စံချိန်စံညွှန်းမူကြမ်း(၇၀)ကို မြန်မာစံချိန်စံညွှန်းများအဖြစ် ချမှတ်အတည်ပြုနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်
စံချိန်စံညွှန်းမူကြမ်း(၇၀)ကို မြန်မာစံချိန်စံညွှန်းများအဖြစ် ချမှတ်အတည်ပြုနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်
Ministry of Information/ Naypyitaw / September 18, 2024
နေပြည်တော် စက်တင်ဘာ ၁၇
အမျိုးသားစံချိန်စံညွှန်းကောင်စီ၏ လမ်းညွှန်ချက်နှင့်အညီ အမျိုးသားအဆင့် အရည်အသွေးအခြေခံအဆောက်အအုံ ခိုင်မာအားကောင်းစေခြင်းဖြင့် ကုန်သွယ်မှုလုပ်ငန်းများ ချောမွေ့စေရေးနှင့် ထုတ်ကုန်အရည်အသွေးမြှင့်တင်ပေးသော စံချိန်စံညွှန်းများ ထွက်ပေါ်လာရေး၊ နိုင်ငံတကာအသိအမှတ်ပြု အရည်အသွေးထောက်ခံချက်ထုတ်ပေးနိုင်ရေး၊ စံချိန်စံညွှန်းများကို လွယ်ကူစွာဝယ်ယူသုံးစွဲနိုင်ရေးနှင့် လက်တွေ့ကျကျ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနိုင်ရေးတို့ ဆွေးနွေးညှိနှိုင်းရန်အတွက် စံချိန်စံညွှန်းလုပ်ငန်းကော်မတီ (၁/၂၀၂၄) အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ အမျိုးသားစံချိန်စံညွှန်းကောင်စီဥက္ကဋ္ဌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ အမြဲတမ်းအတွင်းဝန်၊ လုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ UMFCCI ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၊ မြန်မာနိုင်ငံစက်မှုကုန်ထုတ်လုပ်သူများအသင်းနှင့် မြန်မာနိုင်ငံစားသောက်ကုန် ထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းတို့မှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ အမျိုးသားစံချိန်စံညွှန်းကောင်စီဥက္ကဋ္ဌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်က အဖွင့်အမှာစကားပြောကြားပြီး သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အမျိုးသားစံချိန်စံညွှန်းကောင်စီအစည်းအဝေးသို့ ဆက်လက်တင်ပြအတည်ပြုချက်ရယူမည့် အများပြည်သူသဘောထားမှတ်ချက်ရယူထားပြီးဖြစ်သော စံချိန်စံညွှန်းများ၊ စံချိန်စံညွှန်းများကို လွယ်ကူစွာဝယ်ယူသုံးစွဲနိုင်ရေးအတွက် Soft Copy ဖြင့် ရောင်းချနိုင်ရေးလုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြသည်။
ထို့နောက် စံချိန်စံညွှန်းလုပ်ငန်းကော်မတီဝင်များက ဆပ်ကော်မတီအလိုက် အဆိုပြုတင်ပြထားသည့် စံချိန်စံညွှန်းများ၊ ရေးဆွဲလျက်ရှိသော မြန်မာစံချိန်စံညွှန်းမူကြမ်းများနှင့် အများပြည်သူသဘောထားမှတ်ချက်များရ ယူဆောင်ရွက်ခဲ့ပြီးဖြစ်သော မြန်မာစံချိန်စံညွှန်းမူကြမ်းအကျဉ်းချုပ်များ၊ မဖြစ်မနေလိုက်နာဆောင်ရွက်ရမည့် မြန်မာစံချိန်စံညွှန်းများ သတ်မှတ်ထုတ်ပြန်ထားရှိမှုများကို ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာကြသည့် ဒုတိယဝန်ကြီး၊ ဝန်ကြီးဌာနများ၊ အသင်းချုပ်နှင့် အသင်းများမှ ကိုယ်စားလှယ်များက ဖြည့်စွက်ဆွေးနွေးကြပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
အဆိုပါလုပ်ငန်းကော်မတီအစည်းအဝေးမှ ဆွေးနွေးအတည်ပြုခဲ့သော စံချိန်စံညွှန်းမူကြမ်း (၇၀) ကို မြန်မာစံချိန်စံညွှန်းများအဖြစ် ချမှတ်အတည်ပြုနိုင်ရေးအတွက် အမျိုးသားစံချိန်စံညွှန်းကောင်စီအစည်းအဝေးသို့ ဆက်လက်တင်ပြ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
Newspaper - 3044 items
၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၂ ရက် ၊ ဇန်နဝါရီ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁ ရက် ၊ ဇန်နဝါရီ ၁၄ ရက်၊ အင်္ဂါနေ့။
၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်နေ့ ၊ ဇန်နဝါရီ ၁၃ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ January 13, 2025
Publication Date: 2025
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁၄ ရက်၊ ဇန်နဝါရီ ၁၂ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁၃ ရက်၊ ဇန်နဝါရီ ၁၁ ရက်၊ စနေနေ့။
၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁၂ ရက်၊ ဇန်နဝါရီ ၁၀ ရက်၊ သောကြာနေ့။
၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁၁ ရက်၊ ဇန်နဝါရီ ၉ ရက်၊ ကြာသပတေးနေ့။
၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁၀ ရက်၊ ဇန်နဝါရီ ၈ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ January 07, 2025
Publication Date: 2025
Page: 32 pages
Language: မြန်မာ
Download