စီးပွားရေးကောင်းမွန်မှ နိုင်ငံကောင်းမွန်မည်
စီးပွားရေးကောင်းမွန်မှ နိုင်ငံကောင်းမွန်မည်
Ministry of Information/ Naypyitaw / October 08, 2024
မြန်မာနိုင်ငံသည် လွတ်လပ်ရေးရပြီးချိန်မှစ၍ ယနေ့အချိန်အထိ နိုင်ငံရေးစနစ်အမျိုးမျိုးကျင့်သုံးခဲ့သည်။ နိုင်ငံရေးစနစ် ပြောင်းလဲကျင့်သုံးမှုနှင့်အတူ စီးပွားရေးစနစ်များလည်း ပြောင်းလဲကျင့်သုံးခဲ့သည်။ စီးပွားရေးတွင် တိုးတက်မှုများရှိသကဲ့သို့ ဆုတ်ယုတ်မှုများ၊ ထိုက်သင့်သလောက် အောင်မြင်မှုမရှိသည်များလည်းရှိခဲ့သည်။ စီးပွားရေးအားနည်းချက်ဖြစ်ပေါ်မှုကြောင့် လူမှုဘဝတွင် ဂယက်ရိုက်ခတ်ပြီး နိုင်ငံရေးပြဿနာများလည်း ပေါ်ပေါက်ခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။
စီးပွားရေးကောင်းမွန်ပါက ပြည်သူလူထု၏ လူမှုစီးပွားဘဝများ အဆင်ပြေချောမွေ့ပြီး ပြဿနာများလျော့ပါးသွားကာ နိုင်ငံရေးဂယက်ရိုက်ခတ်မှုကို အတိုင်းအတာတစ်ခုအထိ ရှောင်ရှားနိုင်မည်ဖြစ်သည်။ နိုင်ငံရေးမတည်ငြိမ်မှု အခြေခံအကြောင်းအချက်များတွင် စီးပွားရေးကျဆင်းမှု၊ အလုပ်အကိုင်အခွင့်အလမ်း နည်းပါးခြင်းတို့သည် အရေးကြီးသောအချက်များဖြစ်သည်။ မျက်မှောက်ကာလ၌ ခေတ်အဆက်ဆက်တွင်ဖြစ်ပေါ်ခဲ့သော နိုင်ငံ၏စီးပွားရေးဆိုင်ရာအားသာချက်၊ အားနည်းချက်များကို သင်ခန်းစာယူဖော်ထုတ်၍ နိုင်ငံတော်အစိုးရအနေဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
“ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို လိုလားကြကြောင်း၊ စီးပွားရေးကောင်းမွန်မှသာ နိုင်ငံရေးတည်ငြိမ်အေးချမ်းပြီး ပြည်သူများအနေဖြင့် စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာဖြင့် နေထိုင်လုပ်ကိုင် စားသောက်နိုင်မည် ဖြစ်ကြောင်း၊ ထို့ကြောင့် စီးပွားရေးနှင့် နိုင်ငံရေးသည် အပြန်အလှန်အမှီသဟဲပြု နေခြင်းဖြစ်ပြီး နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံသားအားလုံးတွင် တာဝန်ရှိကြောင်း” စက်တင်ဘာလ ၁ ရက်နေ့က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မြန်မာနိုင်ငံအောက်ပိုင်းဒေသများရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများအား တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
ကမ္ဘာပေါ်ရှိ ဖွံ့ဖြိုးတိုးတက်နေသော နိုင်ငံအများစုတွင် နိုင်ငံရေးအရအပြောင်းအလဲများ၊ ပဋိပက္ခများရှိခဲ့သော်လည်း နိုင်ငံ၏စီးပွားရေးကဏ္ဍများမှာ တိုးတက်ကောင်းမွန်နေသဖြင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် အမြန်ဆုံးဖြေရှင်းပြီး စီးပွားရေးတိုးတက်ကောင်းမွန်အောင် ဆက်လက်လုပ်ကိုင်ကြသည်။ နိုင်ငံများရှိ အစိုးရအဖွဲ့အစည်းများ၊ အတိုက်အခံအဖွဲ့အစည်းများ၊ ပြည်သူများအနေဖြင့် နိုင်ငံရေးပြဿနာထက် နိုင်ငံ့စီးပွား အထိအခိုက်မရှိစေရေးကို ဦးစားပေးကြသည်။ ထို့ကြောင့် ဖွံ့ဖြိုးတိုးတက်နေသောနိုင်ငံများ၏ နိုင်ငံရေးပြဿနာများသည် အခိုက်အတန့်တစ်ခု၊ ကာလတစ်ခုသာ ကြာမြင့်ခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် စီးပွားရေး ချို့ယွင်းအားနည်းမှုများအပေါ်မူတည်၍ နိုင်ငံရေးပြဿနာများနှင့်အဖျက်အမှောင့်များ အမျိုးမျိုးအဖုံဖုံ ဖြစ်ပေါ်လာတတ်သည်ကို တွေ့ရမည်ဖြစ်သည်။ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးကာလမှစ၍ ယနေ့ထက်တိုင်အောင် လူမှုစီးပွားဘဝ အားနည်းချက်များနှင့်အတူ နိုင်ငံရေးပြဿနာများ ခေတ်ကာလတစ်ခုတိုင်း ဖြစ်ပေါ်လေ့ရှိပြီး နှစ်ပေါင်း ၇၀ ကျော်ကြာ မဆုံးနိုင်အောင်ဖြစ်နေသည်ကို တွေ့ရမည်ဖြစ်သည်။ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှောင့်နှေးပြီး စီးပွားရေးမဖွံ့ဖြိုးမှုကြောင့် နိုင်ငံရေးပြဿနာများမဆုံးနိုင်အောင် သံသရာလည်နေသည်ကို တွေ့ရမည်ဖြစ်သည်။
