တရားမျှတမှုနဲ့ အခွင့်အရေးများရရှိရေး အမျိုးသမီးများအားလုံးအတွက်ဆောင်ရွက်ပေး
တရားမျှတမှုနဲ့ အခွင့်အရေးများရရှိရေး အမျိုးသမီးများအားလုံးအတွက်ဆောင်ရွက်ပေး
Ministry of Information/ Naypyitaw / March 08, 2026
ယနေ့ (မတ်လ ၈ ရက်)သည် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ဖြစ်သည်။ ကမ္ဘာတစ်ဝန်းရှိ အမျိုးသမီးများ၏အခွင့်အရေးနှင့် အမျိုးသမီးများ၏ စွမ်းဆောင်နိုင်မှုတို့ကို လူအများက သတိပြုအာရုံစိုက်လာကြစေရေးနှင့် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အလေးထားအကောင်အထည်ဖော် ဆောင်ရွက်လာကြစေရန်ဟူသော ရည်ရွယ်ချက်ဖြင့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကို ကမ္ဘာတစ်ဝန်းတွင် နှစ်စဉ်ကျင်းပနေခြင်း ဖြစ်သည်။
၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့၏ ဆောင်ပုဒ်မှာ “တရားမျှတမှုနဲ့ အခွင့်အရေးများရရှိရေး အမျိုးသမီးများ အားလုံးအတွက်ဆောင်ရွက်ပေး”၊ အင်္ဂလိပ်ဘာသာအားဖြင့် “Rights. Justice. Action. For All Women and Girls” ဟူ၍ဖြစ်သည်။ အဆိုပါဆောင်ပုဒ်က အမျိုးသမီးများနှင့် မိန်းကလေးငယ်များ အားလုံးအတွက် ပေးအပ်ထားသည့် တရားဝင်အခွင့်အရေးများနှင့် လက်တွေ့ဘဝတို့အကြား ကွာဟချက်ကို ဖယ်ရှားရန်ရည်ရွယ်သည်။ သီးခြားအနေဖြင့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ဝက်ဘ်ဆိုက် လှုပ်ရှားမှု၏ဆောင်ပုဒ်မှာ “Give to Gain” ဖြစ်ပြီး ပူးပေါင်းဆောင်ရွက်မှုနှင့်လုပ်ပိုင်ခွင့်ကို အလေးပေးဖော်ပြထားသည်။
မိန်းကလေးငယ်များအပါအဝင်ဖြစ်သော အမျိုးသမီးများ၏ အခွင့်အရေးဆိုသည်မှာ မည်သည့်အချိန်အခါတွင်မဆို အလေးအနက်ထား၍ ထိန်းသိမ်းကြရမည့် အခြေခံလူ့အခွင့်အရေးများပင်ဖြစ်သည်။ ယခုကမ္ဘာပေါ်ရှိ အချို့နေရာများတွင် ဖြစ်ပေါ်လျက်ရှိသည့် ပဋိပက္ခများအတွင်း အမျိုးသမီးများ၏ အခွင့်အရေးများမှာ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။ ပဋိပက္ခဇုန်များအတွင်းရှိနေကြသည့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၏ အခွင့်အရေးများကို ကာကွယ်ထိန်းသိမ်းရန်နှင့် ထိုအခွင့်အရေးများကို ခံစားရရှိရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ရန်တို့မှာ လွန်စွာအရေးကြီးသည်။
ကမ္ဘာ့နေရာများစွာတို့တွင် ပဋိပက္ခများကြောင့် မိသားစုများနေရပ်စွန့်ခွာကြရာတွင် အမျိုးသမီးများသည် မလွှဲမရှောင်သာသည့်အခြေအနေများကြောင့် မိသားစုရှင်သန်ရပ်တည်ရေးတွင် ပိုမိုတာဝန်ယူဆောင်ရွက်လာကြရသည်။ ပဋိပက္ခဖြစ်ပွားရာ ဒေသများတွင် မိသားစု၏ ကျန်းမာရေး၊ ပညာရေး၊ စားရေရိက္ခာရရှိရေး၊ ကလေးသူငယ်များအား ပြုစုစောင့်ရှောက်ရေး၊ ငွေရှာဖွေရေး စသည်တို့အတွက် အမျိုးသမီးများက ဦးဆောင်လာကြရသလို နေ့စဉ်မိသားစုစားရေးအတွက် ရိက္ခာ၊ ရေနှင့်ထင်း စသည်တို့ကို ရှာဖွေစုဆောင်းမှု ပြုရာတွင်လည်းအမျိုးသမီးများက ဆောင်ရွက်ကြရသည့်အခါ အကြမ်းဖက်မှုနှင့်အခြားဘေးအန္တရာယ်များစွာ ကျရောက်နိုင်သည့် အခြေအနေများစွာတို့ရှိနေရာ အမျိုးသမီးငယ်/ရွယ်တို့ ရင်ဆိုင်ကြရသည့် အန္တရာယ်တို့က ပိုမိုကြီးမားသည်။
