ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့် အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ


Ministry of Information/ Naypyitaw / April 23, 2026
image_latest


နေပြည်တော် ဧပြီ ၂၂

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ မဟာပါသာဏလိုဏ်ဂူ သိမ်တော်ကြီးအတွင်း၌ကျင်းပမည့် ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့် အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော် ရုံးအမှတ် (၃၁) သာသနာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ (မြေညီထပ်) ၌ ကျင်းပသည်။

အစည်းအဝေးသို့ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်းရေးမှူး၊ ရွှေတိဂုံစေတီတော် ဘဏ္ဍာထိန်းဂေါပကအဖွဲ့၊ အဖွဲ့ဝင်နှင့် ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

သုံးရက်တိုင် ကျင်းပပြုလုပ်သွားမည်

ဦးစွာ ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က ဧပြီ ၃၀ ရက်တွင် ကျရောက်မည့် ကဆုန်လပြည့်ဗုဒ္ဓနေ့သည် ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့်မြောက် သည့်နေ့ဖြစ်သည့်အတွက် ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့်အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီးတွင် သုံးရက်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေရေးနှင့် လက်ရှိအခြေအနေနှင့် ကိုက်ညီမှုရှိစေရေးတို့အတွက် ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့် အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနားကျင်းပရေး ဩဝါဒါစရိယဆရာတော်ကြီးများအဖွဲ့၊ နာယကအဖွဲ့နှင့် ဦးစီးကော်မတီတို့ကို ပြန်လည်ဖွဲ့စည်းပေးနိုင်ရေး ဝန်ကြီးဌာနအနေဖြင့် တင်ပြခဲ့ပြီးဖြစ်ကြောင်း။

 ကြိုတင်ပြင်ဆင်လေ့ကျင့်ထားရန်လို

သံဃာတော်များပင့်ဆောင်ရေးနှင့် ဖိတ်ကြားရေးဆပ်ကော်မတီအနေဖြင့် ဖိတ်စာနှင့် ပင့်လျှောက်လွှာများ လက်ခံရရှိခြင်း ရှိ/မရှိကိုပါစိစစ်ရန် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ဆက်သွယ်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဝန်ကြီးရုံးကိုလည်း အချိန်နှင့်တစ်ပြေးညီ ပြန်လည်တင်ပြပေးရန်လိုကြောင်း၊ အထိမ်းအမှတ်အထူးပြပွဲ ဓာတ်ပုံပြခန်းနှင့် ရုပ်တုများခင်းကျင်းပြသရေးနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ စီစဉ်ဆောင်ရွက် ရေးဆပ်ကော်မတီအနေဖြင့် ပြတိုက်ပြခန်းများ ခင်းကျင်းပြသရမည့် အခြေအနေများကို ရှင်းပြမည့် တာဝန်ရှိသူများအား အင်္ဂလိပ်ဘာသာ၊ ပါဠိဘာသာ အသုံးအနှုန်းကအစ ကြိုတင်ပြင်ဆင်လေ့ကျင့်ထားရန် လိုအပ်မည်ဖြစ်ကြောင်း၊ အထိမ်းအမှတ်စာစောင်နှင့် အထိမ်းအမှတ်ပစ္စည်းများ ထုတ်ဝေရေးဆပ်ကော်မတီအနေဖြင့် အထိမ်းအမှတ်မဂ္ဂဇင်းထုတ်ဝေရေး ဆောင်ရွက်လျက်ရှိရာ ထေရဝါဒဗုဒ္ဓ သာသနာတော်နှင့် ဆန့်ကျင်ဘက်မဖြစ်သည့် စာမူများဖြစ်ရန်၊ အဓမ္မဝါဒီစာမူများမဖြစ်စေရန် လိုအပ်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏ ဥယျောဇဉ်နှင့် သာသနာရေးဆိုင်ရာ လျှောက်ထားလွှာကို သဝဏ်လွှာနှင့် မိန့်ခွန်းများ စိစစ်တည်းဖြတ်ရေးအဖွဲ့ဖြစ်သည့် ပြန်ကြားရေးဝန်ကြီးဌာနသို့ ဧပြီ ၈ ရက်တွင်ပေးပို့ခဲ့ပြီးဖြစ်ကြောင်း၊ ဒေဝါဝင်းရာဇာဝင်းများဖြင့် လှည့်လည်ပူဇော်ရေးနှင့် ဖျော်ဖြေရေးဆပ်ကော်မတီအနေဖြင့် ပိဋကသုံးပုံကို မင်္ဂလာဆင်တော်ဖြင့် ပင့်ဆောင်မည့်အခြေအနေနှင့် လေ့ကျင့်သင်ကြားပေးနေသည့် မင်္ဂလာဆင်တော်၏ အခြေအနေကိုလည်း တင်ပြပေးစေလိုကြောင်း၊ ဆပ်ကော်မတီအသီးသီးနှင့် တက်ရောက်လာကြသည့် ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများက အခမ်းအနားကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ဖွယ်ရာများ၊ ဆောင်ရွက်ရမည့်အစီအမံများ၊ ဆောင်ရွက်လျက် ရှိသည့်ကိစ္စရပ်များ၊ အကြံပြုချက်များကို ဆွေးနွေးပေးကြပါရန် တိုက်တွန်းပြောကြားသည်။

