ဆိုလာနည်းပညာကိုတက်ကျွမ်းပါကခိုင်မာသည့်အလုပ်အကိုင်အခွင့်အလမ်းနှင့်ကိုယ်ပိုင်လုပ်ငန်းများထူထောင်နိုင်မည်
ဆိုလာနည်းပညာကိုတက်ကျွမ်းပါကခိုင်မာသည့်အလုပ်အကိုင်အခွင့်အလမ်းနှင့်ကိုယ်ပိုင်လုပ်ငန်းများထူထောင်နိုင်မည်
Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး / March 04, 2026
ဘားအံ မတ် ၄
ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီး ပေးရေးလုပ်ငန်းကော်မတီမှကြီးမှူး၍ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (ဘားအံ)၏ကြီးကြပ်မှုဖြင့်ဖွင့်လှစ်သော လျှပ်စစ်ဆိုလာတပ်ဆင်ခြင်းသင်တန်းဖွင့်ပွဲကို မတ်လ ၄ ရက်နေ့ နံနက် ၈ နာရီက ဘားအံမြို့နယ်၊ ဘုရားကုန်းကျေးရွာအခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး တက်ရောက်အားပေးချီးမြှင့်ခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ဖွင့်လှစ်သည့်သင်တန်းသည် သင်တန်းသားများ၏ဘဝရပ်တည် နေထိုင်ရေးအတွက် အကျိုးဖြစ်ထွန်းစေမည့်သင်တန်းဖြစ်ပြီး သင်ကြားပို့ချပေးသော သင်ခန်းစာများကို သေချာစွာလေ့လာ မှတ်သားအသုံးချ၍မိမိဘဝတိုးတက်အောင်မြင်နိုင်ရေးအတွက် စနစ်တကျသင်ယူကာ အောင်မြင်သည့်ပန်းတိုင်သို့ရောက်ရှိ နိုင်အောင် ကြိုးစားအားထုတ်ကြစေလိုကြောင်း၊ ခေတ်နှင့်အညီတိုးတက်လာသည့်ဆိုလာနည်းပညာကိုတက်ကျွမ်းမည် ဆိုပါက ခိုင်မာသည့်အလုပ်အကိုင်အခွင့်အလမ်းနှင့် ကိုယ်ပိုင်လုပ်ငန်းများထူထောင်လာနိုင်သည်အထိ ဆောင်ရွက်နိုင်မည် ဖြစ်ပြီး လက်တွေ့ဘဝနယ်ပယ်တွင် အသုံးချနိုင်ရန်အတွက် အားသွန်ခွန်စိုက် ကြိုးစားအားထုတ်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှူးက သင်တန်းများဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်နှင့် ဖွင့်လှစ်ခဲ့သောသင်တန်းများမှ ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် လုပ်ငန်းကော်မတီဝင်များ၊ သင်တန်းသား၊သင်တန်းသူများနှင့်စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့ကြကာ ပြည်နယ် ဝန်ကြီးချုပ်က ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်လာသော ဒေသခံမိဘပြည်သူများနှင့်သင်တန်းသား၊သင်တန်းသူများအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့သည်။
ယနေ့ဖွင့်လှစ်သည့်သင်တန်းကို ဘုရားကုန်းကျေးရွာနှင့်ပတ်ဝန်းကျင်ကျေးရွာများမှ သင်တန်းသား(၂၀)ဦး တက်ရောက်ကြပြီး ကျွမ်းကျင်နည်းပြများက စာတွေ့၊လက်တွေ့နှင့် လုပ်ငန်းခွင်ဆိုင်ရာအတွေ့အကြုံများကို မတ်လ ၄ ရက်နေ့မှ ဧပြီလ ၄ ရက်နေ့ထိ တစ်လကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အလားတူ ပထမအကြိမ် ကရင်ပြည်နယ်လွှတ်တော်ပထမပုံမှန်အစည်းအဝေးအောင်မြင်စွာကျင်းပနိုင်ရေး လိုအပ် သည့်ကြို တင်ပြင်ဆင်မှုများဆောင်ရွက်နိုင်ရန် ကော်မတီများ၏လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ်လ ၃ ရက်နေ့ နံနက် ၁၀ နာရီ က ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ကျင်းပရေးဦးစီးကော်မတီနာယက ပြည်နယ်ဝန်ကြီး ချုပ်ဦးစောမြင့်ဦးက သက်ဆိုင်ရာလုပ်ငန်းကော်မတီများက မိမိတို့ဆောင်ရွက်ရမည့်ကဏ္ဍအလိုက် ဆောင်ရွက်ရန်ရှိသည် များကို အောင်မြင်စွာဝိုင်းဝန်းဆောင်ရွက်ကြစေလိုပြီး ဆောင်ရွက်ထားရှိမှုအခြေအနေများကို ဆွေးနွေးတင်ပြပေးကြစေလို ကာ ပထမပုံမှန်အစည်းအဝေးအောင်မြင်စွာကျင်းပနိုင်ရေး ဦးစီးကော်မတီနှင့်လုပ်ငန်းကော်မတီများက ဝိုင်းဝန်းပူးပေါင်း၍ အလေးထားဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ဦးစီးကော်မတီဥက္ကဋ္ဌ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက အစည်းအဝေးနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ဦးစီးကော်မတီအတွင်းရေးမှူး ကရင်ပြည်နယ်လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်ဒေါက်တာ သက်ဇော်ဦးက ပြည်နယ်လွှတ်တော်အစည်းအဝေးမကျင်းပမီ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြကာ လုပ်ငန်းကော်မတီ(၆)ခုမှတာဝန်ရှိသူများက လုံခြုံရေး၊ လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေး၊ ဖိတ်ကြားရေးနှင့်ကြိုဆိုနေရာချ ထားပေးနိုင်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးနိုင်ရေး၊ ဘဏ္ဍာရေး၊ သတင်း ပြန်ကြားရေးနှင့်မှတ်တမ်းထိန်း သိမ်းရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးတင်ပြကြရာ တက်ရောက်လာသူများက ဝိုင်းဝန်း အကြံပြုဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က တင်ပြဆွေးနွေးမှုများအပေါ်ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင် ရွက်ပေးခဲ့သိရှိရပါသည်။
Newspaper - 3459 items
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက် ၊ မတ် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက် ၊ မတ် ၃ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်နေ့ ၊ မတ် ၂ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၄ ရက် ၊ မတ် ၁ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက် ၊ ဖေဖော်ဝါရီ ၂၈ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ February 28, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက် ၊ ဖေဖော်ဝါရီ ၂၇ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ February 27, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက် ၊ ဖေဖော်ဝါရီ ၂၆ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ February 26, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက် ၊ ဖေဖော်ဝါရီ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ February 25, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက် ၊ ဖေဖော်ဝါရီ ၂၄ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ February 24, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၂၃ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ February 23, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
