တရားမဝင်သစ်မျိုးစုံ၊ စက်သုံးဆီများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များ၊ လိုင်စင်မဲ့မော်တော်ယာဉ်များနှင့် တရားမဝင်ကုန်ပစ္စည်းတင်မော်တော်ယာဉ်များ ဖမ်းဆီးရမိ
တရားမဝင်သစ်မျိုးစုံ၊ စက်သုံးဆီများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များ၊ လိုင်စင်မဲ့မော်တော်ယာဉ်များနှင့် တရားမဝင်ကုန်ပစ္စည်းတင်မော်တော်ယာဉ်များ ဖမ်းဆီးရမိ
Ministry of Information/ Naypyitaw / March 20, 2026
နေပြည်တော် မတ် ၁၉
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ နေပြည်တော် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မတ် ၉ ရက်တွင် တပ်ကုန်းမြို့နယ်အတွင်း၌ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်နှစ်စီးနှင့် လိုင်စင်မဲ့မော်တော်ယာဉ်တစ်စီး စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၀၀၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် ကချင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မတ် ၁၁ ရက်နှင့် ၁၄ ရက်တို့တွင် မိုးကောင်းမြို့နယ်၊ မိုးညှင်းမြို့နယ်နှင့် မြစ်ကြီးနားမြို့နယ်တို့အတွင်း၌ လိုင်စင်မဲ့မော်တော် ဆိုင်ကယ် ၁၀ စီးနှင့် လိုင်စင်မဲ့မော်တော်ယာဉ်တစ်စီး စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၂၉၀၅၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ကယားပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မတ် ၁၆ ရက်တွင် လွိုင်ကော်မြို့နယ်အတွင်း၌ လိုင်စင်မဲ့မော်တော်ယာဉ်တစ်စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄၀၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
အလားတူ ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မတ် ၁၇ ရက်တွင် ဘားအံမြို့နယ် လွန်းညကျေးရွာ၌ မော်တော်ယာဉ်နှစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်းငါးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၄၈၆၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် လိုင်စင်မဲ့မော်တော်ယာဉ်နှစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၃၀၀၀၀၀၀)ကိုလည်းကောင်း၊ ဘားအံမြို့နယ် သံလွင်တံတား ပူးပေါင်းစစ်ဆေးရေးဂိတ်၌ မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထားတင်ပြနိုင်ခြင်း မရှိသည့် လျှပ်စစ် ပစ္စည်း ၃၂ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၉၁၃၁၅၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Scania Tractor Head တစ်စီး၊ နောက်တွဲတစ်တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၂၀၀၀၀၀၀၀)ကို လည်းကောင်း၊ ဘားအံမြို့နယ် သံလွင်တံတား ပူးပေါင်းစစ်ဆေးရေးဂိတ်၌ပင် လိုင်စင်မဲ့မော်တော်ယာဉ်နှစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၀၀၀၀၀၀၀)ကိုလည်းကောင်း၊ ဘားအံမြို့နယ် ဇာသပြင်ကျေးရွာ၌ မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းရှစ်မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၈၆၂၅၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Canter Truck တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၆၀၀၀၀၀၀၀)ကိုလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၇၁၃၂၄၂၅၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မတ် ၁၆ ရက်တွင် ဟုမ္မလင်းမြို့နယ် အတွင်း၌ လိုင်စင်မဲ့မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၈၀၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မတ် ၁၃ ရက်နှင့် ၁၅ ရက်တို့တွင် ပြည်မြို့နယ်၊ ကြို့ပင်ကောက်မြို့နယ်နှင့် အုတ်ဖိုမြို့နယ်အတွင်း၌ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်သုံးစီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၅၀၀၀၀)ကို ပို့ကုန်သွင်းကုန် ဥပဒေဥပဒေအရလည်းကောင်း၊ ပဲခူးမြို့နယ်အတွင်း၌ တရားမဝင် အခြားသစ် ၁ ဒသမ ၀၃၆ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၆၁၆၈)ကို သစ်တောဥပဒေအရလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၈၄၆၁၆၈ ကို အရေးယူဆောင်ရွက်လျက်ရှိသည်။
အလားတူ မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မတ် ၁၅ ရက်တွင် စလင်းမြို့နယ်၊ စေတုတ္တရာမြို့နယ်၊ မင်းဘူးမြို့နယ်နှင့် ငဖဲမြို့နယ်တို့အတွင်း၌ တရားမဝင် အခြားသစ် ၂ ဒသမ ၄၉၇ တန်၊ ပေါင် ၃၀ ဝင် မီးသွေးအိတ် ၁၂၈ အိတ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉၂၉၁၆၈)ကို သစ်တောဥပဒေအရ လည်းကောင်း၊ ပွင့်ဖြူမြို့နယ်နှင့် မင်းဘူးမြို့နယ်အတွင်း၌ လိုင်စင်မဲ့မော်တော်ယာဉ်တစ်စီးနှင့် လိုင်စင်မဲ့မော်တော်ဆိုင်ကယ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၂၀၀၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ မင်းလှမြို့နယ်၌ တရားမဝင်လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် လက်ကိုင်ဖုန်းတစ်လုံးနှင့် ငွေစက္ကူရောရာ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၆၀၀၀)ကို လောင်းကစားဥပဒေအရလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၈၃၈၅၁၆၈ ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် မွန်ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မတ် ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် ဘီးလင်းမြို့နယ် သကြားစက်လမ်းဆုံ၌ မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် တရားမဝင်စက်သုံးဆီ ဒီဇယ်ဆီဂါလန် ၇၅၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၀၀၀၀၀၀)နှင့် အဆိုပါစက်သုံးဆီများ တင်ဆောင်လာသည့် Mitsubishi