စနစ်တကျ သတင်းပို့အပ်နှံခြင်းဖြင့် တစ်သက်တာလုံး ဝမ်းမြောက်ဂုဏ်ယူ
စနစ်တကျ သတင်းပို့အပ်နှံခြင်းဖြင့် တစ်သက်တာလုံး ဝမ်းမြောက်ဂုဏ်ယူ
Ministry of Information/ Naypyitaw / December 27, 2024
ပုဂံရှေးဟောင်းနယ်မြေအတွင်းမှ တူးဖော်ရရှိသည့် ရှေးဟောင်း ရွှေထည်ပစ္စည်းများကို သက်ဆိုင်ရာတာဝန်ရှိသူများထံ သတင်းပေးပို့အပ်နှံခြင်းမရှိဘဲ ထုခွဲရောင်းချသူများ ဖော်ထုတ်ဖမ်းဆီးအရေးယူခံရသည့်သတင်းမှာ အများပြည်သူသတိပြုဖွယ်ရာပင် ဖြစ်သည်။ ရှေးဟောင်းဝတ္ထုပစ္စည်းများ ကာကွယ်ထိန်းသိမ်းရေးဥပဒေအရ အမှုဖွင့်အရေးယူခံရသူ ၁၄ ဦးတို့မှာ မြင်းကပါကျေးရွာအတွင်း ရေမြောင်းတူးဖော်သည့်လုပ်ငန်းလုပ်ကိုင်စဉ် တွေ့ရှိခဲ့ရသည့် ရှေးဟောင်းရွှေထည်များကို သက်ဆိုင်ရာသို့ သတင်းပို့အပ်နှံခြင်းမရှိဘဲ ပြင်ပတွင် ထုခွဲရောင်းချခဲ့ကြခြင်းဖြစ်ရာ အကယ်၍သာ သက်ဆိုင်ရာသို့ သတင်းပို့အပ်နှံခဲ့မည်ဆိုပါက ယခုကဲ့သို့အဖြစ်မျိုးနှင့် ကြုံရမည်မဟုတ်ဘဲ ဘဝတစ်သက်တာ ဝမ်းမြောက်ဂုဏ်ယူကြရမည်ဖြစ်သည်။
မြန်မာနိုင်ငံသည် ရှည်လျားသည့်သမိုင်းကြောင်း၊ မြင့်မားသည့် ယဉ်ကျေးမှုတို့ရှိသည်နှင့်အညီ နိုင်ငံတစ်ဝန်းလုံး မြေပေါ်မြေအောက်တို့တွင် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ ပြန့်ကျဲတည်ရှိနေသည်။ ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်နှင့်သမိုင်းတင်သည့် ခေတ်အဆက်ဆက်တို့မှ ကြွင်းကျန်ရစ်သည့် ရှေးဟောင်းပစ္စည်းများမှာ မိမိတို့နိုင်ငံ၊ မိမိတို့လူမျိုး၏ သမိုင်းနှင့်ယဉ်ကျေးမှုဆိုင်ရာ အထောက်အထားများပင်ဖြစ်သည်။ သို့ဖြစ်ရာ ရွှေထည်ပစ္စည်းများသာမက ငွေထည်၊ ကြေးထည်၊ သံထည်၊ မြေထည်၊ ကျောက်ထည်၊ သစ်သားထည်များ၊ ပိုးထည်၊ ချည်ထည် များ၊ လက်နက်များ၊ အဆင်တန်ဆာများ၊ အသုံးအဆောင်များ၊ အဆောက်အအုံများ၊ သင်္ချိုင်းများ စသည့်ရှေးဟောင်းပစ္စည်းများ မပျောက်မပျက်အောင် ဝိုင်းဝန်းထိန်းသိမ်းကြရန် နိုင်ငံသား အားလုံးတွင် တာဝန်ရှိသည်။ ရှေးဟောင်းဝတ္ထုပစ္စည်းများကို ဖျက်ဆီးခြင်း၊ တရားမဝင်ထုခွဲရောင်းချခြင်းပြုလျှင် အထက်ဖော်ပြပါ ၁၄ ဦးကဲ့သို့ ရှေးဟောင်းဝတ္ထုပစ္စည်းများ ကာကွယ်ထိန်းသိမ်းရေးဥပဒေ၊ နည်းဥပဒေတို့အရ အရေးယူခံကြရမည် ဖြစ်သည်။
ပြည်သူများအနေဖြင့် ဘိုးဘွားလက်ထက်မှ သားစဉ်မြေးဆက်ထိန်းသိမ်းလာခဲ့သည့် ရှေးဟောင်းဝတ္ထုပစ္စည်းများကို လည်းကောင်း၊ နည်းအမျိုးမျိုးဖြင့် တွေ့ရှိရသော ရှေးဟောင်းဝတ္ထု ပစ္စည်းများကိုလည်းကောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနသို့အပ်နှံပါက အဆိုပါရှေးဟောင်းဝတ္ထုပစ္စည်းများကို ဤဦးစီးဌာန လက်အောက်ရှိ အမျိုးသားပြတိုက်နှင့် ရှေးဟောင်းသုတေသန ပြတိုက်များတွင် စနစ်တကျ မှတ်တမ်းတင်၍ စုဆောင်းထိန်းသိမ်း ပြသထားရှိခြင်းဖြစ်သည်။ ထို့ပြင်လာရောက်အပ်နှံသည့် ရှေးဟောင်းဝတ္ထုပစ္စည်းအတွက် ထိုက်တန်သော ကာလတန်ဖိုးအပြင် သမိုင်းယဉ်ကျေးမှုဆိုင်ရာ တန်ဖိုးတို့ကိုပါ ထပ်ဆောင်းချီးမြှင့်ပေးသည်။ ယခုကဲ့သို့ ရွှေထည်ပစ္စည်းများကို ရွှေအလေးချိန် နှင့်အညီ ကာလပေါက်ဈေးနှင့် တွက်ချက်ပေးအပ်သည့်အပြင် သမိုင်းယဉ်ကျေးမှုတန်ဖိုးမြင့်မားလျှင် မြင့်မားသလို