တပ်မတော်စစ်ကြောင်းများက PDF အမည်ခံ ပူးပေါင်းအကြမ်းဖက်သောင်းကျန်းသူများ ခေတ္တစိုးမိုးထားသည့် စဉ့်ကူးမြို့နှင့် လက်ပန်လှကျေးရွာ ဒေသတို့အား ပြန်လည်သိမ်းပိုက်ထိန်းချုပ်ရရှိ
တပ်မတော်စစ်ကြောင်းများက PDF အမည်ခံ ပူးပေါင်းအကြမ်းဖက်သောင်းကျန်းသူများ ခေတ္တစိုးမိုးထားသည့် စဉ့်ကူးမြို့နှင့် လက်ပန်လှကျေးရွာ ဒေသတို့အား ပြန်လည်သိမ်းပိုက်ထိန်းချုပ်ရရှိ
Ministry of Information/ Naypyitaw / December 19, 2025
နေပြည်တော် ဒီဇင်ဘာ ၁၉
PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များ ယာယီစိုးမိုးထားသည့် စဉ့်ကူးမြို့နှင့် လက်ပန်လှကျေးရွာ ဒေသတစ်ဝိုက်အား တပ်မတော်စစ်ကြောင်းများက ယနေ့တွင် ပြန်လည်သိမ်းပိုက်ရရှိခဲ့ကြောင်း သိရှိရသည်။
PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များအနေဖြင့် မိုးကုတ်၊ မိုးမိတ်၊ သပိတ်ကျင်း၊ မတ္တရာ၊ စဉ့်ကူး ဒေသတစ်ဝိုက်အား ၂၀၂၄ ခုနှစ်မှစ၍ ဝင်ရောက်တိုက်ခိုက်ကာ မြို့/ရွာများအတွင်း တိုက်ပွဲများဖော်ဆောင်ခြင်း၊ လုံခြုံရေးအင်အားနည်းသော တပ်စခန်းငယ်များအား အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်ခြင်း၊ ပြည်သူပိုင်ပစ္စည်းများအား အတင်းအဓမ္မယူဆောင်ခြင်း၊ နိုင်ငံ့အကျိုးပြု စက်ရုံ၊ အလုပ်ရုံများအား ဝင်ရောက်မီးရှို့ဖျက်ဆီးခြင်း၊ နိုင်ငံပိုင် မြေပေါ်၊ မြေအောက် သယံဇာတများ အဓမ္မနည်းဖြင့် ထုတ်ယူကိုယ်ကျိုးသုံးစွဲခြင်း စသည့် အကြမ်းဖက်လုပ်ငန်းများကို နည်းလမ်းပေါင်းစုံဖြင့် လုပ်ဆောင်ခဲ့သဖြင့် အဆိုပါဒေသရှိ ဒေသခံတိုင်းရင်းသားအနေဖြင့် ၎င်းတို့ပိုင်ဆိုင်သည့် နေအိမ်အဆောက်အအုံများနှင့် ဥစ္စာပစ္စည်းများကို စွန့်လွတ်၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။
ထို့ကြောင့် တပ်မတော်စစ်ကြောင်းများက အဆိုပါဒေသများ တည်ငြိမ်အေးချမ်းရေး၊ ယာယီနေရပ်စွန့်ခွာပြည်သူများ ၎င်းတို့၏နေရပ်သို့ ပြန်လည်အခြေချနေထိုင်နိုင်ရေး၊ စက်ရုံ၊ အလုပ်ရုံများ ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် နိုင်ငံစီးပွားတိုးတက်ရေး အထောက်အကူပြုသည့် မြေပေါ်/မြေအောက်သယံဇာတများ ပြန်လည်ဆောင်ရွက်နိုင်ရေးတို့အတွက် လိုအပ်သည့် ပြင်ဆင်စုဖွဲ့မှုများဆောင်ရွက်ပြီး အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter-Terrorism Operation)ကို ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များ ယာယီစိုးမိုးထားသည့် မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နှင့် ၎င်းဒေသတစ်ဝိုက်အား ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်တွင်လည်းကောင်း၊ မတ္တရာမြို့နယ်ရှိ ဖယောင်းတောင် သတ္တုတွင်းဒေသအား ဩဂုတ်လ ၂၄ ရက်တွင်လည်းကောင်း၊ အယ်လ်ဖာ ဘိလပ်မြေစက်ရုံတစ်ဝိုက်အား ဩဂုတ်လ ၂၈ ရက်တွင်လည်းကောင်း၊ ဆည်တော်ကြီးကျေးရွာနှင့် ရေလှောင်တမံအား နိုဝင်ဘာလ ၇ ရက်တွင်လည်းကောင်း အဝေးရောက်ဒေသခံပြည်သူများ၏ စစ်ရေးသတင်းပေးကူညီမှုများဖြင့် တစ်နေရာပြီး တစ်နေရာအား ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သည်။
