ဆင်းရဲမွဲတေမှုလျော့ပါးလျှော့ချရေး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းဦးစားပေး


Ministry of Information/ Naypyitaw / July 05, 2025
image_latest


မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်၍ နိုင်အတွင်း ဆင်းရဲနွမ်းပါးသည့် လူတန်းစားများ အတိုင်းအတာတစ်ခုအထိ ရှိနေမည်ဖြစ်သည်။ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက် ကုန်ထုတ်စွမ်းအားမြင့်မားတိုးတက်ရေး၊ အလုပ်အကိုင်အခွင့်အလမ်း ပေါများရေး စသည့်အစီအမံများ ဆောင်ရွက်ရမည်ဖြစ်ရာ ပြည်သူတစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများမြှင့်တင်၍ နိုင်ငံ့စီးပွားမြင့်မားရေးနှင့် ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝမြင့်မားရေးကို နိုင်ငံတော်က ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

နိုင်ငံအတွင်း ကုန်ထုတ်လုပ်ငန်းများ မြင့်မားတိုးတက်ရေးကို ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သောကြောင့် လူမှုစီးပွားဘဝအထိုက်အလျောက် မြင့်မားတိုးတက်လာသော်လည်း မြန်မာနိုင်ငံ၏ဆင်းရဲမွဲတေမှုအညွှန်းကိန်းသည် ပိုမိုမြင့်တက်လာသည်ဟု သုံးသပ်မှုများရှိနေသည်။ ဆင်းရဲမွဲတေမှုနှင့်ပတ်သက်၍ စီးပွားရေးလုပ်ငန်းများ အောင်မြင်မှုမရှိခြင်းနှင့် သဘာဝဘေးအန္တရာယ်အမျိုးမျိုးတို့ကြောင့် အလုပ်လုပ်နိုင်သောအခြေအနေများ ပျက်ယွင်းခြင်းဟူသည့် အခြေအနေနှစ်ရပ်ရှိနိုင်သည်။ ထို့ကြောင့် အလုပ်အကိုင်အခွင့်အလမ်းများ ပွင့်လန်းလာရေးနှင့် အလုပ်လုပ်နိုင်သော အခြေအနေကောင်းများကို ဖန်တီးပေးနိုင်ရမည်ဖြစ်သည်။

မိမိတို့အနေဖြင့် ကျေးလက်နေပြည်သူများ အဓိကထားလုပ်ကိုင်သည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်ပေးနိုင်မည်ဆိုပါက ဆင်းရဲမွဲတေမှုလျှော့ချရေးတွင် များစွာအထောက်အကူဖြစ် စေနိုင်မည်ဖြစ်ကြောင်း၊ ဆင်းရဲမွဲတေမှု လျှော့ချရေးနှင့်ပတ်သက်၍ ကိုယ်ချင်းစာစိတ်ဖြင့် လုပ်ငန်းများအောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း ဇူလိုင်လ ၂ ရက်နေ့က နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ရုံး၌ပြုလုပ်သည့် နိုင်ငံတော်၏စီးပွားရေးတိုးတက်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်နေပြည်သူများဖြစ်သည်။ ယင်းတို့တွင် ၃၀ ရာခိုင်နှုန်းသည် မြို့ပေါ်နေသူများဖြစ်သည်။ နိုင်ငံလူဦးရေ၏ ၅၀ ရာခိုင်နှုန်းကျော်ခန့်သည် စိုက်ပျိုးမွေးမြူရေးနှင့် သစ်တောကဏ္ဍတို့တွင် တစ်နည်းနည်းဖြင့် လုပ်ကိုင်နေကြသူများဖြစ်သည်။ ဒေသအလိုက်၊ လူဦးရေအလိုက် နေ့စဉ်လိုအပ်သော စားရေရိက္ခာများ ဖြည့်ဆည်းပေးနိုင်ရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်သွားရန်လိုသည်။ ထိုသို့ဆောင်ရွက်ခြင်းဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။ မည်သည့်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကိုမဆို ကျေးလက်ကိုဗဟိုပြုပြီး ဆောင်ရွက်ကြသည်ဖြစ်၍ ကျေးလက်နေပြည်သူများ ဝင်ငွေတိုးပွားလာမည်ဖြစ်ပြီး ဆင်းရဲမွဲတေမှု အညွှန်းကိန်းများလည်း လျော့နည်းကျဆင်းလာမည်ဖြစ်သည်။