Canter Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၈၀၀၀၀၀၀)ကို ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေအရလည်းကောင်း၊ ကျိုက်မရောမြို့နယ်အတွင်း၌ လိုင်စင်မဲ့မော်တော်ယာဉ်တစ်စီးနှင့် လိုင်စင်မဲ့မော်တော်ဆိုင်ကယ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၀၀၀၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရ လည်းကောင်း၊ ဘီးလင်းမြို့နယ် တောင်စွန်းလမ်းခွဲ၌ မော်တော်ယာဉ်လေးစီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်း ၂၆ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၅၃၃၅၀၀၀)နှင့် အဆိုပါပစ္စည်းများတင်ဆောင်လာသည့် King Long Express Bus တစ်စီး၊ Zhong Tong Bus တစ်စီး၊ Yutong Bus တစ်စီး၊ Kyo Kyar Bus တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၄၀၀၀၀၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၆၁၄၃၃၅၀၀၀ ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မတ် ၁၂ ရက်တွင် သန်လျင်မြို့နယ် ကုလားဝဲတံတားအနီး၌ တရားမဝင်စက်သုံးဆီ ဒီဇယ်ဆီဂါလန် ၈၀၀၀ စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၀၀၈၅၉၃၆ ကို ဖမ်းဆီးရမိခဲ့ပြီး ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
အလားတူ ရှမ်းပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များကစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မတ် ၁၇ ရက်တွင် ဟိုပုံးမြို့နယ် ပါပန့်ကျေးရွာလမ်းခွဲ၌ မော်တော်ယာဉ် ၁၅ စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်း ၅၄ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၁၀၁၆၀၀၀)နှင့် အဆိုပါပစ္စည်းများတင်ဆောင်လာသည့် လိုင်စင်မဲ့မော်တော်ယာဉ် ၁၀ စီး၊ လိုင်စင်ရှိ မော်တော်ယာဉ်ငါးစီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၄၇၅၀၀၀၀၀) စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၆၁၈၅၁၆၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မတ် ၁၆ ရက်တွင် ဝေါမြို့နယ် ဘုရားဖြူ ရှောင်ကွင်းလမ်းဘေး၌ စုပုံထားသည့် အကောက်ခွန်မဲ့စားသောက်ကုန်ပစ္စည်းငါးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၄၂၂၀၀၀)ကို လည်းကောင်း၊ ညောင်ခါးရှည် အမြဲတမ်းစစ်ဆေးရေးစခန်း၌ မော်တော်ယာဉ်နှစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်းငါးမျိုး၊ လျှပ်စစ်ပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၃၅၅၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Proton Jumback Pickup တစ်စီး၊ Toyota Probox တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၆၂၀၀၀၀၀၀)ကိုလည်းကောင်း၊ မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာတစ်လုံးအတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းလေးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၆၃၀၄၄၀၀)ကိုလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၀၂၇၆၄၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အမှုတွဲဖွင့်လှစ်ထားရှိသည်။
၂၀၂၆ ခုနှစ် မတ် ၁၉ ရက်တွင် မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုအနေဖြင့် နေပြည်တော်ကောင်စီနယ်မြေမှ ဖမ်းဆီးရမိမှု အမှုတွဲသုံးမှု၊ တနင်္သာရီတိုင်းဒေသကြီးမှ ဖမ်းဆီးရမိမှုအမှုတွဲ လေးမှု၊ မကွေးတိုင်းဒေသကြီးမှ ဖမ်းဆီးရမိမှုအမှုတွဲတစ်မှု၊ မွန်ပြည်နယ်မှ ဖမ်းဆီးရမိမှုအမှုတွဲ ခုနစ်မှု၊ စုစုပေါင်းမူးယစ်ဆေးဝါးဖမ်းဆီးရမိမှု အမှုတွဲ ၁၅ မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၈၄၁၅၅၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
၂၀၂၆ ခုနှစ် မတ် ၉ ရက်၊ ၁၁ ရက်၊ ၁၂ ရက်၊ ၁၃ ရက်၊ ၁၄ ရက်၊ ၁၅ ရက်၊ ၁၆ ရက်၊ ၁၇ ရက်နှင့် ၁၉ ရက်တို့တွင် မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုအပါအဝင် စုစုပေါင်းမှာ အမှုတွဲ ၉၀ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄၁၆၁၅၂၆၇၂) ကို ဖမ်းဆီးရမိခဲ့သည်။ ထိုကဲ့သို့ တရားမဝင်တင်သွင်းလာမှုများကြောင့် တရားဝင်တင်သွင်းသည့် ကုန်သည်လုပ်ငန်းရှင်များအတွက် စျေးကွက်ယှဉ်ပြိုင်နိုင်မှု စွမ်းအားကျဆင်းခြင်းနှင့် ထိခိုက်နစ်နာမှုများဖြစ်ပေါ်နိုင်စေပြီး နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာဆုံးရှုံးနစ်နာခြင်းများ ဖြစ်ပေါ်စေနိုင်သည်။ သို့ဖြစ်၍ တရားမဝင်ကုန်စည်တင်သွင်းမှုများအား သက်ဆိုင်ရာတာဝန်ရှိသူများက ယခုထက် ပိုမိုတားဆီးစစ်ဆေး ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်
Newspaper - 3475 items
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၃ ရက် ၊ မတ် ၂၀ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 20, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၂ ရက် ၊ မတ် ၁၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 19, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁ ရက် ၊ မတ် ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ March 18, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလကွယ်နေ့ ၊ မတ် ၁၇ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၄ ရက် ၊ မတ် ၁၆ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၃ ရက် ၊ မတ် ၁၅ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၂ ရက် ၊ မတ် ၁၄ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် ၊ မတ် ၁၃ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 13, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 12, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