ထိုသို့ အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့်ဒေသများအား တစ်ခုပြီးတစ်ခု ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီး ဒေသခံပြည်သူများ၏ အားပေးထောက်ခံမှုရရှိထားသည့် တပ်မတော်စစ်ကြောင်းများအနေဖြင့် မတ္တရာ၊ ပြင်ဦးလွင် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများ ဌာနချုပ်အဖြစ် ဖွင့်လှစ်၍ ယာယီစိုးမိုးထားသည့် စဉ့်ကူးမြို့နှင့် လက်ပန်လှကျေးရွာဒေသတို့အား ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ရေးအတွက် လိုအပ်သည့် အုပ်ချုပ်ထောက်ပံ့မှုများအား ဖြည့်တင်းဆောင်ရွက်ပြီး လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူများ ပူးပေါင်း၍ မြေပြင်/ဝေဟင် ဟန်ချက်ညီပေါင်းစပ်ကာ မြေပြင်သတင်းဖော်ထုတ်ပြီး တိုက်ပွဲဝင်အရာရှိ၊ စစ်သည်များ၏ တိုက်စွမ်းရည်၊ တိုက်စွမ်းအားတိုးတက်မြင့်မားလာမှု၊ စိတ်ဓာတ်ခွန်အားတက်ကြွမှု၊ တိုက်လိုခိုက်လိုစိတ်ပြင်းပြမှု၊ တုံးတိုက်တိုက်ကျားကိုက်ကိုက် စိတ်ဓာတ်တို့နှင့်အတူ စဉ့်ကူးမြို့နှင့် လက်ပန်လှကျေးရွာဒေသတို့အား ပြန်လည်သိမ်းပိုက်ရရှိရေးအတွက် ပိတ်ဆို့ရေးအနေဖြင့် သပိတ်ကျင်း-ဝါးဖြူတောင်မှတစ်ဆင့် ဇရပ်ကွင်းသို့ စစ်ကြောင်း ၂ ကြောင်းဖြင့် ပိတ်ဆို့ရှင်းလင်းခဲ့ရာ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ဇရပ်ကွင်းကို ထိန်းချုပ်နိုင်ခဲ့ပြီး လိပ်ကျ၊ ချောင်းကြီးနှင့် နွယ်ရုံတစ်ဝိုက်ကိုလည်း ဆက်လက်ပိတ်ဆို့ထိန်းချုပ်ခဲ့သည်။ ဆက်လက်၍ ရတနာသိင်္ဂီ-နားခါ-ပျဉ်းချောင်း-လမင်းသာ လမ်းကြောင်း၊ ပန်းတင်-မြကန်သာလမ်းကြောင်း၊ မတ္တရာ-စဉ့်ကူးလမ်းမကြီး ဘယ်/ညာမှ-တရော်ပင်-ညောင်ဝန်း-သာယာကုန်းလမ်းကြောင်း၊ ဧရာဝတီမြစ်အရှေ့ဘက်ကမ်း-ကျောက်ငနွား-ရေတော်-ရွှေလှေလမ်းကြောင်းတို့ဖြင့် စစ်ကြောင်းများခွဲ၍ အဆင့်ဆင့်တိုက်ခိုက်ချေမှုန်းခဲ့ရာ အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် လက်ပန်လှကျေးရွာတစ်ဝိုက်အား ဒီဇင်ဘာလ ၁၈ ရက်နေ့တွင်လည်းကောင်း၊ စဉ့်ကူးမြို့တစ်မြို့လုံးအား ယနေ့တွင်လည်းကောင်း၊ ပြန်လည်သိမ်းပိုက်ရရှိခဲ့ပြီး အကြမ်းဖက်သောင်းကျန်းသူများ ဖရိုဖရဲ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။