လူတစ်ဦးချင်းအလိုက် စား၊ ဝတ်၊ နေရေးသည် အရေးအကြီးဆုံး လိုအပ်ချက်ဖြစ်သည်။ ပြည်သူအားလုံး စား၊ ဝတ်၊ နေရေး အဆင်ပြေစေရေးအတွက် စီးပွားရေးကောင်းမွန်ရန်လိုအပ်သည်။ မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိသည်။ အဆိုပါ စီးပွားရေးလုပ်ငန်းများကိုအခြေခံ၍ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ အလားတူ အခြားကုန်ထုတ်လုပ်ငန်းများကိုလည်း တိုးတက်အောင်ဆောင်ရွက်လျက်ရှိသည်။ ပြည်သူများကလည်း စီးပွားရေးဖွံ့ဖြိုးတိုးတက်လျှင် တိုင်းပြည်သာယာဝပြောမည်ဟူသော ခံယူချက်ဖြင့် အားလုံးပါဝင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။
ထိုသို့ဆောင်ရွက်ရာတွင် တိုင်းရင်းသားခေါင်းဆောင်များကလည်း နိုင်ငံတော် အစိုးရနှင့်လက်တွဲပြီး ဒေသဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းများတွင် အားတက်သရော ပူးပေါင်းပါဝင် ဆောင်ရွက်ကြမည်ဆိုပါက တိုင်းရင်းသားဒေသများ၏ ဖွံ့ဖြိုးတိုးတက်ရေးသည် လျင်လျင်မြန်မြန် တိုးတက်ဖြစ်ထွန်းလာမည်ဖြစ်သည်။ ငြိမ်းချမ်းရေးတည်ဆောက်ခြင်းဖြင့် တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝကို ပြန်လည်ထူထောင်နိုင်မည်ဖြစ်သည့်အတွက် ငြိမ်းချမ်းရေး၏အရသာနှင့် အသီးအပွင့်များကို အားလုံးရရှိခံစားနိုင်မည်ဖြစ်သောကြောင့် လက်ရှိဖြစ်ပေါ်နေသော အကြမ်းဖက်တိုက်ခိုက်မှုများ လျော့နည်းပပျောက်ရေးနှင့် ဒေသတည်ငြိမ်အေးချမ်း ရေးကို ဦးစားပေးလုပ်ဆောင်ကြရန် တိုက်တွန်းအပ်ပါသည်။
သို့ဖြစ်ရာ တိုင်းပြည်တည်ငြိမ်အေးချမ်းလျှင် နိုင်ငံဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်လျှင် တိုင်းပြည်တည်ငြိမ်အေးချမ်းသာယာဝပြောမည်ဖြစ်၍ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို နိုင်ငံချစ်စိတ်ဖြင့် အားလုံးလက်တွဲ ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။
Newspaper - 3020 items
၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၂၂ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ December 22, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၂၁ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ December 21, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၅ ရက်၊ ဒီဇင်ဘာ ၂၀ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ December 19, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၄ ရက်၊ ဒီဇင်ဘာ ၁၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ December 19, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၃ ရက်၊ ဒီဇင်ဘာ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ December 18, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၃ ရက်၊ ဒီဇင်ဘာ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ December 18, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက်၊ ဒီဇင်ဘာ ၁၇ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ December 17, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁ ရက်၊ ဒီဇင်ဘာ ၁၆ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ December 16, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်နေ့၊ ဒီဇင်ဘာ ၁၅ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ December 15, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လဆန်း ၁၄ ရက်၊ ဒီဇင်ဘာ ၁၄ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ December 14, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download