စိုက်ပျိုးရေးအခြေခံစက်မှုလုပ်ငန်းများ ထူထောင်လုပ်ကိုင်ရေး အားပေးလျက်ရှိ


Ministry of Information/ Naypyitaw / September 18, 2025
image_latest


စိုက်ပျိုးရေးအခြေခံစက်မှုလုပ်ငန်းများ ထူထောင်လုပ်ကိုင်ကြရေးအတွက် နိုင်ငံတော်က တွန်းအားပေး‌ဆောင်ရွက်လျက်ရှိရာ အထူးသဖြင့် ဝါး၊ ဝါနှင့်ရော်ဘာကို အခြေခံသည့်စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အကြီးအကဲက မကြာခဏဆိုသလို တိုက်တွန်းနှိုးဆော်လျက်ရှိသည်။ ထို့အပြင် ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်ရာတွင် သာမန်သဘောမျိုးဆောင်ရွက်ခြင်းထက် ယခုထက်ပိုမိုတိုးတက်ကောင်းမွန်အောင် တီထွင်ကြံဆ၍ ဆောင်ရွက်သွားရန်လိုကြောင်းဟူ၍လည်း ပြောကြားခဲ့ရာ ပြည်တွင်း၌ စိုက်ပျိုးထုတ်လုပ်ရရှိနိုင်သော ကုန်ကြမ်းပစ္စည်းများကိုအခြေခံ၍ တန်ဖိုးမြှင့်ထုတ်ကုန် ကုန်ချောအမျိုးမျိုးထုတ်လုပ်ကြရာတွင် သမားရိုးကျစဉ်းစားဆောင်ရွက်ကြခြင်းထက် တီထွင်ကြံဆလုပ်ကိုင်ကြခြင်းဖြင့် နိုင်ငံတကာဈေးကွက်များအထိ ထိုးဖောက်ဝင်ရောက်စေလိုခြင်းဖြစ်သည်ဟု ဆိုရမည်ဖြစ်သည်။

“ဝါး၊ ဝါနှင့်ရော်ဘာတို့သည် မိမိတို့နိုင်ငံအတွင်းတွင်ရှိထားပြီး၊ စိုက်ပျိုးဖြစ်ထွန်းထွက်ရှိပြီး ပစ္စည်းများဖြစ်၍ အချိန်တိုအတွင်း ကုန်ချောနှင့်ရောင်းကုန်ပစ္စည်းများအဖြစ် ထုတ်လုပ်နိုင်သောလုပ်ငန်းများဖြစ်ကြောင်း၊ ၎င်းလုပ်ငန်းများအတွက် လိုအပ်သောအရင်းအနှီး၊ နည်းပညာနှင့်လိုအပ်ချက်များကို နိုင်ငံတော်မှ ပံ့ပိုးကူညီသွားရန်အသင့်ရှိကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်းများအတွက် စက်မှုကုန်ထုတ်လုပ်ငန်းများ တိုးတက်စေရေး ရင်းနှီးမြှုပ်နှံရန်လိုအပ်သည့်ငွေကြေးများကို နိုင်ငံတော်မှ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း” စက်တင်ဘာ ၁၂ ရက်တွင် ကျင်းပသည့် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်နှင့် ပြည်ထောင်စုအစိုးရအဖွဲ့တို့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဖွင့်အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ရာ အမှန်တကယ်လုပ်ငန်းလုပ်ကိုင်လိုသည့် လုပ်ငန်းရှင်များအတွက် ကူညီပံ့ပိုးမှုများနှင့် အခွင့်အလမ်းများ ဖော်ဆောင်ပေးထားခြင်းပင်ဖြစ်သည်။

မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများရှိ MSME လုပ်ငန်းများ ကထုတ်လုပ်လိုက်သည့် စိုက်ပျိုးရေးနှင့်မွေးမြူရေးအခြေခံ စက်မှုကုန်ချောစားသောက်ကုန်၊ လူသုံး၊ အိမ်သုံးကုန်ပစ္စည်း အမျိုးအမည်များစွာတို့ကို မိမိတို့နိုင်ငံ၏ ပြည်တွင်းဈေးကွက်တွင် တွေ့ရှိနိုင်သည်။ အချို့ကုန်ပစ္စည်းများမှာ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုတို့ ပေါင်းစပ်ထားခြင်းကြောင့် မူလတန်ဖိုးထက် များစွာမြင့်မားသည့် တန်ဖိုးရှိသော ကုန်ပစ္စည်းများဖြစ်နေကြသည်။ စားချင်စဖွယ်အရောင်အဆင်းအနံ့အရသာတို့နှင့် ပြည့်စုံသည့်အစားအစာများ၊ လိုချင်စဖွယ် ဒီဇိုင်းအသစ်အဆန်းများနှင့် လူသုံးကုန်များ၊ ခေတ်မီလှပသည့် ထုပ်ပိုးမှုစသည်တို့ကြောင့် ဈေးကွက်ရရှိနေကြသည်ကိုလည်း တွေ့ရှိရသည်။

ဝါး၊ ဝါနှင့် ရော်ဘာတို့မှာ မိမိတို့နိုင်ငံ၏ ရေ၊ မြေ၊ ရာသီဥတုနှင့်ကိုက်ညီ၍ စဉ်ဆက်မပြတ် ရရှိနိုင်သော ကုန်ကြမ်းများဖြစ်ပြီး နည်းပညာ၊ ဆန်းသစ်တီထွင်မှုတို့နှင့် ပေါင်းစပ်ပါက တန်ဖိုးမြင့်ကုန်ပစ္စည်းအမယ်ပေါင်း မြောက်မြားလှစွာထုတ်လုပ်နိုင်သည့် သဘာဝကုန်ကြမ်း၊စိုက်ပျိုးကုန်ကြမ်းများဖြစ်သည်။ လက်ရှိအနေအထားတွင် ကုန်ကြမ်းအဖြစ်လည်းကောင်း၊ အနည်းငယ်မျှပြုပြင်ထားသည့် ကုန်ကြမ်းအဖြစ်လည်းကောင်း ပြည်ပသို့တင်ပို့နေကြခြင်းဖြစ်ရာ တန်ဖိုးရသင့်သလောက်မရဘဲ ဖြစ်နေသည်။ အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း တန်ဖိုးမြင့်ကုန်ပစ္စည်းများအဖြစ် ထုတ်လုပ်ရောင်းချခြင်းကြောင့် ရရှိလာသည့်တန်ဖိုးမှာ မူလကုန်ကြမ်းတန်ဖိုးထက် များစွာမြင့်မားခြင်းဖြစ်ရာ ကုန်ချောထုတ်လုပ်သူက ပိုမိုရရှိနေခြင်းဖြစ်သည်။

စိုက်ပျိုးရေးအခြေခံ စက်မှုလုပ်ငန်းများ တည်ထောင်လုပ်ကိုင်နိုင်ရေးအတွက် နိုင်ငံတော်ကအားပေးလျက်ရှိပြီး နည်းပညာ၊ ငွေကြေးနှင့် လိုအပ်ချက်များကိုပါ ကူညီပေးလျက်ရှိရာ စွန့်ဦးတီထွင်စိတ်ဓာတ်ဖြင့် လုပ်ငန်းများထူထောင်ကာ မိမိအကျိုး၊ နိုင်ငံအကျိုးအတွက် အားထုတ်ကြိုးပမ်းစွမ်းဆောင်နိုင်ကြပါစေကြောင်း။ ။

Newspaper - 3289 items

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၂ ရက်၊ စက်တင်ဘာ ၁၈ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ September 18, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၁ ရက်၊ စက်တင်ဘာ ၁၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ September 17, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၀ ရက်၊ စက်တင်ဘာ ၁၆ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ September 16, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၉ ရက်၊ စက်တင်ဘာ ၁၅ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ September 15, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၈ ရက်၊ စက်တင်ဘာ ၁၄ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ September 14, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၇ ရက်၊ စက်တင်ဘာ ၁၃ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ September 13, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၆ ရက်၊ စက်တင်ဘာ ၁၂ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ September 12, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၅ ရက်၊ စက်တင်ဘာ ၁၁ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ September 11, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၄ ရက်၊ စက်တင်ဘာ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ September 10, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၃ ရက်၊ စက်တင်ဘာ ၉ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ September 09, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download