စိုက်မွေးပညာ၊ ပြည်ရွာဖွံ့ဖြိုး


Ministry of Information/ Naypyitaw / November 25, 2025
image_latest


ရေအရင်းအမြစ်ပေါများကြွယ်ဝခြင်း၊ မြေဆီဩဇာကောင်းမွန်ခြင်း၊ တစ်ဆက်တစ်စပ်တည်း ကျယ်ပြန့်သော လယ်မြေများတည်ရှိနေခြင်း စသည့် သဘာဝပေးသည့်အခြေအနေကောင်းများကို အကြောင်းပြု၍ ဧရာဝတီတိုင်းဒေသကြီးမှာ မြန်မာနိုင်ငံ၏ အဓိကစပါးစိုက်ပျိုးထုတ်လုပ်ရာ ဒေသကြီးအဖြစ် ရပ်တည်နေပြီး နိုင်ငံ၏စပါးကျီဟူ၍ တင်စားခေါ်ဝေါ်ခြင်းကိုခံရသည်။ ထို့အပြင် မြစ်ဝကျွန်းပေါ်ဒေသဖြစ်သည့်အလျောက် မြစ်ချောင်းအင်းအိုင်များ၊ ကမ်းရိုးတန်းနှင့် ပင်လယ်ပြင်တို့ ဆက်စပ်တည်ရှိနေခြင်းကြောင့် ရေချိုရေငန်ငါးဖမ်းလုပ်ငန်းများ၊ ငါး၊ ပုစွန်မွေးမြူ ရေးလုပ်ငန်းများလည်း ထွန်းကားသည်။

ထို့အပြင် မြန်မာနိုင်ငံ၏ စီးပွားရေးအချက်အချာဖြစ်သော ရန်ကုန်တိုင်းဒေသကြီးနှင့် နီးကပ်စွာတည်ရှိနေပြီး ကားလမ်း၊ ရေလမ်းတို့ ကောင်းမွန်စွာ ချိတ်ဆက်ထားခြင်းကြောင့် ကုန်စည်စီးဆင်းမှု လျင်မြန်ချောမွေ့စွာဆောင်ရွက်နိုင်သည့် အားသာချက်လည်းရှိနေသည်။ တိုင်းဒေသကြီးအလိုက် ဂျီဒီပီချင်းနှိုင်းယှဉ်ပါက အလယ်အလတ်အဆင့်တွင်ရှိနေပြီး ပြည်တွင်းအသားတင်ထုတ်လုပ်မှုတွင် ဧရာဝတီတိုင်းဒေသကြီး၏ပါဝင်မှုမှာ စတုတ္ထအဆင့်ခန့်တွင်ရှိသည်။ တိုင်းဒေသကြီးအတွင်း မြို့နယ် ၂၆ မြို့နယ်တွင် နေထိုင်သူစုစုပေါင်း ခြောက်သန်းကျော်ရှိသည့်အနက် ကျေးလက်တွင်နေထိုင်သူ ၈၅ ရာခိုင်နှုန်းရှိပြီး မြို့ပြများတွင် နေထိုင်သူမှာ ၁၅ ရာခိုင်နှုန်းသာရှိသည်။ သို့ဖြစ်ရာ တိုင်းဒေသကြီး၏ စီးပွားရေးကို မောင်းနှင်နေသည့်ကဏ္ဍမှာ လယ်ယာ၊ သားငါးလုပ်ငန်းများပင်ဖြစ်သည်။

ဧရာဝတီတိုင်းဒေသကြီးသည် ရေခံမြေခံကောင်းမွန်သကဲ့သို့ ပညာရေးတွင်လည်း မြင့်မားသည်။ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများကို ခေတ်မီနည်းပညာများ၊ နည်းစနစ်များနှင့် ပေါင်းစပ်လုပ်ကိုင်နိုင်ပါလျှင် တိုင်းဒေသကြီး၏ စီးပွားရေးမှာ လက်ရှိအခြေအနေထက် တစ်ဟုန်ထိုးမြင့်မားသွားနိုင်သည်။ ယင်းအတွက် အဓိကလိုအပ်ချက်မှာ စိုက်ပျိုးရေးပညာ၊ မွေးမြူရေးပညာများကို အဆင့်မြင့်ခေတ်မီတတ်မြောက်ကြသည့် လူသားအရင်းအမြစ်များပင်ဖြစ်ရာ ဧရာဝတီတိုင်းဒေသကြီး၏ အရေးပါသောနေရာတွင် တည်ရှိသည့် မအူပင်ဒေသတွင် “စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ်(မအူပင်)”ကို ဖွင့်လှစ်ပေးခြင်းဖြင့် ဖြည့်ဆည်းပေးလိုက်ပြီဖြစ်သည်။

“စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ်(မအူပင်) ဖွင့်လှစ်ရသည့် အခြေခံရည်ရွယ်ချက်များမှာ နိုင်ငံတော်၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်သည့် လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန်၊ အရည်အချင်းပြည့်ဝသည့် စိုက်ပျိုးရေးပညာ သိပ္ပံဘွဲ့နှင့် မွေးမြူရေးပညာသိပ္ပံဘွဲ့ရပညာရှင်များ ပိုမိုသင်ကြားမွေးထုတ်ပေးနိုင်ရန်၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး အခြေခံစီးပွားရေးလုပ်ငန်းများအတွက် လိုအပ်သည့် ခေတ်မီနည်းပညာများ၊ အတတ်ပညာများ လေ့လာသင်ယူနိုင်ကြစေရန်နှင့် လက်တွေ့အသုံးချသုတေသနလုပ်ငန်းများကို ပိုမိုအားကောင်းစွာ ဆောင်ရွက်နိုင်ကြစေရန်ပင်ဖြစ်ကြောင်း” နိုဝင်ဘာ ၂၃ ရက်က ကျင်းပသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ်(မအူပင်)ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ် (မအူပင်)ကို ဘာသာရပ်ဆိုင်ရာသင်ကြားမှု၊ သင်ယူမှုသာမက သုတေသနအခြေပြု တက္ကသိုလ်တစ်ခု (Research Oriented University)အဖြစ် တိုးမြှင့်ဖြစ်ပေါ်လာစေရန်၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်လာစေရန်ဟူသော ရည်မှန်းချက်များ ချမှတ်ထားပြီး တက္ကသိုလ်၏ ဆောင်ပုဒ်ကို “စိုက်မွေးပညာ၊ ပြည်ရွာဖွံ့ဖြိုး” ဟူ၍ ချမှတ်ထားသည်။

“နိုင်ငံတော်၏ စပါးကျီ” ဒေသတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ်တစ်ခု ထပ်မံပေါ်ထွန်းလာခြင်းက နိုင်ငံ၏အဓိက စီးပွားရေးဖြစ်သော စိုက်ပျိုးရေးနှင့် မွေးမြူရေးကို တန်ဖိုးမြင့်လူ့စွမ်းအားအရင်းအမြစ်နှင့် အားဖြည့်ပေးခြင်းဖြစ်သည်။ မိရိုးဖလာနည်းလမ်းများနှင့် လုပ်ကိုင်နေသည့်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ခေတ်မီနည်းစနစ်များဖြင့် အစားထိုးဆောင်ရွက် ခြင်းအားဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုမြှင့်တင်ပေးနိုင်မည်ဖြစ်ရာ စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ်(မအူပင်) ဖွင့်လှစ်နိုင်ခြင်းအပေါ် ဝမ်းမြောက်ဝမ်းသာဂုဏ်ပြုအပ်ပါကြောင်း။ ။

Newspaper - 3360 items

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၆ ရက် ၊ နိုဝင်ဘာ ၂၅ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ November 25, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၅ ရက် ၊ နိုဝင်ဘာ ၂၄ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ November 24, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၄ ရက် ၊ နိုဝင်ဘာ ၂၃ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ November 23, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၃ ရက် ၊ နိုဝင်ဘာ ၂၂ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ November 22, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၂ ရက် ၊ နိုဝင်ဘာ ၂၁ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ November 21, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁ ရက် ၊ နိုဝင်ဘာ ၂၀ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ November 20, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလကွယ်နေ့ ၊ နိုဝင်ဘာ ၁၉ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ November 19, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၄ ရက်၊ နိုဝင်ဘာ ၁၈ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ November 18, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၃ ရက်၊ နိုဝင်ဘာ ၁၇ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ November 17, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၂ ရက်၊ နိုဝင်ဘာ ၁၆ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ November 16, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download