တပ်မတော်သားရေစက်ရုံ(မိတ္ထီလာ)အနေဖြင့် ယခုထုတ်ကုန်ပစ္စည်းများ၊ အရည်အသွေးများဖြင့် ကျေနပ်နေ၍မရဘဲ အရည်အသွေးပိုမိုမြင့်မားသည့် သားရေကုန်ကြမ်းထုတ်ကုန်များကို ထုတ်လုပ်ပေးနိုင်ရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားရမည်
တပ်မတော်သားရေစက်ရုံ(မိတ္ထီလာ)အနေဖြင့် ယခုထုတ်ကုန်ပစ္စည်းများ၊ အရည်အသွေးများဖြင့် ကျေနပ်နေ၍မရဘဲ အရည်အသွေးပိုမိုမြင့်မားသည့် သားရေကုန်ကြမ်းထုတ်ကုန်များကို ထုတ်လုပ်ပေးနိုင်ရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားရမည်
Ministry of Information/ Naypyitaw / July 11, 2025

နေပြည်တော် ဇူလိုင် ၁၀
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ခရီးစဉ်တွင်လိုက်ပါလာသည့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် မိတ္ထီလာတပ်နယ်ရှိ တပ်မတော်သားရေစက်ရုံ (မိတ္ထီလာ)သို့ သွားရောက်၍ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ စက်ရုံအစည်းအဝေးခန်းမတွင် စက်ရုံမှူးက ၂၀၁၉ ခုနှစ်အတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် လာရောက်စစ်ဆေးစဉ် လမ်းညွှန်မှာကြားချက်များအား အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှုနှင့် စက်ရုံသမိုင်းအကျဉ်း၊ စက်ရုံ၌ တပ်ဆင်အသုံးပြုလျက်ရှိသည့် စက်များ၏ စွမ်းဆောင်နိုင်ရည်၊ ကရုန်းသားရေ၊ ဆိုးလ်သားရေနှင့် ဆိတ်သားရေတို့အား တစ်နှစ်လျှင်သားရေကုန်ကြမ်း ထုတ်လုပ်ပေးနိုင်မှုနှင့် ထုတ်လုပ်မှုနည်းစဉ် အဆင့်ဆင့်၊ စက်ရုံဝန်ထမ်းများအတွက် သက်သာချောင်ချိရေးဆောင်ရွက်ပေးနိုင်မှုတို့နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
သားရေကုန်ကြမ်းထုတ်ကုန် ထုတ်လုပ်ပေးနိုင်ရေး ဆက်လက်ကြိုးပမ်း
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်အနေဖြင့် တပ်မတော်သားများ၏ ဝတ်ရေးအတွက် အဆင်ပြေမှုရှိစေရေး တပ်မတော်စက်ရုံများမှ ထုတ်လုပ်သည့် အဝတ်အထည်၊ အသုံးအဆောင်များဖြင့် စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံတကာတွင်လည်း အစိုးရများအနေဖြင့် တပ်မတော်သားများ၏ ဝတ်ရေးနှင့်ပတ်သက်၍ စီမံဆောင်ရွက်ပေးမှုများရှိကြောင်း၊ မိမိတို့တပ်မတော်အနေဖြင့် တပ်မတော်သားအားလုံး၏ ဝတ်စားဆင်ယင်မှုနှင့်ပတ်သက်၍ အရည်အသွေးမြင့်ကုန်ပစ္စည်းများကို အသုံးပြုပြီး ထုတ်လုပ်ပေးလျက်ရှိကြောင်း၊ ကုန်ကြမ်းပစ္စည်းများ ကောင်းရုံဖြင့်မရဘဲ လက်ရာများလည်း ကောင်းရန်လို အပ်မည်ဖြစ်ကြောင်း၊ တပ်မတော်သားရေစက်ရုံ(မိတ္ထီလာ)အနေဖြင့် ယခုထုတ်ကုန်ပစ္စည်းများ၊ အရည်အသွေးများဖြင့် ကျေနပ် နေ၍မရဘဲ အရည်အသွေးပိုမိုမြင့်မားသည့် သားရေကုန်ကြမ်းထုတ်ကုန်များကို ထုတ်လုပ်ပေးနိုင်ရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ တပ်မတော်နှင့် ပုဂ္ဂလိကသားရေအချောထည်ပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်းများအတွက် သားရေကုန်ကြမ်းလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတကာမှသားရေထုတ်လုပ် မှုနည်းစဉ်များကိုလည်း စဉ်ဆက်မပြတ်လေ့လာဆောင်ရွက်သွားရန်လိုကြောင်း၊ ဖိနပ်လုပ်ငန်းအတွက်လိုအပ်သည့် သားရေများအပြင် အခြားလုပ်ငန်းသုံးသားရေပစ္စည်းများ ထုတ်လုပ်နိုင်ရေးအတွက်လည်း အရည်အသွေးမြင့် သားရေများထုတ်လုပ်ပေးနိုင်ရမည်ဖြစ်ကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
ထုတ်လုပ်မှုအဆင့်ဆင့် ကြည့်ရှုစစ်ဆေး
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် တပ်မတော်သားရေစက်ရုံ(မိတ္ထီလာ)အတွင်း လှည့်လည်၍ သားရေ ရေစို ဌာန၊ သားရေအချောကိုင်ဌာန၊ သားရေဆိုးလ်ဌာနတို့အတွင်း သားရေကုန်ကြမ်းထုတ်လုပ်နေမှုအဆင့်ဆင့်ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ခင်းကျင်းပြသထားသည့် တပ်မတော်သားရေစက်ရုံ(မိတ္ထီလာ)မှ ထုတ်လုပ်ထားရှိသော သားရေကုန်ကြမ်းများအားကြည့်ရှုကာ လိုအပ်သည်များလမ်းညွှန်မှာကြားပြီး စက်ရုံဝန်ထမ်းများအတွက် ချီးမြှင့်ငွေများပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
Newspaper - 3220 items

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၂ ရက်၊ ဇူလိုင် ၁၁ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ July 11, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁ ရက်၊ ဇူလိုင် ၁၀ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ July 09, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်နေ့ ၊ ဇူလိုင် ၉ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၄ ရက် ၊ ဇူလိုင် ၈ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၃ ရက် ၊ ဇူလိုင် ၇ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၂ ရက် ၊ ဇူလိုင် ၆ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၁ ရက် ၊ ဇူလိုင် ၅ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၀ ရက် ၊ ဇူလိုင် ၄ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ July 03, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၉ ရက် ၊ ဇူလိုင် ၃ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ July 03, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download