စိတ်တူကိုယ်တူမိတ်ဖက်နိုင်ငံများနှင့် နီးကပ်စွာအတူပူးပေါင်းဆောင်ရွက်
စိတ်တူကိုယ်တူမိတ်ဖက်နိုင်ငံများနှင့် နီးကပ်စွာအတူပူးပေါင်းဆောင်ရွက်
Ministry of Information/ Naypyitaw / May 10, 2025

ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် မေလ ၇ ရက်နေ့တွင် နေပြည်တော်မှထွက်ခွာပြီး ဒေသစံတော်ချိန် မွန်လွဲပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့တော်သို့ရောက်ရှိပြီး သီးခြားတွေ့ဆုံမှုများ၊ ဆွေးနွေးမှုများ၊ အခမ်းအနားများသို့ တက်ရောက်လျက်ရှိသည်။
ခရီးစဉ်အတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ် (၈၀) ပြည့် အထိမ်းအမှတ်အခမ်းအနားနှင့် ဆက်စပ်အခမ်းအနားများသို့ တက်ရောက်မည်ဖြစ်ပြီး အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့် သီးခြားတွေ့ဆုံဆွေးနွေးခြင်းများလည်း ပါဝင်မည်ဖြစ်သည်။ ချစ်ကြည်ရေးခရီးစဉ်အတွင်း မန္တလေးငလျင်လှုပ်ခတ်မှုနှင့် နိုင်ငံတကာမှကယ်ဆယ်ရေးနှင့် ကူညီထောက်ပံ့ရေးဆိုင်ရာ ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီး နှစ်နိုင်ငံအစိုးရနှင့်ပြည်သူများအကြား ချစ်ကြည်ရေး၊ စီးပွားရေး၊ လုံခြုံရေးဆိုင်ရာများနှင့် ကဏ္ဍပေါင်းစုံတွင် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များကို ပိုမိုတိုးတက်ခိုင်မာလာအောင် ဆွေးနွေးပြောကြားခဲ့သည်။
မေလ ၈ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ကြူကြူလှနှင့် အဖွဲ့ဝင်များသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဖက်ဒရယ်ကောင်စီ လွှတ်တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများနှင့် တွေ့ဆုံရာတွင် ဖက်ဒရယ်ကောင်စီလွှတ်တော်ဥက္ကဋ္ဌက ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် အမျိုးသမီးစောင့်ရှောက်ရေးစီမံကိန်းများရှိပြီး ယူရေးရှားအမျိုးသမီးဖိုရမ်ကို သုံးနှစ်တစ်ခါ ပြုလုပ်လျက်ရှိကြောင်း၊ ယင်းဖိုရမ်တွင် ကလေးငယ်များနှင့် အမျိုးသမီးများ၏ စိန်ခေါ်မှုများကိုဖြေရှင်းရန်အတွက် လုပ်ဆောင်ပေးလျက်ရှိပြီး အမျိုးသမီးများနှင့် ပတ်သက်သည့် စီမံကိန်းများတွင် မြန်မာနိုင်ငံအနေဖြင့် ပါဝင်လာနိုင်ရန် ဖိတ်ခေါ် ခဲ့သည်။ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ ဘက်ပေါင်းစုံမှ ကူညီထောက်ပံ့မှုများသည် မြန်မာနိုင်ငံအတွက် များစွာအထောက်အကူဖြစ်စေပြီး ရုရှားနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုများကို အရှိန်မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှနှင့် အဖွဲ့ဝင်များနှင့် BRICS အမျိုးသမီးစီးပွားရေး မဟာမိတ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာဥက္ကဋ္ဌတို့ တွေ့ဆုံရာတွင် အစိုးရနှင့် စီးပွားရေးနယ်ပယ်ပေါင်းစုံမှ အမျိုးသမီးများပါဝင်သည့် BRICS ဖိုရမ်ကို မကြာမီကျင်းပမည် ဖြစ်ကြောင်း၊ BRICS အမျိုးသမီးစီးပွားရေးမဟာမိတ်အဖွဲ့ ရုံးခွဲများကို ကမ္ဘာ့နိုင်ငံများတွင် ဖွင့်လှစ်ထားရှိပြီး မြန်မာနိုင်ငံက စိတ်ဝင်စားပါက လာရောက်ဖွင့်လှစ်ရေး၊ လက်ရှိ ကမ္ဘာ့ရေးရာတွင် အမျိုးသမီးများ၏အခန်းကဏ္ဍကို အသိအမှတ်ပြုအားပေးရေး၊ အမျိုးသမီးများ၏ နေ့စဉ်လူမှုဘဝဆောင်ရွက်မှုများသာမက ကမ္ဘာ့ရေးရာကိစ္စရပ်များတွင် ရဲစွမ်းသတ္တိ၊ ယုံကြည်မှု၊ လုံ့လဝီရိယ၊ ဦးဆောင်နိုင်မှု၊ ဖန်တီးနိုင်မှုစွမ်းအားတို့ဖြင့် ဆောင်ရွက်မှုများအား အသိအမှတ်ပြုအားပေးရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
