တက္ကသိုလ်ကျောင်းသားများ၏ ကျောင်းဝင်မှတ်ပုံတင်ခြင်းနှင့် ကျောင်းဝင်ကြေးနှင့် ကျောင်းလခများကို အွန်လိုင်းငွေပေးချေခြင်းစနစ် မတ် ၁၇ ရက် (တနင်္လာနေ့)မှစတင်၍ ပညာရေးဝန်ကြီးဌာနရှိ တက္ကသိုလ်များတွင် စတင်ကျင့်သုံးမည်


Ministry of Information/ Naypyitaw / March 12, 2025
image_latest


နေပြည်တော် မတ် ၁၁

တက္ကသိုလ်ကျောင်းသားများ၏ ကျောင်းဝင်မှတ်ပုံတင်ခြင်း(Regi-stration)နှင့် ကျောင်းဝင်ကြေး၊ ကျောင်းလခများကို Online Payment ၊ Mobile Wallet ဖြင့် ပေးသွင်းခြင်းတို့ ချိတ်ဆက်ဆောင်ရွက်နိုင်ရေး ဦးစီးကော်မတီအစည်းအဝေး(၁/၂၀၂၅)ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ မြန်မာနိုင်ငံ တော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ(၁) ဦးဇော်မြင့်နိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ သက်ဆိုင်ရာ ဘဏ်နှင့်ငွေကြေးအဖွဲ့အစည်းများမှ ဦးစီးကော်မတီဝင်များ၊ အကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ဒုတိယဝန်ကြီးက တက္ကသိုလ်နေ့သင်တန်းနှင့် အဝေးသင်ကျောင်းသားများ၏ ကျောင်းဝင်မှတ်ပုံတင်ခြင်းနှင့် ကျောင်းဝင်ကြေး၊ ကျောင်းလခပေးသွင်းခြင်းများကို မိမိတို့ နှစ်သက်ရာ Online Payment ၊ Mobile Wallet တို့ဖြင့် စတင်ဆောင်ရွက်သည့် အခမ်းအနားဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီး ဌာန၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ဘဏ်အဖွဲ့အစည်းများ၏ ချိတ်ဆက်အောင်မြင်မှု ဖြစ်ပါကြောင်း၊ တက္ကသိုလ်ကျောင်းသားများ ငွေသားဖြင့် ကျောင်းဝင်ကြေး၊ ကျောင်းလခပေးသွင်းခြင်းအစား ဒစ်ဂျစ်တယ်ငွေကြေး (Digital Currency) သုံးစွဲခြင်းအလေ့ အကျင့်ကို ပြောင်းလဲကျင့်သုံးနိုင်ခြင်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ MMQR စနစ်တွင် ချိတ်ဆက်ထားသော ဘဏ်အဖွဲ့အစည်းများနှင့် အွန်လိုင်းငွေပေးချေခြင်းကို မတ် ၁၇ ရက် (တနင်္လာနေ့)မှစတင်၍ ပညာရေးဝန်ကြီးဌာနရှိ တက္ကသိုလ်များတွင် စတင်ကျင့်သုံးမည်ဖြစ်ပါကြောင်း၊ ဒစ်ဂျစ်တယ်စနစ်သို့ ပြောင်းလဲမှုတွင် ဝိုင်းဝန်းပါဝင်ပံ့ပိုးကူညီပေး ကြသူများအားလုံးကို မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ (၁) က ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်တွင် စတင်အသုံးပြုနိုင်ပြီဖြစ်သော MMQR စနစ်ကို ဝန်ကြီးဌာနများအနက် ပညာရေးဝန်ကြီးဌာနက ပထမဦးဆုံး စတင်အသုံးပြုခြင်းဖြစ်သဖြင့် သမိုင်းမှတ်တိုင်တစ်ခု ဖြစ်ပါကြောင်း၊ Mobile Pay User ၉၀ ရာခိုင်နှုန်းကျော်အထိ လွှမ်းခြုံနိုင်မည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ဘဏ်အဖွဲ့ အစည်းများက ဆက်လက်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ညွှန်ကြားရေးမှူးချုပ်များနှင့် တက်ရောက်လာသူများက ဆွေးနွေးညှိနှိုင်းကြပြီး ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။        

သတင်းစဉ်

Newspaper - 3103 items

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၁၄ ရက်၊ မတ် ၁၂ ရက် ၊ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 12, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၁၃ ရက်၊ မတ် ၁၁ ရက် ၊အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 11, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၁၂ ရက်၊ မတ် ၁၀ ရက် ၊တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 10, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၁၁ ရက်၊ မတ် ၉ ရက် ၊တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ March 09, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၁၀ ရက်၊ မတ် ၈ ရက် ၊စနေနေ့။


Publisher: မြန်မာ့အလင်း/ March 08, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၉ ရက်၊ မတ် ၇ ရက် ၊သောကြာနေ့။


Publisher: မြန်မာ့အလင်း/ March 07, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၈ ရက်၊ မတ် ၆ ရက် ၊ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ March 06, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၇ ရက်၊ မတ် ၅ ရက် ၊ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 05, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၆ ရက်၊ မတ် ၄ ရက် ၊အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 04, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၅ ရက်၊ မတ် ၃ ရက် ၊တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 02, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download