တန်ဆောင်တိုင်မီးပုံးပျံလွှတ်တင်ပြိုင်ပွဲတွင် စက္ခုပသာဒအကောင်းဆုံးဆုရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည့်ဝန်ထမ်းများအား ဂုဏ်ပြုအခမ်းအနားကျင်းပခြင်း
တန်ဆောင်တိုင်မီးပုံးပျံလွှတ်တင်ပြိုင်ပွဲတွင် စက္ခုပသာဒအကောင်းဆုံးဆုရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည့်ဝန်ထမ်းများအား ဂုဏ်ပြုအခမ်းအနားကျင်းပခြင်း
Office of the Auditor General of the Union/ NPT / November 21, 2024
နေပြည်တော်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ပုရဝဏ်အတွင်း ကျင်းပသည့် ဒုတိယအကြိမ်မြောက် မီးပုံးပျံလွှတ်တင်ပွဲတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ စိန်နားပန်မီးပုံးပျံ “မေဘရဏီ” အမည်ဖြင့် လွှတ်တင်ပူဇော်ပြိုင်ပွဲဝင်ရာ၌ စက္ခုပသာဒအကောင်းဆုံးဆုရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည့် ဝန်ထမ်းများအား ဂုဏ်ပြုသည့်အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်နေ့ နေ့လည် ၂:၀၀ နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နဝရတ်ခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာ ခင်နိုင်ဦးက ယနေ့အခမ်းအနားသည် ကျရာကဏ္ဍတွင် တာဝန်ယူဆောင်ရွက်ခဲ့ကြသည့် ဝန်ထမ်းအသီးသီး၏ စည်းလုံးညီညွတ်မှုပြယုဂ်ကို ဖော်ပြသည့်အခမ်းအနားတစ်ခုဖြစ်သည့်အပြင် မီးပုံးပျံပြိုင်ပွဲတွင် တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ခဲ့သည့် ဝန်ထမ်းများ၏ စည်းလုံးညီညွတ်မှုအောင်ပွဲလည်းဖြစ်ပါကြောင်း၊ ယနေ့ အခမ်းအနား၏ အနှစ်သာရမှာ ရာထူးအဆင့်ဆင့်တွင် တာဝန်ထမ်းဆောင်သည့် ဝန်ထမ်းများ၏ စိတ်တူကိုယ်တူနှင့် စိတ်ပါလက်ပါဆောင်ရွက်မှုသည် အဓိကအချက်ဖြစ်ပါကြောင်း၊ မိမိအနေဖြင့် ဆုရရှိမှုထက် စည်လုံးညီညွတ်မှုအား၊ တစ်ဦးနှင့်တစ်ဦးချစ်ခင်မှု၊ အတိုင်းအတာတစ်ခုအတွင်းမှ အကောင်းဆုံးကြိုးစားသည့် စိတ်ဓာတ်ကို ကျေးဇူးတင်ခြင်း၊ ဂုဏ်ယူရခြင်းလည်းဖြစ်မိပါကြောင်း၊ လုပ်ငန်းတစ်ခုဆောင်ရွက်ရာတွင် လစ်ဟာမှုမရှိဆောင်ရွက်ပေးသည့် အဖွဲ့၏စေတနာ၊ စိတ်ဓာတ်ကို ဆက်လက်ပြီးထိန်းသိမ်းသွားရမည် ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် နောင်ပြိုင်ပွဲများတွင်လည်း တက်တက်ကြွကြွနှင့် စည်းလုံးညီညွတ်စွာ၊ စည်းကမ်းရှိစွာနှင့် အောင်မြင်အောင် ဆောင်ရွက်နိုင်သည့်သူများဖြစ်ပါစေကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုစာရင်းစစ်ချုပ်က ဂုဏ်ပြုဆုချီးမြှင့်ရာ ဝန်ထမ်းများကိုယ်စား စီမံရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်ငြိမ်းငြိမ်းဝင်းမှ လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အဆိုပါ ဂုဏ်ပြုအခမ်းအနားသို့ ဒုတိယစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူး ချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မီးပုံးပျံပြိုင်ပွဲတွင် ပါဝင်ဆောင်ရွက်ခဲ့သည့် တာဝန်ရှိသူများ၊ ဘုရားပင့်၊ ဝတ်ရွတ်၊ နတ်သမီးများ၊ အကအဖွဲ့၊ မီးစာကိုင်၊ မီးဆော်၊ မီးပုံးပျံသယ်၊ သံချပ်အဖွဲ့ (အကအပါ)၊ အလှမီး ၁၀၀ အဖွဲ့၊ စိန်နားပန်အဖွဲ့၊ မှတ်တမ်းဓာတ်ပုံ ဝန်ထမ်းများ အပါအဝင် စုစုပေါင်းဝန်ထမ်း (၁၁၃) ဦး တက်ရောက်ခဲ့ကြသည်။
Newspaper - 2989 items
၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၆ ရက်၊ နိုဝင်ဘာ ၂၁ ရက်၊ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ November 21, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၅ ရက်၊ နိုဝင်ဘာ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ November 20, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၄ ရက်၊ နိုဝင်ဘာ ၁၉ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ November 19, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၃ ရက်၊ နိုဝင်ဘာ ၁၈ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ November 18, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၂ ရက်၊ နိုဝင်ဘာ ၁၇ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ November 17, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်၊ နိုဝင်ဘာ ၁၆ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ November 16, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့၊ နိုဝင်ဘာ ၁၅ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ November 15, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၄ ရက်၊ နိုဝင်ဘာ ၁၄ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ November 14, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၃ ရက်၊ နိုဝင်ဘာ ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ November 13, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၂ ရက်၊ နိုဝင်ဘာ ၁၂ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ November 12, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download