ဇိုမီးအမျိုးသားပါတီက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ်စသည်တို့ကို ဟောပြောတင်ပြ
ဇိုမီးအမျိုးသားပါတီက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ်စသည်တို့ကို ဟောပြောတင်ပြ
Ministry of Information/ Naypyitaw / November 24, 2025
နေပြည်တော် နိုဝင်ဘာ ၂၃
ဇိုမီးအမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဒေါ်ကိုင်းအင်းကျိန်က ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ်စသည်တို့ကို နိုဝင်ဘာ ၂၃ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။
အဆိုပါ ဟောပြောတင်ပြချက် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
မင်္ဂလာပါရှင့်
ကျွန်မနာမည် ဒေါ်ကိုင်းအင်းကျိန် ဖြစ်ပါတယ်ရှင့်။ လက်ရှိပါတီတာဝန်ကတော့ ဇိုမီးအမျိုးသားပါတီ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တစ်ဦးဖြစ်ပါသည်။ ယခုချိန်မှစ၍ ဇိုမီးအမျိုးသားပါတီ၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ်များကို တင်ပြဆွေးနွေးသွားမှာဖြစ်ပါသည်။ ဇိုမီးမိဘပြည်သူများရှင့် ... မကြာမီ စတင်ကျင်းပပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ၌ ကျွန်မတို့ဇိုမီးအမျိုးသားပါတီသည်လည်း လွှတ်တော်အသီးသီးတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပါသဖြင့် တတ်နိုင်သည့်ဘက်မှ ဝိုင်းဝန်းထောက်ခံရပ်တည်ပေးနိုင်ရန် ပထမဦးစွာ တင်ပြလိုပါသည်။ လာမည့်အထွေထွေရွေးကောက်ပွဲတွင် မိဘပြည်သူများ ဆုံးဖြတ်ချက်မမှားစေရန်နှင့် ဇိုမီးတိုင်းရင်းသားများ နောက်ကောက်မကျန်ရစ်စေရန်အတွက် အချိန်မီပြင်ဆင်သင့်သည်များ ပြင်ဆင်နိုင်ဖို့လည်း အသိပေးနှိုးဆော်လိုပါသည်။ ကျွန်မတို့ဇိုမီးအမျိုးသားပါတီအနေဖြင့် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းများဖြင့် တည်ဆဲဥပဒေဘောင်များအတွင်း၌သာ အဖြေရှာနိုင်မည်ဟု အခိုင်အမာယုံကြည်ပါသည်။
ထို့အပြင် ကျွန်မတို့ ဇိုမီးအမျိုးသားပါတီ၏ နိုင်ငံရေးသဘောထားရပ်တည်ချက်များမှာ ဇိုမီးတိုင်းရင်းသားများအပါအဝင် မြန်မာပြည်တွင် မှီတင်းနေထိုင်သော တိုင်းရင်းသားအားလုံးတို့၏ နိုင်ငံရေးအရ တန်းတူညီမှုရရှိဖို့နဲ့ အနှစ်သာရပြည့်ဝသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုပေါ်ပေါက်ရေးအတွက် သက်ဆိုင်ရာအင်အားစုအသီးသီးတို့နဲ့ လက်တွဲအကောင်အထည်ဖော်တည်ဆောက်ဖို့ ကြိုးစားဆောင်ရွက်သွားရန်ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်မတို့ ဇိုမီးအမျိုးသားပါတီ၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ်များကို အောက်ပါအတိုင်း တင်ပြသွားမှာ ဖြစ်ပါတယ်ရှင့်။
အခြေခံမူများ
(၁) ဇိုမီးတိုင်းရင်းသားများ၏ အမျိုးသားအကျိုးစီးပွား ကာကွယ်စောင့်ရှောက်မြှင့်တင်ရေး။
(၂) ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု ပီပြင်စွာပေါ်ထွန်းရေးအတွက် အခြားသောညီအစ်ကိုတိုင်းရင်းသားများနှင့် အတူတကွ လက်တွဲကြိုးပမ်းဆောင်ရွက်ရေး။
