တပ်ကုန်းမြို့၊ ကြက်သွန်ခင်းကျေးရွာအုပ်စု၊ ချောင်းခြားကျေးရွာ၌ အစာအဆိပ်သင့်မှု ဖြစ်ပွား
တပ်ကုန်းမြို့၊ ကြက်သွန်ခင်းကျေးရွာအုပ်စု၊ ချောင်းခြားကျေးရွာ၌ အစာအဆိပ်သင့်မှု ဖြစ်ပွား
Ministry of Information/ Naypyitaw / September 18, 2024
နေပြည်တော် စက်တင်ဘာ ၁၈
တပ်ကုန်းမြို့၊ ကြက်သွန်ခင်းကျေးရွာအုပ်စု၊ ချောင်းခြားကျေးရွာတွင် ယမန်နေ့ညနေပိုင်းက ကျေးရွာသူ၊ ကျေးရွာသားနှင့် ကလေးငယ်အချို့ အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ တပ်ကုန်းမြို့နယ်၊ ကြိုးကြာအင်းကျေးရွာမှ ချက်ပြုတ်ပေးပို့လှူဒါန်းသည့် ကြက်သားဒံပေါက် စားသုံးခဲ့ကြခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ပြင်ပလူနာ ၅၀ ဦး၊ ဆေးရုံတင် အတွင်းလူနာ ၆၅ ဦးရှိပြီး ဆေးရုံတင်လူနာများ အခြေအနေမစိုးရိမ်ရကြောင်း သိရသည်။
နေပြည်တော် ကျန်းမာရေးဦးစီးဌာနနှင့် တပ်ကုန်းမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ အရေးပေါ်တုံ့ပြန်ရေးအဖွဲ့များ ရောက်ရှိနေပြီး ပညာပေးခြင်း၊ ကုသခြင်း၊ဆေးရုံသို့ လွှဲပြောင်းပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ ယခုကဲ့သို့ ဖြစ်စဉ်များ မဖြစ်ပေါ်စေရေးအတွက် အစားအစာများ လှူဒါန်းပါက သန့်ရှင်းပူနွေးမူရှိရန်လိုအပ်ကြောင်းလည်း အကြံပြုထားသည်။
ဇော်ဖြိုး(ပြန်/ဆက်)
Newspaper - 3465 items
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက် ၊ မတ် ၈ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက် ၊ မတ် ၇ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက် ၊ မတ် ၆ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 06, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် ၊ မတ် ၅ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 05, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက် ၊ မတ် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက် ၊ မတ် ၃ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်နေ့ ၊ မတ် ၂ ရက်၊ တနင်္လာနေ့။
