာနိုင်မည်ဖြစ်သည့်အတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ မိဘပြည်သူများအကျိုးကိုရှေးရှု၍ အကောင်အထည်ဖော်ဆောင်ရွက်နေသည့်လုပ်ငန်းစဉ်များတွင် ပိုမို၍ပူးပေါင်းပါဝင်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

Newspaper - 3507 items

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက် ၊ ဧပြီ ၂၆ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ April 26, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက် ၊ ဧပြီ ၂၅ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ April 25, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက် ၊ ဧပြီ ၂၄ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ April 24, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက် ၊ ဧပြီ ၂၃ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 23, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက် ၊ ဧပြီ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 22, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက် ၊ ဧပြီ ၂၁ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 21, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက် ၊ ဧပြီ ၂၀ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 20, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက် ၊ ဧပြီ ၁၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 14, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက် ၊ ဧပြီ ၁၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 13, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက် ၊ ဧပြီ ၁၂ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ April 12, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download