(၃) ဇိုမီးတိုင်းရင်းသားများ၏ ဥစ္စာဓန၊ အမိမြေ၊ ကိုးကွယ်သည့် ဘာသာ၊ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများအား ကာကွယ်၊ ထိန်းသိမ်း၊ စောင့်ရှောက်၊ မြှင့်တင်ရေး။
(၄) နိုင်ငံတော်၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊ ငြိမ်းချမ်းသာယာသော လူ့အသိုက်အဝန်း တည်ဆောက်ရေးနှင့် လွတ်လပ်ရေး အဓွန့်ရှည်ကြာတည်တံ့ခိုင်မြဲရေး။
(၅) မြန်မာနိုင်ငံ၏ နိုင်ငံရေးအပြောင်းအလဲဖြစ်စဉ်များနှင့် နိုင်ငံပြန်လည်တည်ဆောက်ရေးတွင် ဇိုမီးတိုင်းရင်းသားများအား ကိုယ်စားပြုအရေးဆိုနိုင်ရေးတို့ ဖြစ်ပါသည်။
ကျွန်မတို့ ဇိုမီးအမျိုးသားပါတီ၏ အဓိကရည်ရွယ်ချက်များကိုလည်း ဆက်လက်တင်ပြသွားမှာ ဖြစ်ပါသည်။
ရည်ရွယ်ချက်
(၁) ဇိုမီးတိုင်းရင်းသားများအားလုံး သွေးစည်းညီညွတ်ရေးရရှိအောင် ဆောင်ရွက်သွားမယ်။
(၂) အခြေခံလူ့အခွင့်အရေးများရရှိရေးနှင့် ဒီမိုကရေစီအခွင့်အရေးကြောင့် လူနည်းစု၏ အခွင့်အရေး၊ နိုင်ငံသားအခွင့်အရေး ထိခိုက်ဆုံးရှုံးမှုမရှိဘဲ အထိအခိုက်မရှိအောင် ဆောင်ရွက်မယ်။
(၃) အမိမြန်မာနိုင်ငံတော်၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍများ ပိုမိုပြီး တိုးတက်မြင့်မားရေး ကြိုးပမ်းမယ်။
(၄) ဇိုမီးတိုင်းရင်းသားများ ဘိုးဘွားစဉ်ဆက်နေထိုင်သည့် ဒေသများနှင့် ဆက်စပ်တဲ့ဒေသအားလုံး တစ်ပြေးညီ ဘက်စုံဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်သွားမယ်။
(၅) လွတ်လပ်သော ဈေးကွက်စီးပွားရေးစနစ်ကို ပီပြင်စွာ အကောင်အထည်ဖော်ဆောင်နိုင်ရန် ကြိုးပမ်းမယ်။
(၆) ဇိုမီးဒေသအတွင်း ထွက်ရှိသော သဘာဝသယံဇာတများ၏ ထိုက်သင့်သော အကျိုးခံစားခွင့်များကို ဇိုမီးတိုင်းရင်းသားများ ရရှိအောင် ကြိုးစားဖော်ဆောင်မယ်။
(၇) ဇိုမီးဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ တိုးချဲ့ဖွင့်လှစ်နိုင်ရေးနှင့် ထိုလမ်းကြောင်းများမှရရှိသော အခွန်အခ (သို့မဟုတ်) အကောက်ခွန်များကို ပြည်ထောင်စု၊ ပြည်နယ်နှင့် ဒေသန္တရဒေသများရှိ ပြည်သူများ သာတူညီစွာရရှိအောင် ဆောင်ရွက်သွားမည်ဖြစ်ပါတယ်။
တစ်ဆက်တည်းတွင် ဆက်လက်၍ ကျွန်မတို့ ဇိုမီးအမျိုးသားပါတီ၏ ရှေ့လုပ်ငန်းစဉ်များကိုလည်း မိဘပြည်သူများ သိရှိနိုင်ပါရန် တင်ပြဆွေးနွေးသွားမှာ ဖြစ်ပါသည်။
လုပ်ငန်းစဉ်များ
(၁) ပြည်ထောင်စုအတွင်း မှီတင်းနေထိုင်သော ပြည်သူလူထုတစ်ရပ်လုံး၏ ဒီမိုကရေစီအခွင့်အရေးကို ထောက်ခံကာကွယ်ရေး။
(၂) တိုင်းရင်းသားလူမျိုးပေါင်းစုံတို့၏ ချစ်ကြည်ရေး၊ စည်းလုံးညီညွတ်ရေး၊ တရားမျှတသော တန်းတူအခွင့်အရေးရရှိရေးစသည်တို့ကို အခိုင်အမာတည်ဆောက်ရင်း၊ ပြည်ထောင်စုကြီး၏ အချုပ်အခြာအာဏာကို ကာကွယ်စောင့်ရှောက်ရေး။
(၃) လွတ်လပ်၍ ပွင့်လင်းသော နိုင်ငံရေးမူဝါဒကို ကျင့်သုံးရင်း ပြည်တွင်းငြိမ်းချမ်းရေးမှတစ်ဆင့် ကမ္ဘာ့ငြိမ်းချမ်းရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရေး။