မြန်မာနိုင်ငံအနေဖြင့် အမျိုးသမီးကဏ္ဍကို အစောပိုင်းကတည်းက စဉ်ဆက်မပြတ် မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိပြီး အမျိုးသမီးစွန့်ဦးတီထွင်မှု အခန်းကဏ္ဍ မြှင့်တင်ပေးနိုင်ရေးကို ဆောင်ရွက်လျက်ရှိသည်။ ယခုအခါ ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား အမျိုးသမီးကဏ္ဍကို ပိုမိုမြှင့်တင်ပေးနိုင်မည့်အခြေအနေကောင်းများ ရရှိလာသည်။ မျက်မှောက်ကာလ ကမ္ဘာ့ရေးရာကဏ္ဍအသီးသီးတွင် အမျိုးသမီးများအခန်းကဏ္ဍ ပိုမိုကျယ်ပြန့်လာသည်ကို တွေ့မြင်ရမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် အမျိုးသားဦးရေထက် အမျိုးသမီးဦးရေအချိုးပိုမိုသလို နယ်ပယ်ကဏ္ဍအသီးသီးတွင် အမျိုးသမီးများ၏စွမ်းဆောင်မှုများ မြင့်မားလာသည်ကို တွေ့ရသည်။ မြင့်မားလာ သော အမျိုးသမီးကဏ္ဍကို ပိုမိုမြှင့်တင်ပေးရာတွင် ယခုအခါ ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် မြန်မာနိုင်ငံအကြား ပညာရေးနှင့် အမျိုးသမီးရေးရာကဏ္ဍတို့တွင် ပိုမို ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများကို ဆွေးနွေးနိုင်ခဲ့သည်။
သို့ဖြစ်ရာ ယခုခရီးစဉ်သည် ဂုဏ်ယူဖွယ်ရာ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ် (၈၀) ပြည့်အထိမ်းအမှတ်အခမ်းအနားနှင့် ဆက်စပ်အခမ်းအနားများသို့ တက်ရောက်ခြင်းနှင့်အတူ နှစ်နိုင်ငံ ရင်းနှီးချစ်ကြည်မှု၊ ပညာရေး၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများသာမက အမျိုးသမီးများကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးနိုင်ခဲ့သည်။ ဗဟုဝင်ရိုးကမ္ဘာ့အခင်းအကျင်းတွင် မိတ်ဖက်နိုင်ငံများ၏ အကျိုးစီးပွားနှင့် စုပေါင်းဆွေးနွေးပူးပေါင်းဆောင်ရွက် မှုယန္တရားသည် ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ကြဉ်းပေးနိုင်သည်ဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့် ရုရှားနိုင်ငံအပါအဝင် စိတ်တူကိုယ်တူ မိတ်ဖက် နိုင်ငံများနှင့်အတူ နီးနီးကပ်ကပ် လက်တွဲပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။ ။
Newspaper - 3158 items

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက်၊ မေ ၁၀ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက်၊ မေ ၉ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 09, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက်၊ မေ ၈ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 08, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက်၊ မေ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 07, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက်၊ မေ ၆ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက်၊ မေ ၅ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက်၊ မေ ၄ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက်၊ မေ ၃ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက်၊ မေ ၂ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 02, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက်၊ မေ ၁ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ April 30, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download