ညောင်ရွှေမြို့၌ အင်းသားရိုးရာလှေလှော်ပြိုင်ပွဲ ဆက်လက်ကျင်းပ


Ministry of Information/ Naypyitaw / February 10, 2025
image_latest


ညောင်ရွှေ ဖေဖော်ဝါရီ ၉

(၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အင်းသားရိုးရာလှေလှော်ပြိုင်ပွဲ(ဒုတိယ)နေ့ကို ယနေ့နံနက်ပိုင်းက ရှမ်းပြည်နယ် ညောင်ရွှေမြို့ ကမ်းနားလမ်း ဖောင်တော်ပြန်ပြာသာဒ်ရှေ့ နန်းကပ်ချောင်းအတွင်း၌ ကျင်းပသည်။

အကြိတ်အနယ် ပါဝင်ယှဉ်ပြိုင်

ပြိုင်ပွဲတွင် ကျောင်းသားနှစ်ကျိပ် ခြောက်တက်အသင်းလေးသင်း၊ အမျိုးသားလေးကျိပ် ခြောက်တက်အသင်း ခြောက်သင်းနှင့် အမျိုးသမီး နှစ်ကျိပ်ခြောက်တက်အသင်း လေးသင်းတို့ အကြိတ်အနယ် ပါဝင်ယှဉ်ပြိုင်လှော်ခတ်ခဲ့ကြသည်။

ပြိုင်ပွဲမကျင်းပမီနှင့် ပြိုင်ပွဲခေတ္တရပ်နားနေစဉ်ကာလများ၌ တိုင်းရင်းသားရိုးရာအကအလှများ၊ ဆွမ်းပို့လှေသရုပ်ပြလှော်ခတ်မှုများနှင့် တင်ဆက်ဖျော်ဖြေခဲ့ကြပြီး ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးကျော်ကျော်ထွန်းနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ ဒေသခံပြည်သူများနှင့် ပြည်တွင်း/ပြည်ပ ခရီးသွားဧည့်သည်များ တစ်ခဲနက် လာရောက်ကြည့်ရှုအားပေး ကြသည်။

ပြိုင်ပွဲအပြီးတွင် ဆုပေးပွဲကိုဆက်လက်ပြုလုပ်ရာ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးက အမျိုးသား(၄၆)တက်ပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည့် ဝမ်းဘဲအင်းအသင်းနှင့် ဒုတိယဆုရရှိခဲ့သည့် အိုင်ထောင့်ကြီး(က)အသင်း၊ ပြည်နယ်ဥပဒေချုပ်က နှစ်သိမ့်ဆုရရှိခဲ့ကြသည့် မိုင်းသောက်အင်းအသင်းနှင့် အိုင်ထောင့်ကြီး(ခ)အသင်း၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးက အမျိုးသမီး (၂၆) တက်ပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည့် အိုင်ထောင့်ကြီး(က)အသင်းနှင့် အိုင်ထောင့်ကြီး(ခ)အသင်း၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ထားထားဝေက အမျိုးသမီး (၂၆) တက်ပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိခဲ့ကြသည့် ညောင်ဝန်းအသင်းနှင့် မိုင်းသောက်အင်းအသင်း၊ ကလောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်က ကျောင်းသား(၂၆)တက် ပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည့် အိုင်ထောင့်ကြီး(က)အသင်းနှင့် ဒုတိယဆုရရှိခဲ့သည့် ကေလာ(က)အသင်း၊ ပြည်နယ်ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထင်အောင်နိုင်က နှစ်သိမ့်ဆုရရှိခဲ့ကြသည့် အိုင်ထောင့်ကြီး(ခ)အသင်းနှင့် ကေလာ(ခ)အသင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး မင်းစစ်နိုင်က ဆွမ်းပို့လှေသရုပ်ပြအဖွဲ့နှင့် တိုင်းရင်းသားရိုးရာအကအဖွဲ့များအား ဆုများပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

စိုင်းအယ်ဘဲ

Newspaper - 3105 items

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလပြည့်ကျော် ၁ ရက်၊ မတ် ၁၄ ရက် ၊သောကြာနေ့။


Publisher: မြန်မာ့အလင်း/ March 14, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလပြည့်နေ့ ၊ မတ် ၁၃ ရက် ၊ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ March 13, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၁၄ ရက်၊ မတ် ၁၂ ရက် ၊ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 12, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၁၃ ရက်၊ မတ် ၁၁ ရက် ၊အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 11, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၁၂ ရက်၊ မတ် ၁၀ ရက် ၊တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 10, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၁၁ ရက်၊ မတ် ၉ ရက် ၊တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ March 09, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၁၀ ရက်၊ မတ် ၈ ရက် ၊စနေနေ့။


Publisher: မြန်မာ့အလင်း/ March 08, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၉ ရက်၊ မတ် ၇ ရက် ၊သောကြာနေ့။


Publisher: မြန်မာ့အလင်း/ March 07, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၈ ရက်၊ မတ် ၆ ရက် ၊ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ March 06, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၇ ရက်၊ မတ် ၅ ရက် ၊ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 05, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download