(၄) နိုင်ငံသားတိုင်းနှင့် လူနည်းစုများ၏ ပညာသင်ကြားခွင့် အခွင့်အလမ်းများနှင့် မိမိလိုချင်သည့် အသက်မွေးဝမ်းကျောင်းပညာအရပ်ရပ်တို့အား လွတ်လပ်စွာ လေ့လာဆည်းပူးနိုင်ရေးအတွက် အခွင့်အလမ်းများကို ဖော်ဆောင်ပေးနိုင်ရေးတို့ဖြစ်ပါသည်။
နိဂုံးချုပ်အနေနဲ့ ကျွန်မတင်ပြလိုတာကတော့ ဇိုမီးမိဘပြည်သူများအနေဖြင့် သိထားရမည်မှာ အခြားသောသက်ဆိုင်ရာတိုင်းရင်းသားညီအစ်ကိုအသီးသီးတို့သည်လည်း မိမိတို့တိုင်းရင်းသားလူမျိုးကို ကိုယ်စားပြုသောပါတီကိုသာလျှင် ထောက်ခံဆန္ဒမဲပေးရွေးကောက်တင်မြှောက်ကြမည်မှာ ဧကန်မလွဲဖြစ်ပါသည်။ ထို့ကြောင့် ဇိုမီးမိဘပြည်သူများအနေဖြင့်လည်း ဇိုမီးတိုင်းရင်းသားများ၏ အမျိုးသားအကျိုးစီးပွား ကာကွယ်စောင့်ရှောက်မြှင့်တင်နိုင်မယ့် မိမိတို့လူမျိုးကို ကိုယ်စားပြုသည့် ဇိုမီးအမျိုးသားပါတီကိုသာ ထောက်ခံဆန္ဒမဲပေးရွေးကောက်တင်မြှောက်ကြပါရန် ကျွန်မအနေဖြင့် အလေးအနက်ထား နှိုးဆော်တိုက်တွန်းချင်ပါတယ်ရှင့်။
မြန်မာနိုင်ငံသူ၊ နိုင်ငံသားအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံပါစေရှင့်။ အားလုံးကို ကျေးဇူးတင်ပါတယ်ရှင့်။
Newspaper - 3359 items
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၅ ရက် ၊ နိုဝင်ဘာ ၂၄ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ November 24, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၄ ရက် ၊ နိုဝင်ဘာ ၂၃ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ November 23, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၃ ရက် ၊ နိုဝင်ဘာ ၂၂ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ November 22, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၂ ရက် ၊ နိုဝင်ဘာ ၂၁ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ November 21, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁ ရက် ၊ နိုဝင်ဘာ ၂၀ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ November 20, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလကွယ်နေ့ ၊ နိုဝင်ဘာ ၁၉ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ November 19, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၄ ရက်၊ နိုဝင်ဘာ ၁၈ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ November 18, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၃ ရက်၊ နိုဝင်ဘာ ၁၇ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ November 17, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၂ ရက်၊ နိုဝင်ဘာ ၁၆ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ November 16, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၁ ရက်၊ နိုဝင်ဘာ ၁၅ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ November 15, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