အထိမ်းအမှတ်ပစ္စည်းများ ထုတ်ဝေနိုင်ရေး

ထို့နောက် ကျင်းပရေးနာယကအဖွဲ့ အဖွဲ့ဝင် ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က အထိမ်းအမှတ်အထူးပြပွဲ ဓာတ်ပုံပြခန်းနှင့်ရုပ်တုများ ခင်းကျင်းပြသရေးနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ စီစဉ်ဆောင်ရွက်ရေး ဆပ်ကော်မတီအနေဖြင့် လုပ်ငန်းတာဝန်များအလိုက် ဆောင်ရွက်လျက်ရှိကြောင်း၊ အထိမ်းအမှတ်စာစောင်နှင့် အထိမ်းအမှတ်ပစ္စည်းများ ထုတ်ဝေရေးဆပ်ကော်မတီအနေဖြင့် ဆဋ္ဌသင်္ဂါယနာတင် ၃၁ အုပ် Scan ဖတ်ပြီး အုပ်ရေ ၅၀၀ ပြသနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ အထိမ်းအမှတ်ပစ္စည်းများအနေဖြင့် တီရှပ်၊ ရေခွက်၊ ကီးချိန်း၊ ဘောပင်၊ ပြက္ခဒိန်များ ထုတ်ဝေနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေး အစွမ်းကုန် ပူးပေါင်းပါဝင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ ကျင်းပရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ သာသနာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေးနှင့်စပ်လျဉ်း၍ နေ့ရက်အလိုက် ကျင်းပမည့်အစီအစဉ်များကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသူများနှင့် သက်ဆိုင်ရာဆပ်ကော်မတီအသီးသီးမှဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများက လုပ်ငန်းဆောင်ရွက် ပြီးစီးမှုများကို အသေးစိတ်ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ လုပ်ငန်းများ အချိန်မီပြီးစီးရေးအတွက် လိုအပ်သည်များ မှာကြားပြီး ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌက နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 3504 items

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက် ၊ ဧပြီ ၂၃ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 23, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက် ၊ ဧပြီ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 22, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက် ၊ ဧပြီ ၂၁ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 21, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက် ၊ ဧပြီ ၂၀ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 20, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက် ၊ ဧပြီ ၁၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 14, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက် ၊ ဧပြီ ၁၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 13, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက် ၊ ဧပြီ ၁၂ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ April 12, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက် ၊ ဧပြီ ၁၁ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ April 11, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက် ၊ ဧပြီ ၁၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ April 10, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၈ ရက် ၊ ဧပြီ ၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 09, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download