စိုက်ပျိုးထုတ်ကုန်ပစ္စည်းများ ပိုမိုထုတ်လုပ် နိုင်ငံတော်စီးပွားရေး အလေးထားမြှင့်တင်
စိုက်ပျိုးထုတ်ကုန်ပစ္စည်းများ ပိုမိုထုတ်လုပ် နိုင်ငံတော်စီးပွားရေး အလေးထားမြှင့်တင်
Ministry of Information/ Naypyitaw / September 15, 2025

မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန်ကဏ္ဍကို လေ့လာကြည့်မည်ဆိုပါက လမ်းစဉ်ပါတီခေတ်၌ လယ်ယာထွက်ကုန် ၅၀ ရာခိုင်နှုန်းခန့်ရှိပြီး နဝတခေတ်တွင် လယ်ယာထွက်ကုန် ၃၀ ရာခိုင်နှုန်းကျော်ခန့်ရှိသည်။ ထိုစဉ်က သစ်တောထွက်ပစ္စည်း၊ ရေထွက်နှင့် တွင်းထွက်ပစ္စည်းများ ပိုမိုများပြားသည်ကို တွေ့ရသည်။ နယကခေတ်တွင် လယ်ယာထွက်ကုန်များကို ၂၀ ရာခိုင်နှုန်းဝန်းကျင်ခန့်သာ တင်ပို့နိုင်ခဲ့သည်။ ယခုနိုင်ငံတော်အစိုးရသက်တမ်းကာလတွင် လယ်ယာထွက်ကုန်များကို ၃၉ ရာခိုင်နှုန်းခန့် တင်ပို့နိုင်သည်ကိုတွေ့ရသည်။ ရှေးကာလကလယ်ယာထွက်ကုန်များကို ပြည်ပသို့ ပိုမိုတင်ပို့နိုင်သော်လည်း တဖြည်းဖြည်းလျော့နည်းလာပြီး ယခုနိုင်ငံတော်အစိုးရလက်ထက်တွင် ပြန်လည်မြှင့်တင်တင်ပို့နိုင်သည်ကို တွေ့ရသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်နှင့် ပြည်ထောင်စုအစိုးရအဖွဲ့တို့ စက်တင်ဘာလ ၁၂ ရက်နေ့ကပြုလုပ်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “မိမိတို့အစိုးရ၏ ငါးနှစ်တာကာလအတွင်း ကုန်သွယ်မှုပိုငွေ ဒေါ်လာနှစ်ဘီလီယံကျော်ခန့်ရှိသည်ကို တွေ့ရကြောင်း၊ သို့သော် ယခုထက်ပိုမို၍ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို ထုတ်လုပ်တင်ပို့နိုင်မည်ဆိုပါက ကုန်သွယ်မှုပိုငွေများ ပိုမိုတိုးတက်လာမည်ဖြစ်ပြီး နိုင်ငံ့စီးပွားရေးအတွက် များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း” ပြောကြားသည်။
မြန်မာနိုင်ငံသည် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် နိုင်ငံဖြစ်သဖြင့် လယ်ယာထွက်ကုန်ပစ္စည်းများကို နှစ်စဉ်ပိုမိုတင်ပို့နိုင်ရန် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ ပြည်တွင်းထုတ်ကုန်များကို ပိုမိုတိုးတက်ထုတ်လုပ်ပြီး ပြည်ပသို့ တင်ပို့နိုင်မည်ဆိုပါက နိုင်ငံအတွက် နိုင်ငံခြားဝင်ငွေများရရှိပြီး ကုန်သွယ်မှုပိုငွေများ ပြလာမည်ဖြစ်သည်။ ပြည်သူများ၏ လူမှုစီးပွားဘဝများလည်း များစွာတိုးတက်လာမည်ဖြစ်သည်။
နိုင်ငံတော်အစိုးရအနေဖြင့် ၂၀၂၂ ခုနှစ်မှစတင်၍ နိုင်ငံအတွင်း စားသုံးဆီများ လုံလောက်စွာထုတ်လုပ်နိုင်ရေး တိုက်တွန်းပြောကြားခဲ့သော်လည်း ယခုအချိန်အထိ လုံလောက်မှုမရှိသေးသောကြောင့် စားသုံးဆီများကို ပြည်ပမှတင်သွင်းနေရသဖြင့် နှစ်စဉ်နိုင်ငံခြားငွေများ အပိုကုန်ကျလျက်ရှိသည်။ မြန်မာနိုင်ငံမှ မထုတ်လုပ်နိုင်သော ကုန်ပစ္စည်းများကို ပြည်ပမှတင်သွင်းရသည်ကို ပြောစရာမလိုသော်လည်း ပြည်တွင်းမှထုတ်လုပ်နိုင်သည့် ကုန်ပစ္စည်းများကို ပြည်ပမှတင်သွင်းနေရသည့် အကြောင်းရင်းကို ဆန်းစစ်၍ ပြုပြင်ပြောင်းလဲဆောင်ရွက်ကြရမည်ဖြစ်သည်။ မြန်မာနိုင်ငံမှ ထွက်ရှိသည့် ဆီထွက်သီးနှံများကို တစ်ဧကအထွက်နှုန်းပြည့်မီအောင် စိုက်ပျိုးနိုင်မည်၊ နေကြာစိုက်ပျိုးရေးကို တိုးချဲ့စိုက်ပျိုးနိုင်မည်ဆိုပါက ပြည်တွင်းစားသုံးဆီ ဖူလုံမှုရှိလာမည်ဖြစ်သည်။
စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်တိုးတက်အောင်ဆောင်ရွက်နိုင်ရေး မြန်မာနိုင်ငံထက်ပိုမိုသာလွန်ကောင်းမွန်သည့် တိုးတက်နေသောနိုင်ငံများ၏ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို လေ့လာဆောင်ရွက်ကြရန်လိုသည်။ ကုန်ထုတ်လုပ်ငန်းများကို ဆောင်ရွက်ရာတွင် သာမန်သဘောမျိုးဆောင်ရွက်ခြင်းထက် ယခုထက် ပိုမိုတိုးတက်ကောင်းမွန်အောင် တီထွင်ကြံဆ၍ ဆောင်ရွက်သွားရန်လိုသည်။ စိုက်ပျိုးရေးအခြေခံစက်မှုလုပ်ငန်းများ တည်ဆောက်ခြင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံအနှံ့အပြားတွင် သဘာဝအလျောက်ပေါက်ရောက်သော ဝါးပင်များကို အကျိုးရှိရှိအသုံးချရမည်ဖြစ်သည်။ ဝါးပင်သက်တမ်းသည် အများဆုံး ၁၀ နှစ်မှ နှစ် ၂၀ ခန့်ရှိပြီး အသုံးမပြုပါက အလဟဿဖြစ်ရသည်။ ဒေသအလိုက်ထွက်ရှိသောဝါးပင်များကို တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်သွားနိုင်ရန် ဆောင်ရွက်ရမည်ဖြစ်သည်။
အလားတူ ဝါနှင့်ပတ်သက်၍လည်း စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူးတိုင်းဒေသကြီးတို့တွင် ဝါများစိုက်ပျိုးဖြစ်ထွန်းသည်။ ဝါကိုအခြေခံသည့် စက်မှုလုပ်ငန်းများ ဆောင်ရွက်ကြရန်လိုသည်။ ထို့ပြင် ရော်ဘာကိုအခြေခံသည့် စက်မှုလုပ်ငန်းများကိုလည်း ဆောင်ရွက်သွားရန်လိုသည်။ ဝါး၊ ဝါနှင့် ရော်ဘာများ မြန်မာနိုင်ငံတွင် စိုက်ပျိုးဖြစ်ထွန်းထွက်ရှိပြီး ကုန်ချောပစ္စည်းများ အချိန်တိုအတွင်း ထုတ်လုပ်နိုင်သဖြင့် ကုန်ချောနှင့် ရောင်းကုန်ပစ္စည်းများ ထုတ်လုပ်ကြရမည်ဖြစ်သည်။ စိုက်ပျိုးရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများအတွက် လိုအပ်သောအရင်းအနှီး၊ နည်းပညာများနှင့် အခြားလိုအပ်ချက်များကို နိုင်ငံတော်ကပံ့ပိုးပေးသွားရန် အသင့်ရှိသဖြင့် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ထုတ်ကုန်ပစ္စည်းများ ကြိုးပမ်းထုတ်လုပ်ပြီး နိုင်ငံ့စီးပွားရေးကို အလေးထားမြှင့်တင်ကြရမည်ဖြစ်ပါကြောင်း။ ။
Newspaper - 3286 items

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၉ ရက်၊ စက်တင်ဘာ ၁၅ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ September 15, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၈ ရက်၊ စက်တင်ဘာ ၁၄ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ September 14, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၇ ရက်၊ စက်တင်ဘာ ၁၃ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ September 13, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၆ ရက်၊ စက်တင်ဘာ ၁၂ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ September 12, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၅ ရက်၊ စက်တင်ဘာ ၁၁ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ September 11, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၄ ရက်၊ စက်တင်ဘာ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ September 10, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၃ ရက်၊ စက်တင်ဘာ ၉ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ September 09, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၂ ရက်၊ စက်တင်ဘာ ၈ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ September 08, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁ ရက်၊ စက်တင်ဘာ ၇ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ September 07, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်နေ့ ၊ စက်တင်ဘာ ၆ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ September 06, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download