စိုက်ပျိုးရေးအတွက် ပန်းတိုင်ရည်မှန်းချက်ပြည့်မီစေရေး အပင်အရေအတွက်ပြည့်မီအောင် စနစ်တကျစိုက်ပျိုးခြင်းမှ စတင်ရမည်ဖြစ်သည်။ မျိုးသန့်အသုံးပြုခြင်း၊ မြေဩဇာထည့်ခြင်း၊ မြေပြုပြင်ခြင်းများကို ဆောင်ရွက်ပေးရမည်ဖြစ်သည်။ ထို့အပြင် စိုက်ပျိုးရေ၊ အောင်ရေရရှိရေးအတွက် ဆောင်ရွက်ပေးရမည်ဖြစ်သည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်များအနေဖြင့် သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်ပေါ်လာသည့် အခြေအနေများမှလွဲ၍ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် နှီးနွှယ်သည့် စီးပွားရေးလုပ်ငန်းများအောင်မြင်အောင် အားထည့်ဆောင်ရွက်သွားကြရန်လိုသည်။ စပါးစိုက်ပျိုးရေးဆောင်ရွက်ရာတွင် အစေ့ချစိုက်ပျိုးခြင်း၊ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းတို့ကို တိုက်တွန်းနှိုးဆော်ခဲ့ရာလုပ်ငန်းများ ပိုမိုအောင်မြင်လာသည်ကို တွေ့ရသည်။

အခြေခံစားကုန်များဖြစ်သည့် ဆန်၊ ဆီ၊ သားငါးများကို အထွက်နှုန်းများ တိုးတက်ထုတ်လုပ်နိုင်ခြင်းဖြင့် စားသောက်ကုန်များ၏ ဈေးနှုန်းများ သင့်တင့်လျောက်ပတ်သည့် ဈေးနှုန်းများဖြစ်ရန်လိုသည်။ မြန်မာနိုင်ငံအနေဖြင့် အလုပ်လုပ်နိုင်သော ရေခံမြေခံကောင်းများ၊ အခြေခံကောင်းများ ရှိပြီးဖြစ်သော်လည်း အမှန်တကယ် အကျိုးရှိအောင် အလုပ်လုပ်နိုင်ရန် လိုအပ်နေသေးသည်။ အလုပ်လုပ်နိုင်ရန်အတွက် အခြေအနေကောင်းများ ဖန်တီးပေးရန်လိုသည်။ နိုင်ငံတော်အနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေများထုတ်ပေးထားပြီးဖြစ်သည်။ ဆက်လက်၍ တင်ပြတောင်းခံလာသည်များကိုလည်း ထုတ်ပေးလျက်ရှိသည်။ နိုင်ငံတော်က လိုအပ်သော အရင်းအနှီး၊ နည်းပညာများကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ရာ အမှန်တကယ်အလုပ်လုပ်ကြရန် အရေးကြီးသည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံသည် ရေခံမြေခံ အခြေခံကောင်းများရှိပြီးဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ မြင့်မားတိုးတက်လာအောင် စဉ်ဆက်မပြတ် ကူညီအားပေးမြှင့်တင်လျက်ရှိသည်။ တက်ညီလက်ညီ အမှန်တကယ်အလုပ်လုပ်ကြခြင်းဖြင့် ကုန်ထုတ်စွမ်းအား မြင့်မားတိုးတက်ပြီး လူမှုစီးပွားဘဝများမြင့်မားကာ ဆင်းရဲမွဲတေမှုကို လျော့နည်းလျှော့ချ နိုင်မည်ဖြစ်ပါကြောင်း။ 

Newspaper - 3215 items

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၂ ရက် ၊ ဇူလိုင် ၆ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ July 06, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၁ ရက် ၊ ဇူလိုင် ၅ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ July 05, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၀ ရက် ၊ ဇူလိုင် ၄ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ July 03, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၉ ရက် ၊ ဇူလိုင် ၃ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ July 03, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၈ ရက် ၊ ဇူလိုင် ၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ July 01, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၇ ရက် ၊ ဇူလိုင် ၁ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ June 30, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၆ ရက် ၊ ဇွန် ၃၀ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ June 30, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၅ ရက် ၊ ဇွန် ၂၉ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ June 29, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၄ ရက် ၊ ဇွန် ၂၈ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ June 28, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၃ ရက် ၊ ဇွန် ၂၇ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ June 27, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download