စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးအကြီးဆုံးဖြစ်သည့်လူ့စွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်လာစေရေးအတွက်တွေ့ဆုံပွဲအခမ်းအနားသို့ စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် တက်ရောက်
စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးအကြီးဆုံးဖြစ်သည့်လူ့စွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်လာစေရေးအတွက်တွေ့ဆုံပွဲအခမ်းအနားသို့ စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် တက်ရောက်
Ministry of Energy/ နေပြည်တော် / January 19, 2025
စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးအကြီးဆုံးဖြစ်သည့်လူ့စွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်လာစေရေးအတွက်တွေ့ဆုံပွဲအခမ်းအနားသို့ စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် တက်ရောက်
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်
စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ဝန်ကြီးဌာနမှတာဝန်ရှိ သူများနှင့်အတူ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်နည်းပညာ တက္ကသိုလ်၊ နည်းပညာတက္ကသိုလ်(သန်လျင်)မှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ရေနံချောင်းတက္ကသိုလ် ဘူမိဗေဒဌာနမှ ပါမောက္ခဌာနမှူးနှင့် ဘာသာရပ်ဆိုင်ရာ ပါမောက္ခများ၊ ဆရာ/ဆရာမများ၊ စွမ်းအင်ဝန်ကြီးဌာနမှ အငြိမ်းစားအရာရှိကြီးများ၊ စွမ်းအင်ဆိုင်ရာအဖွဲ့အစည်း/ ကုမ္ပဏီများမှပညာ ရှင်များအား မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၊ အောက်မြန်မာပြည်ရုံးခွဲ (စိမ်းလဲ့မေ)တွင် မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးအကြီးဆုံးဖြစ်သည့် လူ့စွမ်းအားအရင်းအမြစ်များ နှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက နှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့ရာ နိုင်ငံ့ စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းအင်ကဏ္ဍသည်အရေးကြီးသောကဏ္ဍတစ်ခုဖြစ်ပါကြောင်း၊ ယနေ့အစည်းအဝေးတွင် စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့်သက်ဆိုင်သည့် Stakeholder များ၊ တက္ကသိုလ်အသီးသီးမှ ဆရာ/ဆရာမများ၊ လုပ်ငန်းအတွေ့အကြုံရှိပညာရှင်များ ပါဝင် တက်ရောက်လျက်ရှိကြောင်း၊ တက်ရောက်သူများမှ စွမ်းအင်ကဏ္ဍဆိုင်ရာ ဘာသာရပ်အလိုက် သင်ကြားရေးအပိုင်း၌ကူညီပံ့ပိုးရေးကိစ္စများ၊ ပို့ချမည့်ဘာသာရပ်အလိုက် အချိန်ဇယားများ ရေးဆွဲရေး၊ တက္ကသိုလ်များရှိဓာတ်ခွဲခန်းများအတွက် အထောက်အကူပြုပစ္စည်းများ ကူညီပံ့ပိုးပေး သွားနိုင်ရေးဝိုင်းဝန်းဆွေးနွေးပေးစေလိုပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့်ကျောင်းသူ/ကျောင်းသား များအား ရေနံမြေများ၊ စက်ရုံများသို့ လုပ်ငန်းခွင်လေ့လာရေးအစီအမံများ စီမံပေးသွားမည် ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ယခုနှစ် အတွင်း “2025, the Year of Myanmar Energy” ဆောင်ပုဒ်နှင့်အညီ စွမ်းအင်ကဏ္ဍခေတ်တစ်ခေတ်ဆန်းသစ်စေရေးဆောင်ရွက်လျက်ရှိရာ အခြေခံ အကျဆုံးနှင့်အဓိကအကျဆုံးဖြစ်သဖြင့် မျိုးဆက်သစ်ဘူမိဗေဒပညာရှင်များ၊ ရေနံအင်ဂျင်နီယာ များအပါအဝင် စက်မှု၊ ဓာတုအင်ဂျင်နီယာများ၏ စွမ်းဆောင်ရည်မြှင့်တင်နိုင်ရေးအတွက် Stakeholder များမှ ဝိုင်းဝန်းပံ့ပိုးအားပေးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာ ဘာသာရပ်အလိုက် ကျောင်းသူ/ကျောင်းသားများအား Scholarship ပေးနိုင်ရေး စီစဉ်ဆောင်ရွက် သွားမည်ဖြစ်ပြီး ပညာရေးဝန်ကြီးဌာနနှင့်စွမ်းအင်ဝန်ကြီးဌာနပူးပေါင်း၍ ရေနံချောင်းတက္ကသိုလ်၌ ရေနံ ဘူမိဗေဒဘာသာရပ်ကို ၄ နှစ် ဘွဲ့သင်တန်းအဖြစ် ၂၀၂၅ ခုနှစ် ပညာသင်နှစ်မှစတင်၍ဖွင့်လှစ် တော့မည်ဖြစ်ပါကြောင်း၊ တက္ကသိုလ်၊သုတေသနဖွံ့ဖြိုးမှုနှင့်လက်တွေ့နယ်ပယ် ၃ ခုတို့ကို အပြန် အလှန် ချိတ်ဆက်သင်ကြားနိုင်ရေး၊ အလားအလာရှိသော Basin များတွင် Field Trip များသွား ရောက်လေ့လာနိုင်ရေးပူးပေါင်းကူညီပေးသွားမည်ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာဘာသာရပ်အလိုက် ဘွဲ့များရရှိပြီးချိန် မိမိတို့ဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်လိုပါက လက်ခံခန့်ထားပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် တက်ရောက်လာကြသည့် တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဒုတိယ ပါမောက္ခချုပ်၊ ဘာသာရပ်ဆိုင်ရာ ပါမောက္ခ/ဌာနမှူးများမှ ဘူမိဗေဒဘာသာရပ်ဆိုင်ရာကိစ္စများ၊ ရေနံအင်ဂျင်နီယာဘာသာရပ်ဆိုင်ရာကိစ္စများ၊ ဓာတုအင်ဂျင်နီယာဘာသာရပ်ဆိုင်ရာကိစ္စများ၊ စက်မှုအင်ဂျင်နီယာဘာသာရပ်ဆိုင်ရာ သင်ကြားနေမှုအခြေအနေ၊ လိုအပ်ချက်များနှင့် ပံ့ပိုး ဆောင်ရွက်ပေးရမည့်အခြေအနေများအား အသီးသီးဝိုင်းဝန်းဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ တက်ရောက်လာကြသည့် စွမ်းအင်ဝန်ကြီးဌာနမှ အငြိမ်းစားအရာရှိကြီးများက သင်ကြားပေးမည့် ဘာသာရပ်ဆိုင်ရာကိစ္စများနှင့်ပတ်သက်ပြီး မိမိတို့၏လုပ်ငန်းခွင်အတွေ့အကြုံ များ နှင့် ဗဟုသုတများအပေါ်အခြေခံကာ ပိုမိုကောင်းမွန်သောသင်ကြားရေးစနစ်ဖြစ်စေရေး အကြုံပြုဆွေးနွေးပြီး စွမ်းအင်ဆိုင်ရာအဖွဲ့အစည်းများ၊ မိတ်ဖက်ကုမ္ပဏီများမှ ပညာရှင်များက လုပ်ငန်းခွင်နယ်ပယ်အလိုက် လိုအပ်သည့်အခြေခံအကြောင်းအရာများUniversit Industries Partnership ဆောင်ရွက်ရေး ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြမှုများအပေါ် တာဝန်ရှိသူများမှ ပြန်လည်ဆွေးနွေးခဲ့ကြပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ရာ ပြင်ဦးလွင်ရှိ စွမ်းအင်ဆိုင်ရာကျွမ်းကျင်မှုသင်တန်းကျောင်း ဖွင့်လှစ်ပြီးပါက တက္ကသိုလ်များမှ ဆရာ/ဆရာမများ ကိုလည်း Tranning For Trannier အစီအစဉ်များ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ Stakeholder များပါဝင်သည့် ကော်မတီတစ်ရပ်ဖွဲ့စည်းဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုး တက်စေရေး အရေးအကြီးဆုံးဖြစ်သည့် လူ့စွမ်းအားအရင်းမြစ်များဖွံ့ဖြိုးတိုးတက်လာစေရေး အတွက် မိမိတို့ကျရာအခန်းကဏ္ဍတွင် အင်တိုက်အားတိုက် ပူးပေါင်းဆောင်ရွက်ပေးစေလိုပါကြောင်း ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
Newspaper - 3105 items

၁၃၈၆ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက်၊ မတ် ၁၄ ရက် ၊သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 14, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တပေါင်းလပြည့်နေ့ ၊ မတ် ၁၃ ရက် ၊ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 13, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တပေါင်းလဆန်း ၁၄ ရက်၊ မတ် ၁၂ ရက် ၊ဗုဒ္ဓဟူးနေ့။

၁၃၈၆ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက်၊ မတ် ၁၁ ရက် ၊အင်္ဂါနေ့။

၁၃၈၆ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက်၊ မတ် ၁၀ ရက် ၊တနင်္လာနေ့။

၁၃၈၆ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက်၊ မတ် ၉ ရက် ၊တနင်္ဂနွေနေ့။

၁၃၈၆ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက်၊ မတ် ၈ ရက် ၊စနေနေ့။

၁၃၈၆ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက်၊ မတ် ၇ ရက် ၊သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 07, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက်၊ မတ် ၆ ရက် ၊ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 06, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download