တပ်မတော်စစ်ကြောင်းများအနေဖြင့် စဉ့်ကူးမြို့နှင့် အဆိုပါဒေသတစ်ဝိုက်အား ပြန်လည်သိမ်းပိုက်ရရှိရေး အသက်ကိုပဓာနမထားဘဲ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ချေမှုန်းခဲ့ရာ အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များနှင့် တိုက်ပွဲကြီး/ငယ် ၅၀ ကြိမ်ဖြစ်ပွားခဲ့ပြီး ရန်သူ့ထံမှ အလောင်း ၂၂ လောင်း၊ လက်နက်မျိုးစုံ ၄၇ လက်၊ အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်ရွက်တွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ပြီး အရာရှိ၊ စစ်သည်အချို့ နိုင်ငံတော်အတွက် မြင့်မြတ်စွာအသက်ပေးလှူခဲ့ရသည်။
နိုင်ငံတော်ပျက်စီးရာပျက်စီးကြောင်းကို နည်းလမ်းမျိုးစုံဖြင့် အစဉ်တစိုက် ကြိုးပမ်းလုပ်ဆောင်နေသော CRPH ၊ NUG အမည်ခံအကြမ်းဖက်အဖွဲ့အစည်းများ၏ လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများသည် အဆိုပါဒေသအား ယာယီစိုးမိုးထားစဉ် မြို့/ရွာများအတွင်း ဘာသာရေးဆိုင်ရာအဆောက်အအုံများ၊ စာသင်ကျောင်းများ၊ ဌာနဆိုင်ရာအဆောက်အအုံများ၊ ဆေးရုံများနှင့် လူနေအိမ်များအတွင်း ဝင်ရောက်နေရာယူ၍ ဘန်ကာများပြုလုပ်ခြင်း၊ ပြည်သူများ၏ အိုးအိမ်များကို ခံစစ်တံတိုင်းအဖြစ် အကာကွယ်ရယူ၍ ပစ်ခတ်တိုက်ခိုက်ခြင်း၊ ပြည်သူများ အဓိကသွားလာအသုံးပြုလျက်ရှိသည့် အဆိုပါဒေသရှိ ဧရာဝတီတံတား(ရတနာသိင်္ဃ)၊ ကျောက်စရစ်ကုန်းတံတား၊ ဇရပ်ကွင်းတံတားနှင့်အပါအဝင် လမ်း၊ တံတားကြီးများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းများ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနေသည့် စက်ရုံ၊ အလုပ်ရုံများနှင့် ဌာနဆိုင်ရာ အဆောက်အအုံများအား မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်ခဲ့သည်။
ထို့အပြင် ဆည်တော်ကြီး ရေလှောင်တမံ၏ ဆည်ရေပိုလွှဲရေတံခါး အဖွင့်/အပိတ် မောင်းခလုပ်၊ ဆည်တမံဘောင်နှင့် ရေထိန်းတံခါးတို့အား မိုင်းထောင်၍ ဖောက်ခွဲဖျက်ဆီးရန် ယုတ်မာရိုင်းစိုင်းစွာဖြင့် လုပ်ဆောင်ခဲ့သည်ကိုတွေ့ရပြီး တပ်မတော်အနေဖြင့် လက်မတင် အချိန်မီတားဆီးထိန်းချုပ်နိုင်ခဲ့သည်။
ယခု ဆုတ်ခွာထွက်ပြေးစဉ်တွင်လည်း ၎င်းတို့လုပ်ဆောင်နေကျနည်းလမ်းများဖြစ်သည့် ပြည်သူများပိုင်ဆိုင်သည့် အဖိုးတန်နှင့် အမြတ်တနိုးသိမ်းဆည်းထားသော ပစ္စည်းများအား အတင်းအဓမ္မယူဆောင်ခြင်း၊ အဆိုပါဒေသအတွင်းရှိ နိုင်ငံတော်၏ သယံဇာတဖြစ်သော တရားဝင်ခွင့်ပြုထားသည့် ရွှေလုပ်ကွက်များအတွင်း အတင်းအဓမ္မဝင်ရောက်လုပ်ကိုင်တူးဖော်ခြင်း၊ ပြည်သူများပိုင်ဆိုင်သည့် အဖိုးတန်ပစ္စည်းများကို လက်နက်အားကိုးဖြင့် အနိုင်ကျင့်ယူဆောင်ခြင်းများ ပြုလုပ်ကာ ရွှေ/သတ္တု ရောရာ မြေစာများနှင့် အဖိုးတန်ပစ္စည်းများအား ယာယီနေရပ်စွန့်ခွာ ပြည်သူများထားရှိခဲ့သည့် မော်တော်ယာဉ်များဖြင့် တင်ဆောင်ကာ ဧရာဝတီမြစ်အားဖြတ်ကူး၍ ဆုတ်ခွာထွက်ပြေးရန် လုပ်ဆောင်လျက်ရှိကြောင်း မြေပြင်သတင်းဖော်ထုတ်ချက်အရ တပ်မတော်စစ်ကြောင်းများက မြေပြင်၊ ဝေဟင်စစ်နည်းဗျူဟာမြောက် ပေါင်းစပ်ချေမှုန်းခဲ့ရာ အကြမ်းဖက်သောင်းကျန်းသူများသည် အထိနာစွာဖြင့် ဧရာဝတီမြစ်အနောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးစဉ် အစီအစဉ်ပျက်ပြားကာ ဦးတည်ရာမဲ့ထွက်ပြေးလျက်ရှိပြီး အဆိုပါအကြမ်းဖက်သောင်းကျန်းသူများကိုလည်း တပ်မတော်စစ်ကြောင်းများက မြေပြင်/ဝေဟင်ပေါင်းစပ်၍ ထပ်ချပ်လိုက်လံချေမှုန်းလျက်ရှိကြောင်းနှင့် စဉ့်ကူးမြို့နှင့် လက်ပန်လှကျေးရွာအတွင်း ယာယီနေရပ်စွန့်ခွာပြည်သူများ အန္တရာယ်ကင်းရှင်းစွာ ပြန်လည်ဝင်ရောက်နေထိုင်နိုင်ရေးနှင့် အစိုးရအုပ်ချုပ်မှုယန္တရား အမြန်ဆုံးပြန်လည်လည်ပတ်နိုင်ရေးအတွက် လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
Newspaper - 3385 items
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၂ ရက် ၊ ဒီဇင်ဘာ ၂၀ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ December 20, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁ ရက် ၊ ဒီဇင်ဘာ ၁၉ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ December 19, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လကွယ်နေ့ ၊ ဒီဇင်ဘာ ၁၈ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ December 18, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၃ ရက်၊ ဒီဇင်ဘာ ၁၇ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ December 17, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၂ ရက်၊ ဒီဇင်ဘာ ၁၆ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ December 16, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၁ ရက်၊ ဒီဇင်ဘာ ၁၅ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ December 15, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၀ ရက်၊ ဒီဇင်ဘာ ၁၄ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ December 14, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၉ ရက်၊ ဒီဇင်ဘာ ၁၃ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ December 13, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၈ ရက်၊ ဒီဇင်ဘာ ၁၂ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ December 12, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၁၁ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ December 11, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