ထပ်ဆောင်းချီးမြှင့်ပေးအပ်သည်။ ထပ်ဆောင်းတန်ဖိုးသတ်မှတ်ရာတွင် ရှေးဟောင်းဝတ္ထုပစ္စည်း၏ နောက်ခံသမိုင်းကြောင်းအခြေအနေ၊ ပြုလုပ်သည့် ပစ္စည်းအမျိုးအစား၊ အနုလက်ရာမြောက်မှု အဆင့်အတန်း၊ သက်တမ်းနှင့်ကာလတန်ဖိုးတို့အပေါ်တွင်မူတည်၍ စစ်ဆေးရေးအဖွဲ့က သတ်မှတ်ပေးအပ်ခြင်းဖြစ်ပြီး ခေတ်ကာလ ကြေးကို ကျောက်ခေတ်မှ ကိုလိုနီခေတ်အထိ ခေတ်ခွဲခြား၍ ၅၀ ရာခိုင်နှုန်းမှ ၁၀၀ ရာခိုင်နှုန်းအထိလည်းကောင်း၊ လက်ရာကြေးကို ၃၀ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းအထိလည်းကောင်း ကာလတန်ဖိုးအပေါ် ထပ်ဆောင်းချီးမြှင့်ပေးလျက်ရှိသည်ဟု သိရ သည်။
ရှေးဟောင်းဝတ္ထုပစ္စည်းများသည် တစ်မျိုးသားလုံးနှင့်သက်ဆိုင်ပြီး အချို့ဆိုလျှင် လူသားအားလုံးနှင့်ပင်ဆိုင်သည့် အမွေအနှစ်ပစ္စည်းများဖြစ်ရာ မပျက်စီးမပျောက်ကွယ်သွားစေရန် မိမိတို့အားလုံး ဝိုင်းဝန်းကာကွယ် ထိန်းသိမ်းစောင့်ရှောက်ကြဖို့ လိုသည်။ ကံအကြောင်းတိုက်ဆိုင်၍ တစ်နည်းနည်းဖြင့် လက်ဝယ်ရရှိလာကြပါကလည်း နိုင်ငံတော်သို့ စနစ်တကျအပ်နှံခြင်းဖြင့် ငွေကြေးအားဖြင့် ထိုက်ထိုက်တန်တန်ရရှိကြမည့်အပြင် ဂုဏ်ပြုချီးမြှင့်ပေးအပ်ခြင်းဖြစ်သည့်အတွက် ရှေးဟောင်းဝတ္ထုပစ္စည်းနှင့် အတူတွေ့ရှိအပ်နှံသူအဖြစ် မှတ်တမ်း၌ပါဝင်ကာ တစ်သက်တာ ဂုဏ်ယူကြရမည်ဟု မှတ်သားနားလည် အသိပညာဖြန့်ဝေ ကြရပါမည့်အကြောင်း။ ။
Newspaper - 3026 items
၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၃ ရက်၊ ဒီဇင်ဘာ ၂၈ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ December 28, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၂ ရက်၊ ဒီဇင်ဘာ ၂၇ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ December 26, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၁ ရက်၊ ဒီဇင်ဘာ ၂၆ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ December 26, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၀ ရက်၊ ဒီဇင်ဘာ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ December 25, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၉ ရက်၊ ဒီဇင်ဘာ ၂၄ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ December 24, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၈ ရက်၊ ဒီဇင်ဘာ ၂၃ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ December 23, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၂၂ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ December 22, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၂၁ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ December 21, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၅ ရက်၊ ဒီဇင်ဘာ ၂၀ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ December 19, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၄ ရက်၊ ဒီဇင်ဘာ ၁၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ December 19, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download