ကမ္ဘာ့လူဦးရေ စုစုပေါင်း၏ ထက်ဝက်ကျော်မှာ အမျိုးသမီးများဖြစ်သကဲ့သို့ မြန်မာနိုင်ငံတွင်လည်း နိုင်ငံ့လူဦးရေစုစုပေါင်း၏ ထက်ဝက်ကျော်မှာ အမျိုးသမီးများပင်ဖြစ်ရာ အများစုသော လူသားများဖြစ်ကြသည့် အမျိုးသမီးတို့အားပေးအပ်ထားသည့် တရားဝင်အခွင့်အရေးတို့မှာ လက်တွေ့ဘဝတွင် ၎င်းတို့ကြုံတွေ့နေကြရသည့်အခြေအနေများနှင့် ကွာဟမနေသင့်ဘဲ တစ်ထပ်တည်းကျ ခံစားရရှိနေသင့်သည်။ ကျား-မ အခြေပြုအကြမ်းဖက်မှုမှ ကာကွယ်စောင့်ရှောက်ပေးရေး၊ မျိုးဆက်ပွားကျန်းမာရေးစောင့်ရှောက်မှု၊ ကိုယ်ဝန်ဆောင်ကျန်းမာရေးစောင့်ရှောက်မှု၊ အကြမ်းဖက်မှုမှလွတ်မြောက်လာသည့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များ ပြန်လည်ထူထောင်မှုစသည်တို့အတွက် လိုအပ်သည့် ဝန်ဆောင်မှုများကို စဉ်ဆက်မပြတ် အကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်ရန်လည်း လိုအပ်သည်။
မြန်မာနိုင်ငံတွင် မြန်မာအမျိုးသမီးများသည် မိသားစုနှင့် ရပ်ရွာလူမှုအဖွဲ့အစည်းအတွင်း၌သာမက နိုင်ငံရေး၊ စီးပွားရေး၊ ငြိမ်းချမ်းရေး၊ လူမှုအသိုက်အဝန်းဖွံ့ဖြိုးတိုးတက်ရေး အစရှိသည့်ကိစ္စရပ်များတွင်ပါ အမျိုးသားများနှင့်တန်းတူ အကျိုးပြုနိုင်ကြသူများဖြစ်သည်။ နိုင်ငံ၏ လူများစုကြီးဖြစ်သော အမျိုးသမီးများ၏အင်အားကို ရယူ၍နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် ကဏ္ဍအသီးသီး၌ ပါဝင်ဆောင်ရွက်ခွင့်ပေးရမည်ဖြစ်သည်။ သို့ဖြစ်ရာ အမျိုးသမီးများအား နိုင်ငံ၏ အဖိုးတန်လူစွမ်းအားအရင်းအမြစ် ဖြစ်လာစေရန် ပြုစုပျိုးထောင်နိုင်ရေးအတွက် တရားဝင်အမျိုးသမီးအခွင့်အရေးများနှင့် လက်တွေ့ဘဝတို့ကြား ကွာခြားချက်မရှိစေရေး၊ ထိုအခွင့်အရေးများကို အကောင်အထည်ဖော်ဆောင်နိုင်ရန် လိုအပ်သည့်အရင်းအမြစ်များ ပံ့ပိုးကူညီပေးရေးတို့ကို ဝိုင်းဝန်းပါဝင်ဆောင်ရွက်ကြရပါမည့်အကြောင်း။ ။
Newspaper - 3467 items
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 12, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက် ၊ မတ် ၈ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက် ၊ မတ် ၇ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက် ၊ မတ် ၆ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 06, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် ၊ မတ် ၅ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 05, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက် ၊ မတ် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။
