တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) (၁၀) နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားတွင် ကရင်တိုင်းရင်းသားခေါင်းဆောင် စောမူတူးစေးဖိုး ပြောကြားသည့် ဂုဏ်ပြုစကား


Ministry of Information/ Naypyitaw / October 16, 2025
image_latest


နေပြည်တော် အောက်တိုဘာ ၁၅

ချစ်ကြည်လေးစားရပါသော တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးပွဲ (၁၀)နှစ်ပြည့် အခမ်းအနားသို့ တက်ရောက်လာကြတဲ့ သက်ဆိုင်ရာတာဝန်ရှိလူကြီးမင်းများ၊ နိုင်ငံရေးပါတီများမှခေါင်းဆောင်များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ခေါင်းဆောင်များနှင့် သံတမန်များကို မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေလို့ ဦးစွာဆုမွန်ကောင်းတောင်းအပ်ပါတယ်။ ဒီနေ့လို သမိုင်းဝင်အခမ်းအနားမှာ စကားပြောကြားခွင့်ရခြင်းဟာ ငြိမ်းချမ်းရေးကို စစ်မှန်စွာလိုလားတဲ့ ကျွန်တော့်လို စစ်သားအိုကြီးတစ်ဦးအတွက် ကြီးမားတဲ့ဂုဏ်သိက္ခာတစ်ခုလည်း ဖြစ်ပါတယ်။

NCA စာချုပ်ဟာ လူတချို့အတွက် စာချုပ်တစ်စောင်သာဖြစ်နိုင်ပေမယ့် တကယ်ကတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည်တဲ့ ခရီးစဉ်တစ်ခုကို စတင်ခြင်းဖြစ်ပါတယ်။ အဲဒီလို သဘောတူညီမှုရရှိဖို့အတွက် နိုင်ငံတော်အစိုးရကိုယ်စားလှယ်များနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေက နှစ်နှစ်နီးပါးကြာ ဆွေးနွေးခဲ့ကြရတာဖြစ်ပါတယ်။ NCA ဟာ တစ်ခဏအတွင်းမှာရလာတဲ့ အောင်မြင်မှုတစ်ခုမဟုတ်ပါ။ အချိန်ယူပြီး အပြန်အလှန်နားလည်မှုနဲ့ ယုံကြည်မှုတည်ဆောက်ခဲ့ရတဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်။ အဲဒီအချိန်က တစ်ဖက်ကိုတစ်ဖက် အနိုင်ယူဖို့မဟုတ်ဘဲ အပြန်အလှန်ယုံကြည်မှု၊ နားလည်မှုတည်ဆောက်ဖို့အတွက် ဉာဏ်ပညာတွေ၊ သတ္တိတွေနဲ့ ပေါင်းစည်းခဲ့ကြတာ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ အဆုံးမသတ်သွားသေးပါဘူး။ အပြန်အလှန်လေးစားမှုနဲ့ ယုံကြည်မှုတည် ဆောက်နိုင်သေးသလားဆိုတာ သက်ဆိုင်သူအားလုံးရဲ့ လက်ထဲမှာရှိနေပါတယ်။ မိမိအနေနဲ့ တိုက်တွန်းလိုတာက အပြန်အလှန်ယုံကြည်မှုတည်ဆောက်တဲ့ အစီအစဉ်များကို အမြန်ဆုံး လက်တွေ့ဖော်ဆောင်ကြရမှာဖြစ်ပါတယ်။

ငြိမ်းချမ်းရေးဆိုတာ စာချုပ်ပေါ်မှာ လက်မှတ်ထိုးရုံသက်သက်နဲ့ ဖြစ်ပေါ်လာနိုင်တဲ့အရာမဟုတ်ပါ။ စစ်မှန်တဲ့စိတ်ဓာတ်နဲ့ ဆန္ဒတူညီမှသာ ပေါ်ပေါက်လာနိုင်တာပါ။ အဲဒါကြောင့် အနာဂတ်အတွက် NCA ကိုအခြေခံတဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ ပြန်လည်စတင်ဖို့၊ အပြန်အလှန်ယုံကြည်မှုတည်ဆောက်ဖို့၊ ပြည်သူအတွက် ငြိမ်းချမ်းရေးကို လက်တွေ့ကျကျမြင်ရအောင် အားထုတ်ဖို့လိုပါတယ်။ NCA ဟာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်အပေါ်အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးအတွက် အရေးကြီးတဲ့ ခြေလှမ်းတစ်ရပ်ဖြစ်ပါတယ်။ ဒီလမ်းကြောင်းမှာ အခက်အခဲရှိမယ်ဆိုတာ အားလုံးသိကြပေမယ့် အရေးကြီးတာက လှည့်ထွက်မသွားဘဲ ဆက်လက်အားထုတ်သွားကြဖို့ပဲဖြစ်ပါတယ်။ လက်တွေ့အခြေအနေများနဲ့ကိုက်ညီပြီး သက်ဆိုင်သူများအားလုံး ပါဝင်ဆောင်ရွက်နိုင်မယ့် NCA ကို အခြေခံသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ရှာဖွေဖော်ထုတ်သွားကြရမှာ ဖြစ်ပါတယ်။ ဒီလိုဆက်လက်အားထုတ်ကြိုးပမ်းတဲ့အခါမှာ NCA အသိသက်သေနိုင်ငံများအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်း၏ အခန်းကဏ္ဍကို အလေးထားပြီး မြှင့်တင်ဆောင်ရွက်သွားကြဖို့ကိုလည်း တိုက်တွန်းလိုပါတယ်။

၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့မှာ NCA ကို လက်မှတ်ရေးထိုးခဲ့ခြင်းဟာ မြန်မာနိုင်ငံသား တိုင်းရင်းသားအချင်းချင်းအကြား သံသယ၊ မယုံကြည်မှုများကို လျှော့ချနိုင်မယ့် ခိုင်မာတဲ့ အခြေခံအုတ်မြစ်တစ်ခု ချနိုင်ခြင်းဖြစ်ပါတယ်။ NCA ဆိုတာ စစ်ပွဲတွေကြောင့် မည်းမှောင်နေတဲ့ အနေအထားကနေ ငြိမ်းချမ်းရေးကို မြတ်နိုးတန်ဖိုးထားသူ မြန်မာနိုင်ငံသားများအားလုံးအတွက် တောက်ပထွန်းလင်းတဲ့ အလင်းရောင်တစ်ခုဖြစ်ပါတယ်။ သို့သော် NCA သက်တမ်း (၁၀) နှစ်အတွင်းမှာ ပြဋ္ဌာန်းထားသလောက် အကောင်အထည်မဖော်နိုင်ခဲ့တာကိုတော့ ဝန်ခံရမှာဖြစ်ပါတယ်။

ယခု ၂၀၂၅ ခုနှစ်မှာတော့ နိုင်ငံရေးအလှည့် အပြောင်းဖြစ်လာပေမယ့် “ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ” ကျင်းပမှာဖြစ်သည့်အတွက် ရွေးကောက်ပွဲအကြိုကာလမှာဖြစ်စေ၊ အလွန်ကာလမှာဖြစ်စေ NCA အခြေခံအပေါ်ကနေ အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲများ၊ နိုင်ငံရေးဆွေးနွေးပွဲများနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဖြစ်ပေါ်လာလိမ့်မည်ဟု ယုံကြည်မျှော်လင့်ပါတယ်။ ဒီအတွက်လည်း ကျွန်တော်တို့ NCA အပေါ် သစ္စာရှိရှိနဲ့ ရပ်တည်လုပ်ကိုင်နေကြတဲ့ အဖွဲ့အစည်းတွေကလည်း ပြင်ဆင်မှုကောင်းကောင်းနဲ့ ပါဝင်ကြရမှာဖြစ်ပါတယ်။

ကိုယ်စားလှယ်တော်ကြီးများ ခင်ဗျား

နိဂုံးချုပ်အနေနဲ့ ကျွန်တော်တို့တစ်တွေဟာ တစ်နိုင်ငံလုံးအတွက် ပူးပေါင်းဆောင်ရွက်ဖို့လိုပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည်ပြီး ပြည်သူလူထုများရဲ့ အနာဂတ်မှာ လူငယ်မျိုးဆက်သစ်တွေအတွက် “ငြိမ်းချမ်းရေး” ဆိုတဲ့ အမွေအနှစ်ကို ချန်ထားရစ်နိုင်ဖို့ ကြိုးပမ်းကြရပါမယ်။ ငြိမ်းချမ်းရေးကို ဖော်ဆောင်သွားကြဖို့ ညှိနှိုင်းဆွေးနွေးပွဲတွေကနေ လက်ရှိနိုင်ငံရေးအကျပ်အတည်းကို ကျော်လွှားကာ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုပေါ်ထွန်းလာရေးအတွက်ကို စိတ်စေတနာအမှန်ဖြင့် မဆုတ်မနစ်ကြိုးပမ်းကြပါစို့လို့ တိုက်တွန်းပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

Newspaper - 3319 items

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၀ရက်၊ အောက်တိုဘာ ၁၆ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ October 16, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၉ ရက်၊ အောက်တိုဘာ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ October 15, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၈ ရက်၊ အောက်တိုဘာ ၁၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ October 14, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၇ ရက်၊ အောက်တိုဘာ ၁၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ October 12, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၆ ရက်၊ အောက်တိုဘာ ၁၂ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ October 12, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၅ ရက်၊ အောက်တိုဘာ ၁၁ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ October 11, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၄ရက် ၊ အောက်တိုဘာ ၁၀ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ October 10, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၃ ရက် ၊ အောက်တိုဘာ ၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ October 09, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၂ ရက် ၊ အောက်တိုဘာ ၈ ရက်၊ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ October 08, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁ ရက် ၊ အောက်တိုဘာ ၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ October 07, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download